Tuesday, July 8, 2008

အလကားရမယ့် အသက်ရှည်နည်း

အလကားရမယ့် အသက်ရှည်နည်း

နေပူစာလှုံတာဟာ လူတွေရဲ့ အသက်ကို နှစ်တွေတိုး သည်ထက် တိုးပြီး ရှည်စေ နိုင်ပါတယ်။ သုတေသီတွေ တွေ့ရှိထား တာကတော့ ဗီတာမင် ဒီ ကို နေ့စဉ် ဖြည့်စွက် ပေးနိုင် ရင်လည်း အသက်ရှည် နိုင်တယ် ဆိုတာပါပဲ။

ကျန်းမာရေးသုတေသီတွေဟာ အမျိုးသားနဲ့ အမျိုးသမီး ၅၇၀၀၀ ဦးကို ဗီတာမင် ဒီ က ဘယ်လို အကျိုးသက်ရောက် မှုရှိစေတယ်ဆိုတာ လေ့လာခဲ့ကြပါတယ်။ ဗီတာမင် ဒီ ကို နေရောင်ခြည် လို့လဲ ခေါ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နေရောင်ခြည်ကို တုံ့ပြန်တဲ့အနေနဲ့ လူ့အရေပြားက ထုတ်ပေးလို့ပါ။ ပြီးတော့ သူက ကင်ဆာရောဂါ၊ ဆီးချိုရောဂါနဲ့ အသားမျှင်ခက်မာသွားမှု အမျိုးမျိုးတွေကို ကင်းဝေး စေနိုင်ပါတယ်တဲ့။

ဗီတာမင် ဒီ ကို ရိုးရိုးဖြည့်စွက် စားပေးရုံမျှနဲ့ လူအသေအပျောက်နှုန်းကိုလဲ လျော့သွားစေပုံရ ပါတယ် လို့ ပြင်သစ် နိုင်ငံ၊ လီယွန်ရှိ ကင်ဆာရောဂါ သုတေသနလုပ်ငန်း နိုင်ငံတကာ အေဂျင်စီမှ ဒေါက်တာ ဖစ်လစ် အောတီးယား နဲ့ အီတလီနိုင်ငံ၊ မီလန်ရှိ European Institute for Oncology မှ ဒေါက်တာ ဆာရာဂန်ဒီနီ တို့က သုတေသန အဖွဲ့ခေါင်းဆောင် အနေနဲ့ ပြောပြခဲ့ပါတယ်။

No comments: