Monday, May 26, 2008

ကွာကွာ မားမား Web ကမ္ဘာ (၇)


W3.webhostmagazine.com
Web Host လုပ်ပေးကြတဲ့ ကုမ္ပဏီတွေဟာ နေ့စဉ်လိုလို ပေါ်လာလိုက်၊ ပျောက်သွားလိုက် ဖြစ်နေတယ်ဆိုတာ သိကြမှာပါ။ ဒါကြောင့် သင့်ရဲ့ host ဟာ ကွန်ရက်ပေါ်မှာ ရှိသေးလားဆိုတာ ဘယ်လိုသိနိုင်မလဲ။ Web host magazine နဲ့ Buyer ရဲ့ Guide Site တို့မှာ host တွေရဲ့ အကြောင်းအရာ အသေးစိတ်လေ့လာနိုင်ပါတယ်။ အခမဲ့၊ ဘဏ္ဍာရေး၊ ကျသင့်တဲ့နှုန်းထား စတဲ့ အမျိုးအစားတွေအလိုက် host တွေကို အကြောင်းအရာ ခွဲပြီး တင်ပေးထားပါတယ်။ ကွန်ရက်ပေါ်မှာ မရှိတော့တဲ့ host တွေကနေ ရှောင်ရှားနိုင်ဖို့ အကူအညီပေးနိုင်တဲ့ tip တွေကိုလည်း ဖော်ပြပေးထားပါတယ်။

No comments: