Tuesday, July 8, 2008

ကွာကွာမားမား Web ကမ္ဘာ (၄၁)


www.video.phpmyanmar.com

အခုခေတ် လူငယ်တွေ ရေပန်းစားနေတဲ့ ကိုရီးယား မင်းသား၊ မင်းသမီးတွေ အကြောင်းကို တင်ထားတဲ့ ဝက်ဘ်ဆိုက် ဖြစ်ပါတယ်။ ကိုရီးယား မင်းသား၊ မင်းသမီးများရဲ့ အကြောင်းကို တစ်ဦးချင်းကဏ္ဍ အလိုက် တင်ပြ ထားပါတယ်။ ဒါ့အပြင် ကိုရီးယားတို့ရဲ့ ဘ၀သရုပ်ဖော် အကြောင်းကိုလည်း ဖော်ပြထားပါတယ်။ ကိုရီးယား သီချင်း နှစ်သက်သူများ အတွက်လည်း ကဏ္ဍတစ်ခုအနေနဲ့ နားဆင်နိုင် ပါတယ်။ ကိုရီးယား ဇာတ်လမ်း တွေ ကြည့်ရှုနိုင်အောင်လည်း movie အနေနဲ့ တင်ထားပါတယ်။ ကိုရီးယားတို့ရဲ့ ယဉ်ကျေးမှု၊ အလေ့အထ၊ အနုပညာ အကြောင်းအရာများကို ရှုထောင့်အမျိုးမျိုးက နေ တွေ့မြင်နိုင်ပါတယ်။ အထင်ရှာဆုံး မင်းသား၊ မင်းသမီး (၁၀)ဦး ရဲ့အကြောင်းကို ဓာတ်ပုံများနဲ့ အတူ ဖော်ပြထားပါတယ်။ ဘာသာပြန်ပြီး ဇာတ်လမ်းတွဲ များကိုလည်း ကြည့်ရှု နိုင်ပါသေးတယ်။ ဒါကြောင့် ကိုရီးယား မင်းသား၊ မင်းသမီးများ အကြောင်း ကို အသေးစိတ် သိရှိလိုသူများ ပရိသတ်များ အနေနဲ့ ၀င်ရောက် လေ့လာ ကြည့်ရှုနိုင်ပါတယ်။

No comments: