Tuesday, July 15, 2008

ကမ္ဘာမှာ အကောင်းဆုံး Blog တွေထဲက မြန်မာနိုင်ငံက Blog တစ်ခု




ကမ္ဘာမှာ အကောင်းဆုံး Blog တွေထဲက မြန်မာနိုင်ငံက Blog တစ်ခု

ကမ္ဘာတစ်ဝန်းရှိ ဘလောဂ့်များ အနက် အကောင်းဆုံး ဘလောဂ့်များကို ရွေး ချယ်ပြီး ဆုပေး လျက်ရှိတဲ့ အမေရိကန် နိုင်ငံ၊ Las Vegas အခြေစိုက် The Blog World & New Media Expo မှ ရွေးချယ် သတ်မှတ် ထားတဲ့ Best Asian Blog စာရင်းမှာ မြန်မာ နိုင်ငံမှ ဘလောဂ့် တစ်ခု ပါဝင်ကြောင်း သိရှိရ ပါတယ်။

အဆိုပါ အဖွဲ့အစည်းက ၂၀၀၇ ခုနှစ်အတွင်း အကောင်းဆုံး ဘလော့ဂ် များကို ချီးမြှင့် မည့် The 2007 Weblog Awards ဆုအတွက် စကာတင် ရွေးချယ် ခဲ့ရာမှာ မြန်မာနိုင်ငံက ဘလော့ဂ် တစ်ခုဖြစ်တဲ့ Ko Htike”s Prosaic Collection ( http://ko-htike.blogspot.com ) က Best Asian Blog စာရင်းမှာ ပါဝင်ပါတယ်။

Best Asian Blog ကိုရွေးချယ်ရာမှာ ၀င်ရောက်မဲပေးသူများက စုစုပေါင်း မဲအရေအတွက် ၁၃၃၈ မဲအနက် မြန်မာနိုင်ငံမှ ကိုထိုက်ဘလော့ဂ်က ၂၉ မဲ (၂.၂)ရာခိုင်နှုန်း ရရှိခဲ့ပါတယ်။ ၂၀၀၇ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်နေ့အထိ ဘလော့ဂ်အမျိုးအစားပေါင်း (၄၉)မျိုးအတွက် မဲအရေအတွက် ရယူခဲ့တာ ဖြစ်ပါတယ်။

Best Asian Blog စာရင်းကို http://2007.weblogawards.org/polls/best-asian-blog-1.php မှာ ၀င်ရောက် ကြည့်ရှုနိုင်ကြောင်းနှင့် ကိုထိုက် ကိုလည်း ဒီနေရာမှ ဂုဏ်ပြုပါကြောင်း ထပ်လောင်း ပြောလို ပါတယ်။ ကိုထိုက်ရဲ့ ဘလော့ဂ်ကို သွားလည်နိုင်ဖို့ ဒီကမှော်သော့ ကိုယူသွားဖို့လည်း မမေ့ပါနဲ့အုန်း။ နောင်နှစ်မှာ ကျွန်တော်တို့ Blogger မိတ်ဆွေသူငယ်ချင်းတွေထဲက ဘယ်သူများ Best Asian Blog နဲ့ အခြား Best Blog စာရင်းဝင်မယ်ဆိုတာ စောင့်ကြည့်ကြရအောင်ပါဗျာ။

11 comments:

Pinkgold said...

အင်တာနက် ဂျာမယ်ကို ဖတ်ြီ့း ရေးထားတာလား

Welcome said...
This comment has been removed by the author.
Welcome said...

Pinkgold ခင်ဗျား
လူတိုင်း သိတော့ ပိုကောင်းတယ်ထင်လို့ပါ မျှဝေပေးတာပဲ ရည်ရွယ်ပါတယ်။
အကျိုးအမြတ် အတွက်မဟုတ်ပါဘူး။ နောက်ပေါက် Blogger တွေ အတွက် အတုယူ ပြီး အကျိုးပြု Blogger တွေဖြစ်လာအောင်
တွန်းအားပေးတဲ့ ပို့စ်ဖြစ်မယ်ထင်ပါတယ်။
ကိုထိုက် အကြောင်းကို သိလို့တော့ မဟုတ်ပါဘူး။ သူ့ဘလောဂ့်ဆီကိုလည်း ၀င်ရောက်ဖို့ မလွယ်ကူပါဘူး။ Pinkgold ဘလောဂ့်ကိုလဲ ရောက်ခဲ့ပါတယ်။ ၁၁-၈-၂၀၀၅ ရက် က နောက်ဆုံး တင်ထားတဲ့ ပို့စ်ပဲ ရှိပါတယ်။ အကြောင်း အမျိုးမျိုးကြောင့် ရပ်ထားတာ ဖြစ်နိုင် ပါတယ်။ ကျွန်တော့်ထက်လဲ အသက်အများ ကြီး(ထက်ဝက်ချိုး) ကြီးပါတယ်။ လေးစားပါတယ်။ ခုလို အသိပေးတဲ့အတွက်ပါ..
ကျွန်တော်ဘလောဂ်ရေးတာ ၃ လ မပြည့်သေးပါဘူး။ ဒီဘလောဂ်အတွက် အကုန်လုံး အလကားမတ်တင်းရနေတော့ ဒီအလကား မတ်တင်း ကနေ တစ်ပဲဖိုးလောက် ပို့စ်ဖတ်တဲ့သူတွေအတွက် ကျန်မယ်ဆိုရင် အွန်လိုင်းပေါ်တက်ရ ကျိုးနပ် တယ်လို့ ထင်မိပါတယ်။
-
ဝင်းဇော်

Tea said...

congratss! :D

Unknown said...

just say great job sir. dhawuh

Anonymous said...

Online Pharmacy for Cialis, Levitra, Tamiflu, Viagra. Order Generic Medication In own Pharmacy. Buy Pills Central.
[url=http://buypillscentral.com/buy-generic-brand-levitra-online.html]Discount Viagra, Cialis, Levitra, Tamiflu Drugstore No prescription[/url]. rx generic pills. Discount medications pharmacy

Anonymous said...

We are ready that our company Obtain Cialis Detract from Pharmacy is one of the outwit in the Internet, commonly, Best Discount Cialis Pharmacy On-line specializing on online pharmaceutics Viagra.

Anonymous said...

your site is loading fast

Anonymous said...

Hello. And Bye.

Anonymous said...

я так считаю: восхитительно... а82ч

Anonymous said...

hi all
http://www.tor.com/community/users/conwerpzudo1988
http://www.tor.com/community/users/tiotagsconpe1974
http://www.tor.com/community/users/tkuladlina1971
http://www.tor.com/community/users/queseofresin1988
http://www.tor.com/community/users/walpiesylde1972