Thursday, May 29, 2008

အရှုံးသင်္ကေတ

အရှုံးသင်္ကေတ

ပြိုင်သည်
နိုင်မည် ထင်မှတ်။
ရှုံးသည်
မနိုင်သည့်ဖြစ်ရပ်။

ငါက
အတ္တကို အခြေခံ ကျော်လွှားရန်ကြံ၏။
သူက
ပရကို အခြေခံ ကူညီသွားရန်။

ငါက
ဘ၀မာန၊ အာဃာတနဲ့ မစ္ဆရိယ မွမ်းမံ တုပရန်။
သူက
ဘ၀မမေ့ သိမ်မွေ့ကြင်နာ မေတ္တာဝန်းရံ သစ္စာပန်
ရှင်သန် မြင့်မြတ် ပြုံးတကား။

ငါက
ဘ၀မေ့ထား တရားလက်လွတ်
ငှက်တောင်ကျွတ်သို့
တုလွှတ် ဖက်ပြိုင်
မနိုင် .... ငါပဲရှုံးတကား . . . ။ ။
(ခြိမ့်နိုင်)

2 comments:

Unknown said...

ဘ၀မမေ့ သိမ်မွေ့ကြင်နာ မေတ္တာဝန်းရံ သစ္စာပန်
ရှင်သန် မြင့်မြတ် ပြုံးတကား.......
ကောင်းတယ်ဗျာ။

အိမ်မက်သစ် said...

အရမ်းကြိုက်တယ်ဗျာ...ဒီကဗျာလေးကို.....ကော်ပီလုပ်သွားပြီ.....တော်ကီတော့ မပစ်ခဲ့တော့ဘူးနော် အစ်ကို......