www.realage.com
Real Age သည် ကျန်းမာရေး အထူးပြု အွန်လိုင်းမီဒီယာတစ်ခု ဖြစ်ပြီး၊ အသုံးပြုသူများ အတွက် တစ်ကိုယ်ရေ ကျန်းမာရေး သတင်းအချက်အလက်များနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွင် အသုံးပြုနိုင် မည့် tool များ ပါဝင်တဲ့ ၀က်ဘ်ဆိုက်လည်း ဖြစ်ပါတယ်။ အဆိုပါ tool များသည် ကျန်းမာရေး လိုက်စားသော သူများကို ပိုမိုငယ်ရွယ် နုပျိုလာမည်ဟု ယုံကြည်ချက်များ ပေါ်ပေါက်လာစေရန် များစွာ အထောက်အကူ ပေးနိုင် ကြောင်း တွေ့ရပါတယ်။ Real Age သည် ရေဒီယိုနှင့် တီဗွီပရိုဂရမ်များစွာတွင်လည်း တစ်ကိုယ်ရည် ကျန်းမာရေး ပညာပေး အစီအစဉ်များ တင်ဆက်လျက်ရှိပါတယ်။ အထူး အသုံးတည့်သော feature တစ်ခုမှာ Real Age test ဖြစ်ပါတယ်။ ၄င်းတွင် ကျန်းမာရေးနှင့် သက်ဆိုင်သော မေးခွန်းများစွာ ပါဝင်ပြီး အဆိုပါ မေးခွန်း အားလုံး ဖြေဆိုပြီးပါက သင့်၏ ဇီဝကမ္မ အသက်နှင့် ပြက္ခဒိန်အသက်ကို နှိုင်းယှဉ်၍ တွက်ချက်ပေးမှာ ဖြစ်ပါတယ်။ ကျန်းမာရေး မလိုက်စားသူများသည် မူရင်းအသက်ထက် မည်မျှ အိုစာနေမည်ဖြစ်ကြောင်း အဖြေထွက်လာမယ် ဖြစ်တယ်။ ဒါ့အပြင် Interactive Health Assessment ပေါင်း ၄၀ ကျော်ပါဝင်ပြီး Quiz များနှင့် အခြား tool များကို အသုံးပြုကာ သင့်ကျန်းမာရေး အခြေအနေနှင့် ရောဂါဖြစ်နိုင်မှု အလားအလာ များ နှင့် ထိုအလားအလာကို မည်သို့ လျော့ချနိုင်ကြောင်း အကြံပြုချက်များ ပေါ်ထွက်လာမှာ ဖြစ်တယ်။ ဒါ့အပြင် ကျန်းမာရေးနဲ့ သက်ဆိုင်တဲ့ သတင်းအချက်အလက်များကို ရှာဖွေရာတွင် လွန်စွာ အသုံးတည့်သည့် Smart Search တစ်ခုလည်း ထည့်သွင်းပေးထားပါတယ်။