Friday, July 18, 2008

ဘ၀သက်တမ်းကို (၁၄)နှစ်ထိ ပိုရှည်အောင် ကျန်းမာရေးနှင့်ညီညွတ်သော ဘ၀၏နေထိုင်မှု


ဘ၀သက်တမ်းကို (၁၄)နှစ်ထိ ပိုရှည်အောင် ကျန်းမာရေးနှင့်ညီညွတ်သော ဘ၀၏နေထိုင်မှု

တစ်။ သင့်တင့်သော အရက် သောက်သူ၊ နှစ်။ ကိုယ်လက် လေ့ကျင့်ခန်း ယူသူ၊ သုံး။ ဆေးလိပ် မသောက်သူ နဲ့ လေး။ တစ်နေ့ကို သစ်သီးနဲ့ ဟင်းသီးဟင်းရွက် များများ စားသူ များဟာ ယင်းအပြုအမူတွေထဲက ဘာတစ်ခုမှ မလုပ်သူတွေထက် အသက် (၁၄)နှစ် ပိုရှည်ကြတယ်လို့ သုတေသီတွေက ဆိုထားပါတယ်။ တင်ပြပါ အပြုအမူ တွေက ကျန်းမာသက်ရှည်သော ဘ၀များကိုပါ ပံ့ပိုး ထောက်ကူကြောင်း အထောက်အထားတွေ တစ်ပုံတစ်ပင် ကြီးရှိပါတယ်။ ဒါပေမယ့် လေ့လာချက်အသစ်က ယင်းတို့ရဲ့ ပူးပေါင်းသက်ရောက်မှုကို အမှန်တကယ် တိုင်းတာ ခဲ့ကြောင်း ဗြိတိသျှ သုတေသီတွေက ဆိုထားပါတယ်။

ဘ၀နေထိုင်မှု ပုံစံတွင် အနည်းငယ်ခြားနားခြင်းက လူဦးရေ အတွင်း ကြီးမားသော ခြားနားခြင်းကို ဖြစ်စေကာ အပြုအမူ ပြောင်းလဲမှုကိုလည်း အားပေးသည် ဟူ၍ သုတေသီများက Plos Medicine Journal ဆေးဂျာနယ် မှာ ရေးသားထားပါတယ်။

ယင်းသုတေသီများသည် ၁၉၉၃ နှင့် ၁၉၉၇ ခုများအကြား ကျန်းမာသော ဗြိတိသျှ အမျိုးသားနဲ့ အမျိုးသမီး (၂၀၀၀၀)ဦးတို့ကို ၄င်းတို့၏ ဘ၀နေထိုင်မှုပုံစံနဲ့ ပတ်သက်ပြီး မေးခွန်းတွေ မေးမြန်းခဲ့ပါတယ်။ ဗီတာမင်စီ စားသုံးမှုကို တိုင်းတာရန်အတွက် ပါဝင်သူတိုင်းရဲ့ သွေးကိုလည်း စစ်ဆေးခဲ့ပါတယ်။ ဒါက သူတို့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက် ဘယ်လောက် စားသလဲဆိုတာကို ပြသော အညွှန်းကိန်းအတွက် ဖြစ်ပါတယ်။

အသက် (၄၅)နှစ်မှ (၇၉)နှစ်ရှိ ပါဝင်သူများကို အမှတ် 0 (သုည) နဲ့ ၄ မှတ် ပေးပြီး စမ်းသပ်ခဲ့ပါတယ်။ ကျန်းမာ ရေးနဲ့ညီတဲ့ နေထိုင်မှု အပြုအမူအတွက် (၁)မှတ်ပေး ပါတယ်။ လေးချက်ညီရင် (၄)မှတ်ဖြစ်ပါတယ်။ 0 (သုည)မှတ် ရသူများဟာ နှလုံးသွေးကြော ရောဂါနဲ့ သေဖို့များတယ်လို့ သုတေသီတွေက ဆုံးဖြတ်ခဲ့ကြပါတယ်။

ဆေးလိပ်မသောက်တဲ့ ဘ၀နေထိုင်မှု ပုံစံသည် ကျန်းမာရေးကို (၈၀)ရာခိုင်နှုန်း တိုးတက်စေတယ်လို့ ထို လေ့လာချက်မှာ ဖော်ပြထားပါတယ်။ ယင်းနောက်မှာ ဟင်းသီးဟင်းရွည် စားသုံးခြင်းက ဒုတိယ လိုက်ပါတယ်။ သင့်တင့် မျှတသော အရက်သောက်ခြင်းနဲ့ တက်ကြွစွာ နေထိုင်ခြင်းကလည်း အလားတူ အကျိုးတရား တွေ ဖြစ်ထွန်းစေ တယ်လို့ ကင်းဘရစ် တက္ကသိုလ်၊ ဆေးသိပ္ပံသုတေသန ကောင်စီမှ ပါမောက္ခနဲ့ လုပ်ဖော် ကိုင်ဖက် များက ပြောကြားခဲ့ပါတယ်။

ဝန်ခံချက်ဗဟုသုတအလို့ငှာ တင်ပြခြင်းဖြစ်ပါတယ်။ သိပြီးသားများဖြစ်ရင် ကျော်ဖတ်နိုင်ပါတယ်။ ပို့စ်အတွက် လိုအပ်ချက်များရှိလျှင် ဖြည့်စွက်ရေးသားနိုင်ပါတယ်။ လေးစားလျက်။

5 comments:

ကိုတိုး said...

