Friday, July 25, 2008

အင်တာနက်ဖုန်း ဆော့ဖ်ဝဲ



အခမဲ့ရတဲ့ software လေး မျှဝေချင်ပါတယ်။ အင်တာနက်ဂျာနယ် အတွဲ(၉)၊ အမှတ်(၂၇) ပါဆောင်းပါးထဲကနေ ကောက်နုတ် ဖော်ပြလိုပါတယ်။ သိပြီးသားများဖြစ်ခဲ့ရင် ကျော်ခွ သွားနိုင်ပါတယ်။ အမေရိကန်နိုင်ငံသို့ နာရီ (၃၀၀၀) အခမဲ့ အသုံးပြုနိုင်တဲ့ အင်တာနက်ဖုန်း ဆော့ဖ်ဝဲ ဖြစ်ပါတယ်။ ဆော့ဖ်ဝဲ ကို ဒီမှာ အလွယ်တကူ ရယူနိုင်ပါတယ်။

12.9 MB ပမာဏရှိ အခမဲ့ Oovoo 1.6.1.10 software ဟာ အမေရိကန်နိုင်ငံသို့ အင်တာနက်ဖုန်း ခေါ်ဆောင်ရာမှာ သူရဲ့ဝက်ဘ်ဆိုက် ကို ၀င်စရာမလိုဘဲ ခေါ်နိုင်တဲ့အပြင် e-Mail account တစ်ခုကို နာရီ (၃၀၀၀) အခမဲ့ ခေါ်ဆိုခွင့် ပေးထားပါတယ်။

Oovoo software ကိုအသုံးပြုရန် setup လုပ်ရန် oovoo.exe ဖိုင်ကိုသာ လိုအပ်မှာဖြစ်တယ်။ Register လုပ်ရာမှာ User Name, Password နဲ့ အီးမေးလ်လိပ်စာတွေကို ရေးသွင်းပေးရပါမယ်။ ၄င်းနောက် Login ၀င်ပြီး အသုံးပြုနိုင်ကြာင်း သိရှိရပါတယ်။

၎င်းဆော့ဖ်ဝဲသည် အခမဲ့ အသုံးပြုမှု နာရီ (၃၀၀၀)ပြည့်ပါက အခြား အီးမေးလ် account အသစ်ဖြင့် ထပ်မံ Register ပြုလုပ် သုံးစွဲနိုင်ကြောင်း ထပ်ဆင့် ဝေမျှလိုက်ပါတယ်။ ကျွန်တော်ကိုယ်တိုင်က iPhone သုံးနေတာ မဟုတ်တော့ ကျန်ဒေသ နိုင်ငံတွေကိုပါ အခမဲ့ ခေါ်ဆို၍ ရနိုင်၊ မရနိုင်ကိုတော့ မသိပါဘူး။ အားလုံးကို လေးစားလျက်ပါ။

1 comment:

Ko AungKyawLwin said...

ဒီ software က iPhone အတွက်ဘဲထင်တယ်။ Computer ထဲမှာသုံးလို့မရဘူးလား