Monday, May 26, 2008

ကွာကွာ မားမား Web ကမ္ဘာ (၈)


W3.branshawfoundation.com
လူသားမျိုးနွယ်စုကြီး လျှောက်လှမ်းခဲ့ရတဲ့ သမိုင်းကို အစမှနေ ဖော်ပြထားတဲ့ ဆိုက်ဖြစ်တယ်။ Interactive မြေပုံများကတစ်ဆင့် လူသားစတင်ပေါက်ဖွားသောနေရာများ၊ ရေကြည်ရာ မြက်နုရာ ရွှေ့ပြောင်း အခြေစိုက်ရာ လမ်းကြောင်းများကို ကြည့်ရှုနိုင်တယ်။ လူစတင်ဖြစ်ပွားရာ အရှေ့အာဖရိကမှ အရှေ့အလယ်ပိုင်း၊ အာရှ၊ သမုဒ္ဒရာဒေသများ၊ ဥရောပနှင့် အမေရိကသို့သို့ တဖြည်းဖြည်းချင်း ပြန့်နှံ့ ရောက်ရှိသွားပုံကို ဖော်ညွှန်းထားခြင်း ဖြစ်သည်။ မနုဿဗေဒသမိုင်းကို လေ့လာလိုသူ ကလေး၊ လူကြီး မည်သူမဆို အထုပ်တစ်ထုပ်ပြင်ပြီး ရှေးပဝေဿနီမှ ဘိုးဘွားဘီဘင်များ ဟိုဟိုသည်သည် ပြောင်းရွှေ့အခြေစိုက်ခဲ့သော လမ်းကြောင်းများကို လိုက်လံ ကြည့်ရှုနိုင်သည်။ ဆိုက်တွင် ကမ္ဘာ့ရာသီဥတုအခြေအနေ၊ မောင့်တိုဘာကဲ့သို့ မီးတောင်ပေါက်ကွဲမှု၊ Mitochondrial DNA ၏အရေးပါမှု စသည်တို့ကို ရှင်းပြထားသည့်အပြင် Clovis-first အငြင်းအခုံကိစ္စကဲ့သို့ မနုဿဗေဒသမိုင်း ဆိုင်ရာပြဿနာများကို သာမန်လူနားလည်နိုင်စေရန် ဖော်ပြထားသည်။ ထို့အပြင် ရှေးဦး လူသားများ၏ အနုပညာလက်ရာများနှင့် ပန်းချီ၊ အမဲလိုက်ရာနှင့် စိုက်ပျိုးရေးသုံး တန်ဆာပလာများကိုလည်း ကြည့်ရှုနိုင်ပါတယ်။

No comments: