Wednesday, June 11, 2008

ထီးဖြူဆောင်းမယ့်သူ

ထီးဖြူဆောင်းမယ့်သူ

ဟိုး … ရှေးရှေးတုန်းက လူတစ်ယောက်ဟာ အင်မတန်မှန်တဲ့ ဗေဒင်လက္ခဏာ ပုရောဟိတ်ကြီး တစ်ဦးထံမှာ သူ့ရဲ့ဇာတာကို တွက်စစ်ကြည့်သတဲ့။ ပုရောဟိတ်ကြီးက အသေအချာ ကြည့်ရှု တွက်ချက်ပြီး မင်းရဲ့ဇာတာဟာ အင်မတန်ထူးခြားလှတယ်၊ တစ်နေ့ကျရင် မင်းဟာ ဧကန်မုချ ထီးဖြူ ဆောင်းရလိမ့်မယ် လို့ ဆိုလိုက်တော့ အဲဒီလူလည်း အလွန်ဝမ်းသာအားရ ဖြစ်သွားတော့တာပေါ့။ အဲဒီခေတ်က ထီးဖြူဆိုတာ ဘုရင်များမှ ဆောင်းခွင့်ရတာကိုး။

ဒီလူဟာ ဗေဒင်တွက်ပြီး ပြန်လာတဲ့နေ့ကစလို့ ဘာအလုပ်မှမလုပ်တော့ဘဲ ထီးဖြူဆောင်းရမယ့် နေ့ကိုသာ မျှော်လင့်နေတော့တယ်။ ရှေးပုံဝတ္ထုတွေထဲကလို ဖုတ်သွင်းရထားကြီးဆိုက်လာ … သူ … ဘုရင်ဖြစ် … ထီးဖြူဆောင်း … ဆိုတာတွေကိုပဲ စိတ်ကူးယဉ်နေတော့သတဲ့။

ဒီလိုနဲ့ပဲ အချိန်တွေဟာ တရွေ့ရွေ့ကုန်ဆုံးလာပြီး ဘာမှမလုပ်ဘဲ စိတ်ကူးနဲ့သာ ရူးနေတဲ့သူဟာလည်း ငတ်ပြတ် ဆင်းရဲမှုတွေနဲ့ နာမကျန်းဖြစ်လာတော့တယ်။ တစ်နေ့တော့ သူဟာ ကျဲကျဲတောက်နေတဲ့ နေပူပြင်းပြင်းအောက် တုန်ချည့်ချည့်နဲ့ လျှောက်သွားနေရင်း အားအင်ကုန်ခန်းလာပြီး မြေပေါ်လဲကျသွားတော့တယ်။ သူ ပြန်မထနိုင်တော့ပါဘူး။

ဒီအချိန်မှာ တိုက်တိုက်ဆိုင်ဆိုင် တိုင်းခန်းလှည့်လည်လာတဲ့ ဘုရင်ကြီးဟာ သူ့ကိုတွေ့သွားတယ်။ သေခါနီး အသက်ငင်နေတဲ့ သူ့ကို အလွန် သနားသွားပြီး သူ့ရဲ့ထီးတော်မိုးကို အဲဒီသနားစရာကောင်းတဲ့လူကို ထီးမိုးပေး လိုက်စမ်းပါ လို့ဆိုတော့ ထီးတော်မိုးလည်း ဘုရင့်အမိန့်အတိုင်း ထီးသွားမိုးပေးရတာပေါ့။ ထီးဖြူရဲ့အရိပ် သူ့အပေါ်ကျလာတဲ့ ခဏမှာပဲ အဲဒီလူဟာ သေဆုံးသွားခဲ့တော့တယ်။

ဥက္ကာမင်းဆက်

(လူငယ်မဂ္ဂဇင်းတွင် ဥက္ကာမင်းဆက် ရေးသားထားတဲ့ စာစုလေးကို လူငယ်များ အယူမမှားရအောင် တစ်ဆင့်ကူးယူ ဖော်ပြအပ်ပါသည်)

6 comments:

¿De que estas Hecho? said...

GrAcIaS X VIsiTaR MI BLoG! (Y)... saludos .. cuidate... !

ဇနိ said...

ခင်ဗျား post လေးကို သဘောကျလို့ Shared Items ထဲမှာ ထဲထားတယ်ဗျ..
ဝေမျှတာ ကျေးဇူးတင်ပါတယ်ဗျာ..

ရွှေပြည်သူ (ShwePyiThu) said...

သင်ခန်းစာယူစရာ ပို့စ်ကောင်းလေးပါပဲ မောင်လေးရေ။ ဟုတ်ပါတယ်... တခါတလေ လူတွေဟာ “ကံဆိုတာ အလုပ်” ဆိုတာကို မေ့နေတတ်ကြပြီး စိတ်ကူးတွေ ထဲမှာပဲ ပျောက်ဆုံးနေတတ်ကြပါတယ်။ ပို့စ်လေးကပေးတဲ့ message အတွက် ကျေးဇူးတင်ပါတယ်း)

အညာသား said...

“ကံကိုယုံ၍ ဆူးခြုံမနင်းရ” ပေါ့ဗျာ။ ကောင်းလိုက်တဲ့ပို့စ်လေး။

အိတာ said...

သင်ခန်းစာယူစရာ တစ်ခုပါပဲ...ဝေမျှပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်၊၊

Taungoo said...

ကိုဝင်းဇော်ရေ
တိုတိုနဲ့ ထိမိလိုက်ပါဘိဗျာ
ပေးချင်တဲ့ message ကို ကွက်တိပဲ။ ကျေးဇူးပါ။

မေတ္တာဖြင့်