Thursday, July 10, 2008

ကွာကွာမားမား Web ကမ္ဘာ (၄၃)


Oedb.org

Online Education Database ဆိုက်ဟာ အွန်လိုင်းပေါ်က လူတွေအတွက် ပညာရေးနဲ့ဆိုင်တဲ့ ကောလိပ်တွေ၊ တက္ကသိုလ်တွေ တက်နိုင်အောင် လမ်းညွှန်ပေးတဲ့ ဝက်ဘ်ဆိုက် ဖြစ်ပါတယ်။ ကောလိပ်ပေါင်း (၈၇)ခုက ပရိုဂရမ် ပေါင်း (၁၀၄၇)ခုကို လေ့လာနိုင်မှာ ဖြစ်ပါတယ်။ အဝေးရောက် တက်နိုင်တဲ့ အစီအစဉ်တွေပါ ထည့်သွင်း ပေးတား တာတွေ့ရပါတယ်။ တက်ရောက်ချင်တဲ့ ဒီကရီအဆင့်နဲ့ ဘာသာရပ် စတာတွေကို ရွေးချယ်ပြီး လေ့လာ နိုင်အောင် စီစဉ်ပေးထားပါတယ်။

အခမဲ့ တက်ချင်သူတွေအတွက် အတန်း (၂၀၀) ကိုလည်း စီစဉ်ထားပေးပါတယ်။ ဖွံ့ဖြိုးဆဲ နိုင်ငံက ကျောင်းသား တွေအတွက် အဓိကထားပြီး ဒီအခမဲ့ အတန်းတွေကို ဖွင့်ပေးထားတာ ဖြစ်ပါတယ်။ နိုင်ငံ ရပ်ခြားကို သွားရောက်ပြီး ပညာသင်နိုင်သူတွေ အတွက်တော့ ရွှေအိုးကောက်ရသလို ခံစားရမည့် အချိန်တစ်ခု ဖြစ်ပါတယ်။ မိမိဘာသာ ကြိုးစားရမှာ ဆိုပေမယ့် စနစ်တကျတော့ ပိုဖြစ်စေမှာ ဖြစ်ပါတယ်။

3 comments:

တားမြစ် ထားသော... said...

ကောင်းပ။ ဝင်ကြည့်အုံးမယ်။

မောင်စေတနာ said...

ဘယ်လို ဖရီးသင်ရမှာလဲ စိတ်ဝင်စားလို့ အသေးစိတ်ပြောပါအုံး။

Welcome said...

ကိုစေတနာခင်ဗျား -
ဆေးဗူးမှာပါတဲ့ ဆေးအညွှန်းလောက်ကိုပဲ လူတိုင်းသိအောင် လမ်းညွှန်ပေးတာပါ။
ဆေးစွမ်းမစွမ်းဆိုတာကိုတော့
ကိုယ်တိုင်သောက်ကြည့်မှ သိမှာပါ။
-
-
လေးစားလျက်
ဝင်းဇော်