မသိသေးတဲ့ ဗဟုသုတလေးကို တင်ပေးတဲ့အတွက် ဖတ်ရတာကျေးဇူးပဲ အသိပညာတိုးတာပေါ့ ကိုဝင်းဇော်။ နောက်လည်းပဲ ဆက်ရေးနိုင်ပါစေဗျာ......... ပျော်ရွှင်ပါစေဗျာ..........

Nge Naing said...

ဝင်းဇော်ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ Post လေးက လိုရင်းတိုရှင်းလေးဆိုတော့ သိပ်ပြီး ထိရောက်ပါတယ်။ အရက်ကိုပုံမှန် သောက်မည့်အစား အချိုနဲ့ အချဉ်ပါတဲ့ အသီးတခုခုကို ပုံမှန်စားလည်းရပါတယ်။ အရက်သောက်ဖို့ လိုအပ်တယ်ဆိုတဲ့အချက်က ခန္ဓကိုယ်ထဲက ဆဲလ်တွေ ပုံမှန်အသက်ရှင်နိုင်ဖို့အတွက် လိုအပ်တဲ့ Arobic Respiration (with oxygen) နှင့် Anarobic Respiration (အောက်စီဂျင်မပါ) ဆိုပြီးနှစ်ခုမှာ Anarobic Respiration အတွက်ဖြစ်ပါတယ်။ Arobic Respiration အတွက်က ကိုယ်လက်လှုပ်ရှားပြီး ရရှိနိုင်ပါတယ်။ Anarobic Respiration အတွက် အရက်ဟာ ကာဗွန်ဟိုက်ဒရိတ် (ဆန်၊ဂျုံ၊ ပြောင်း၊ သကြား စသည့်) ကို အင်ဇိုင်း (တဆေး) တခုခုနဲ့ ကစော်ဖောက်ပြီး ပေါင်းခံထုတ်ယူခဲ့ရသလို ခန္ဓာကိုယ်ထဲကို စားထည့်လိုက်တဲ့ ကာဗွန်ဟိုက်ဒရိတ်တွေဟာလည်း အစာအိမ်ထဲကထွက်လာတဲ့ အစာခြေ အင်ဇိုင်းတွေနဲ့ ကဇော်ဖောက်ပြီးတော့ Anarobic Respiration တွက် အဆင့်ဆင့် အစာခြေရင်းနဲ့ အရက်ဓါတ်ကို ပြောင်းပြီးသား ဖြစ်ပါတယ်၊ အကယ်၍ စားလိုက်တဲ့ အစားအစာထဲမှာ ကဇော်ဖောက်ဖို့ လွယ်ကူတဲ့ စပျစ်သီး၊ လိမ္မော်သီးတို့လို အချိုနဲ့အချဉ် တွဲပါတဲ့ အသီးတခုခုကို ပုံမှန်စားဖြစ်ရင် အရက်ကို ပုံမှန်သောက်တာနဲ့ ဘာမှမခြားပါဘူး။ ဒါကြောင့် ငါးပါးသီလကို ခါးဝတ်ပုဆိုးလိုမြဲခြင်ပြီး ကျန်းမာရေးနဲ့လည်း ညီညွတ်အောင် နေချင်တဲ့သူတွေအတွက် ဒီမှတ်ချက်ကို စေတနာအရင်းခံဖြင့် ကုသိုလ် မျှဝေလိုက်ပါတယ်။

Welcome said...

အစ်မခင်ဗျား
အစ်မရဲ့ ဖြည့်စွက်မှုဟာ Reader တွေအတွက် ပိုမိုပြီး ပြည့်စုံစေတဲ့ ကျန်းမာရေးအသိပညာ ဖြစ်တဲ့အတွက် ကျေနပ်စွာ လက်ခံယူပါတယ်။
လေးစားလျက်
ဝင်းဇော်

စိုးထက် - Soe Htet ! said...

Complete now ! We, Buddhists can keep our five precepts in that way !:P
Cheers !

၄၄၂ ဇော်နိုင် said...

ဖတ်မှတ်သွားပါတယ်ဗျာ