Thursday, July 3, 2008

ကွာကွာမားမား Web ကမ္ဘာ (၃၈)



www.timeanddate.com

Time and date.com သည် ကမ္ဘာပေါ်ရှိ အရပ်ဒေသ အသီးသီးရဲ့ အချိန် နာရီဇုန်များကို ချက်ချင်းသိနိုင်တဲ့ ဝက်ဘ်ဆိုက်ဖြစ်ပါတယ်။ ကမ္ဘာ့ဒေသဇုန်များ၊ မြို့ကြီးများရဲ့ နာရီများကို အက္ခရာစဉ် အလိုက် အလွယ်တကူ ရှာဖွေနိုင်ပါတယ်။ နိုင်ငံအသီးသီးရဲ့ ပြက္ခဒိန်တွေနဲ့ နှစ်ငါးရာ ကဲ့သို့သော ကဏ္ဍများကိုလည်း ထည့်သွင်းပေး ထားပါတယ်။ ဒါ့အပြင် နှစ်သစ်ကူး အချိန်ကာလများ အတွက် Countdown နဲ့ အခြားအရေးပါတဲ့ နေ့ရက်များ အတွက် Counter များကိုလည်း ထည့်ထားပေး ပါတယ်။ ဝက်ဘ်ဆိုက်ကို နော်ဝေနိုင်ငံသား Steffen Thorsen က တည်ထောင်ထားတာ ဖြစ်ပါတယ်။ ဝက်ဘ်ဆိုက်မှာ လဆန်း လဆုတ် တွက်ချက်တဲ့ကဏ္ဍ၊ ရက်ထပ်နှစ် ဖော်ပြပေးတဲ့ကဏ္ဍ တို့လည်းပါဝင်ပြီး မိမိကိုယ်ပိုင် ပြက္ခဒိန် အမျိုးမျိုးကိုလည်း ရေးဆွဲဖန်တီး နိုင်ကြောင်း တွေ့ရှိ ရပါတယ်။ စိတ်ဝင်စားစရာမို့ မျှဝေပေးလိုက်ပါတယ်။

No comments: