
ကနေ့ ၂၉-၇-၂၀၀၈ ရက်နေ့။
အွန်လိုင်းသူငယ်ချင်း Megumi ရဲ့
Blog အိမ်လေး (၂)လပြည့်မွေးနေ့ ဖြစ်တယ်။
အွန်လိုင်းပေါ်က ရှားရှားပါးပါး သူငယ်ချင်းတွေထဲက
ခင်မင်ရတဲ့ သူငယ်ချင်းတစ်ယောက်ပါ။
သူငယ်ချင်းဖြစ်တာ မကြာသေးပေမယ့်
ကျွန်တော့်ကို လက်ဆောင်ပန်းချီကားတစ်ချပ်ပေးထားပါသေးတယ်။
ကလေးဆန်လိုက်လေခြင်းလို့ အတွေးဝင်မိပါသေးတယ်။
ဒါပေမယ့်
ကျွန်တော့်အဖို့ကတော့ တစ်သက်တာမှာ
ပထမဆုံး မိန်းကလေးတစ်ယောက်ကပေးတဲ့
လက်ဆောင်လေးပါ။
သူ့လက်ဆောင်လေးက
ကျွန်တော့်လိုပဲ ကလန်ကလားနဲ့
တိုကျိုတာဝါ(TOKYO TOWER,東京タワー)ပါပဲ။

သူငယ်ချင်းမီကူးမီ ..
ဘလော့ဂ်မွေးနေ့(၂)လပြည့်မှ သည် နောင်နှစ်ပေါင်းများစွာတိုင်အောင်
ပျော်ပျော်ရွှင်ရွှင် ၊ အောင်အောင်မြင်မြင် နဲ့ ဆက်လက် BLOGGING နိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။
အေးချမ်းပျော်ရွှင်နိုင်ပါစေ။
မွေးနေ့ကိတ်လေးနဲ့ ဂုဏ်ပြုလိုက်ပါတယ်။
ခင်တဲ့ .. ..
ဝင်းဇော်
ဝန်ခံချက် ။ ပုံကို www.thecookduke.com မှ ရယူထားပါတယ်။
2 comments:
ကိတ်မုန့်ကြီး ယူသွားပြီ။ ကျေးဇူး၊ကျေးဇူး ကိုဝင်းဇော်ကြီးရေ။:P :D
Oh!!!!!!!!!!!
Can i have a pice of cake???????????
Oishii so!!!!!!!not reply!!!!
Its OK i will go n have at Megumi home. BYE
Be happy.
Ma War,
Post a Comment