Wednesday, July 30, 2008

ကွာကွာမားမား Web ကမ္ဘာ (၅၃)


www.freeshipping.com

ကုန်ပစ္စည်း အမှတ်တံဆိပ် ပေါင်း တစ်သန်း ကျော်ကို ရှာဖွေ ကြည့်ရှုနိုင် ပါတယ်။ ဝက်ဘ်ဆိုက် ကိုယ်၌ကတော့ ပစ္စည်း ၀ယ်ယူလို့ မရပါဘူး။ တခြားသော လက်လီ ရောင်းချသည့် ဝက်ဘ်ဆိုက်များကို ဆက်သွယ်ပေး ပါတယ်။ ယင်းသို့ ဆက်သွယ် ၀ယ်ယူပေးခြင်းအတွက် အမြဲတမ်း ဈေးအနည်းဆုံး ဖြစ်မယ်လို့တော့ မထင်လိုက် ပါနဲ့။ ပစ္စည်း တစ်ခုကို cooking.com ကနေ ၄၂၆ ဒေါ်လာနဲ့ ၀ယ်ယူပေးလိုက်ပါတယ်။ အဆိုပါ အလားတူ ပစ္စည်းမျိုးကို p4online.com မှာ ၃၉၁ ဒေါ်လာသာ ဈေးသင့် တာကို တွေ့ရပါတယ်။ ဒါကြောင့် အခမဲ့ ပို့ဆောင်ပေးတယ် ဆိုတာကို စဉ်းစား ကြည့်စေချင် ပါတယ်။

No comments: