Friday, July 11, 2008

ကွာကွာမားမား Web ကမ္ဘာ (၄၄)



Fashion.about.com

ဒီဝက်ဘ်ဆိုက်ကတော့ အမျိုးသမီးတွေအတွက် အထူးပြုလုပ် တင်ဆက်ထားတဲ့ ဖက်ရှင်ဆိုက် တစ်ခု ဖြစ်ပါတယ်။ ရာသီအလိုက် အနောက်နိုင်ငံ ဖက်ရှင်၊ ဥရောပ ဖက်ရှင်တွေကို တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။ ဖက်ရှင်ဆိုင်ရာ ဗဟုသုတတွေကို ဖြေဆိုနိုင်သလို ဆံပင်ပုံစံတွေ၊ အ၀တ်အစားပုံစံတွေကိုလည်း လေ့လာနိုင်မှာ ဖြစ်ပါတယ်။

ဗီဒီယိုတွေ၊ ဓာတ်ပုံတွေနဲ့ အနုစိတ် ဖော်ပြပေးထားတဲ့ ဆိုက်ဖြစ်တဲ့အတွက် ဆွဲဆောင်မှုဖြစ်စေပါတယ်။ နှစ်ခြိုက်မှု ရှိလျှင် လေ့လာစရာတွေ များပြားလှပါတယ်။ အခြားသော ဖက်ရှင်ဝက်ဘ်ဆိုက်များကိုလည်း ညွှန်းပြီး လင့်ခ် ထားတာတွေ့ရပါတယ်။ ကြည့်ချင်တဲ့ အရာတော်တော်များများကို sign in လုပ်ပြီးမှ ၀င်ကြည့် နိုင်မှာ ဖြစ်ပါတယ်။

No comments: