Friday, July 4, 2008

ကွာကွာမားမား Web ကမ္ဘာ (၄ဝ)



www.Healia.com

Healia အမည်ရှိ ကျန်းမာရေး စောင့်ရှောက်မှု search engine သစ်ဟာ ရောဂါလက္ခဏာတွေ၊ ကုထုံးတွေ စတဲ့အချက်အလက်များ filter လုပ်တာ၊ ပုဂ္ဂိုလ်ရေး ဗီဇစရိုက်တွေ အပေါ် အခြေပြုထားတဲ့ search တွေ ပေါများ နေတာတွေကို လျော့ကျစေမယ့် search တစ်ခု ဖြစ်ပါတယ်။ အသုံးပြုသူဟာ လိင်၊ အသက်၊ လူမျိုးနဲ့ အခြားသော အချက်အလက်တွေပေါ်မှာ အခြေပြုထားတဲ့ search တွေကို personalize ပြုလုပ်နိုင်ကြပြီလို့ သိရပါတယ်။ ဒါ့အပြင် Healia ဟာ ကြိုတင်ကာကွယ်မှု Prevention ၊ ဘေးထွက်ဆိုးကျိုး side effect စတဲ့ ခေါင်းစဉ်အောက်မှာရှိတဲ့ အဖြေတွေနဲ့ ပတ်သက်တဲ့ သက်ဆိုင်ရာ အခြေအနေတွေမှာ filter အလိုလို လုပ်ပေးမှာ ဖြစ်ပါတယ်။

ပဓာနကျတဲ့ searching engine ကြီးတွေမှာ ဆေးဘက်ဆိုင်ရာ သတင်းအချက် အလက်များ ရှာဖွေရာမှာ ရရှိတဲ့ search result အများစုဟာ ရောင်းဝယ်ရေး ဝက်ဘ်ဆိုက်တွေကိုသာ ဦးတည်သွားတတ် ပေမယ့် Healia ကတော့ ယုံကြည်စိတ်ချရတဲ့ စာကြည့်တိုက်မှူးတစ်ယောက်လို ဆေးဘက် သတင်းအချက်အလက် ထောင်၊ သောင်းထဲမှာ သုံးစွဲသူအတွက် သိလိုရာကို ကွန်ရက်ပေါ်မှာ ရှာဖွေပေးမှာ ဖြစ်ကြောင်း သိရှိရပါတယ်။

2 comments:

မောင်စေတနာ said...

အများအသုံးဝင်တဲ့ ဆိုက်တဲ့ များများပြောနိုင်တဲ့ ကိုဝင်းဇော်ကြီး ဖြစ်စေဗျာ

RePublic said...

ဗဟုသုတတွေ အများကြီး ယူသွားတယ် ...
အမြဲအားပေးလျက်ပါ....