Monday, July 28, 2008

ပထမဆုံးအလွမ်း


ပထမဆုံးအလွမ်း

လှောင်ရီသံတစ်ချို့က
အလွမ်းခါးခါးတွေ သယ်လာပြီး
ငြင်းဆန်တဲ့စကားလုံးတွေက
မျက်ရည်စတွေ သယ်ဆောင်လာတယ် ။
အမှတ်ရခြင်းတွေ ရပ်နားဖို့
ငါ့မှာ ဘူတာမရှိဘူး ။
(နင်ကလဲ)နင့်ယုံကြည်ချက်အတွက်
(ငါကလဲ)ငါ့မာနတွေအတွက်
သံယောဇဉ် တစ်ခုကို စတေးဖြစ်တော့မယ် ။
နက်ပေါ်ရောက်တိုင်း
ငါ .. .. အကြိမ်ကြိမ် ရူးသွပ်ခဲ့
ဒီလိုနဲ့ပဲ
ငါဟာ .. ..
နောင်တတွေ ချိုမြိန်စွာ စားသုံးရင်း
အရာရာ ပြင်ဆင်ခွင့်မရ ခင်
ချစ်သူရဲ့ ဆံကေသာကို
ခွင့်ပြုချက်မဲ့
ခံစားချက်ကင်းတဲ့
အနမ်းပန်းများစွာနဲ့
လက်ပြနှုတ်ဆက် လွမ်းခဲ့ဖူးပြီ .. .. .. ။

ဝန်ခံချက် ။ ပုံကို www.embraceyourlove.com မှ ရယူထားပါတယ်။

1 comment:

၀ဿန်ဦး said...

ပထမဆုံးအလွမ်းဆိုတော့ ဆက်ရန်ရှိသေးလို့လားဗျ။ အလွမ်းတွေရပ်တန့်ပါစေဗျာ။း)