Wednesday, July 9, 2008

ကွာကွာမားမား Web ကမ္ဘာ (၄၂)


Register.com

ဤဝက်ဘ်ဆိုက်သည် ဝက်ဘ်ဆိုက်မှတ်ပုံတင်ခြင်း domain registration အတွက် အဓိက ၀န်ဆောင်မှု ပေးထားပြီး မိမိ၏ ဝက်ဘ်ဆိုက်ကို ကိုယ်တိုင် ဒီဇိုင်းရေးဆွဲ နိုင်သည်အထိ ကူညီပေးနိုင်မည့် နေရာလည်း ဖြစ်ပါတယ်။ ဝက်ဘ်ဆိုက်တွင် Web mail account များကိုလည်း ၀ယ်ယူထားရှိ နိုင်မှာ ဖြစ်ပြီး မိမိရဲ့ ဝက်ဘ်ဆိုက်ကို လူသိများလာအောင် ကြော်ငြာပေးမယ့် အစီအစဉ်မျာလည်း ပါဝင်တဲ့အပြင် data backup ၀န်ဆောင်မှုများနဲ့ ဝက်ဘ်ဆိုက်များတွင် ကြုံတွေ့ရလေ့ ရှိသော ပြဿနာရပ် များကိုလည်း ဖြေရှင်းပေးမယ့် ၀န်ဆောင်မှုကိုလည်း ပေးထားပါတယ်။ ဒါ့အပြင် domain အမည်ရိုက်ထည့်လိုက်တာနဲ့ မည်သူက လွှင့်တင်ထားတဲ့ ဝက်ဘ်ဆိုက် ဖြစ်သည်ကိုပါ သိရှိစေနိုင်တဲ့ WHOISLOOKUP ၀န်ဆောင်မှု၊ ဝက်ဘ်ဆိုက် လိပ်စာအား forward လုပ်ဆောင်ပေးနိုင်တဲ့ ၀န်ဆောင်မှု စနစ်တို့ကိုလည်း အစုံအလင်ပါရှိပါတယ်။

No comments: