Saturday, July 19, 2008

ကွာကွာမားမား Web ကမ္ဘာ (၄၆)



www.flightarrivals.com

အဆင်ပြေပြေ ခရီးသွားရအောင် လေယာဉ်ခရီးစဉ် အမှတ်မသိတဲ့ ခရီးစဉ် တစ်ခုအတွက် ထွက်ခွာချိန်၊ ဆိုက်ရောက်ချိန် အချက်အလက်တွေကို ရှာဖွေနေသလား Flight Arrivals ဝက်ဘ်ဆိုက်ဟာ ကမ္ဘာအနှံ့ လေကြောင်းလိုင်း၊ လေဆိပ်တို့မှ ရောက်ရှိချိန်၊ ထွက်ခွာချိန် စတဲ့ သတင်းအချက်အလက်တွေကို အလွယ် တကူ ရနိုင်တဲ့ နေရာတစ်ခုဖြစ်ပါတယ်။ (လေဆိပ်တိုင်း အတွက်တော့ မဟုတ်ပါဘူး) လေကြောင်းလိုင်းနဲ့ လေဆိပ်ကို ရွေးချယ်ပေးလိုက်ရင် သင်သိချင်တဲ့အချိန် အတောအတွင်းမှာရှိတဲ့ လေကြောင်း ပျံသန်းမှု အချက်အလက်တွေ ရရှိမှာ ဖြစ်ပါတယ်။ ဒီ ဝက်ဘ်ဆိုက်ဟာ လေးမိနစ်တစ်ကြိမ် အချက်အလက်တွေကို Update လုပ်ပေးနေပါတယ်။ အကြောင်းဆုံရင် လေ့လာနိုင်အောင်ပါ။

No comments: