Saturday, November 7, 2020

အစားလျှော့စားခြင်း၏ ကျန်းမာရေးအကျိုးကျေးဇူးများ

 

အစားလျှော့စားခြင်း၏ ကျန်းမာရေးအကျိုးကျေးဇူးများ 


တစ်ရက်မှာ ပါမောက္ခချုပ် ဆရာတော်ကြီးဒါက်တာ နန္ဒမာလာဘိဝ တရားတစ်ပုဒ်မှာ ကြားလိုက်ရ၏။ မတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီး တရားတော် များထဲမှာ အစားအသောက်နှင့် ပတ်သက်ပြီးလာကသား တို့အတွက် မှာကြားခဲ့တာ ရှိသည်။ ငါဘုရားသည် တစ်ရက်လျှင် ဆွမ်းတစ်နပ်သာ ဘုဉ်းပေး၏။ ထို့အတွက် ကျန်းမာသည်။ပါ့ပါးသွက်လက် သည်ဟုဖစ်ပါသည်။ န့လွှဲညစာ မစားသည့် အလေ့အထကို  သံဃာတောများစာင့်ထိန်းခဲ့ သည်မှာ နှစ်ပေါင်း ထောင်ချီ ကြာမြင့်ခဲ့ပြီ။ ဘာသာရေး ကိုင်းရှိုင်းသည့် ဗုဒ္ဓ ဘာသာဝင်များ သည်လည်း အခါကြီး ရကကြီး များမှာ ဥပုသ်သီလစာင့်ထိန်း ကြသည်။


ပါမောက္ခချုပ် ဆရာတော်ကြီး တရားတော် ထဲမှာ ဥပုသ်စောင့်ခြင်း သည်  ယနေ့ အနောက်တိုင်းဆေး ပညာမှာ ခေတ်စားနေသည့်   Intermittent Fasting ပင်ဖြစ်ကြောင်း မိန့်ကြားခဲ့သည်။ ထို့အတွက်ကြောင့် အချိန်ပိုင်း အစာမစားဘဲ နေခြင်း  Intermittent Fasting အကြောင်းကို   ဆးပညာရှုထောင့်မှလ့လာ တင်ဆက်ဖို့ဖစ်လာ ပါသည်။

အမှန်တော့ ဥပုသ်စောင့်သည့်   အလေ့အထ၊ တစ်နည်းအားဖြင့် အစာစားခြင်းကို ကန့်သတ် ထိန်းချုပ်သည့် အလေ့အထမှာ တခြားသော ဘာသာဝင်များ မှာလည်း ရှိကြသည်။ ခရစ်ယာန်၊ အစ္စလာမ်၊ ဂျိန်း စသည့် ဘာသာကြီး များမှာလည်း ဥပုသ်စောင့်သည့် အလေ့အထ ရှိကြသည်။ဆးပညာအရ အချိန်ပိုင်း အစာမစားခြင်း တွင် စားသောက်မှု ပုံစံသုံးမျိုး တွေ့ရသည်။ တစ်ရက်ခြား အစာမစားခြင်း၊ တစ်ပတ်လျှင် နှစ်ရက် အစာမစားခြင်း နှင့်န့တိုင်းလိုလို အချိန်ပိုင်း အားဖြင့် အစာမစားခြင်းဟု ဖြစ်ပါသည်။ ဗုဒ္ဓဘာသာဝင် တို့၏ ဥပုသ်သီလ စောင့်ထိန်းခြင်းမှာန့စဉ်နေ့တိုင်း အချိန်ပိုင်း အစာမစားခြင်း အုပ်စုထဲ ထည့်သွင်းရမည် ဖစ်သည်။ 

Intermittent Fasting လုပ်ခြင်းဖြင့် န္ဓာကိုယ်အတွင်း ပြောင်းလဲမှုများ

သက်ရှိတို့၏  ဆဲလ်ကလာပ်စည်း များအတွက် စွမ်းအင် ရင်းမြစ်မှာ Clucose နှင့် Fatty Acids တို့ဖြစ်သည်။ အချိုဓာတ်နှင့် အဆီဓာတ်ဟု အလွယ်ခေါ်ဆို လိုက်မည်။ ထမင်းစားပြီး သည်နှင့် Glucose ကို စွမ်းအင်အဖြစ် ချက်ချင်းသုံးစွဲ လိုက်သည်။ အဆီဓာတ် များကမူ Adipose အမည်ရသည့် အဆီတစ်သှူး များထဲမှာ သိုလှောင် ထားသည်။ အစာမစားသည့် အခါ သိုလှောင်ထားသည့် အဆီဓာတ်များကို  ထုခွဲပြီး စွမ်းအင်အဖြစ် ထုတ်နုတ်သုံးစွဲ ရတော့သည်။ အဆီဓာတ်များ ပြိကွဲသည့်အခါ  Fatty Acids ထွက်လာသည်။

  Fatty Acids များကို အသည်းက စုပ်ယူပြီး Ketone Bodies များအဖြစ် ပြောင်းလဲ လိုက်သည်။ Ketone Bodies  များသည် အစာနှင့် ဝေးနေသည့် အချိန်မှာ ခန္ဓာကိုယ် အတွက် စွမ်းအင် ရင်းမြစ်များ ဖစ်သည်။

အစာပုံမှန် စားနေသည့်အချိန်မှာ  သွးထဲတွင် Glucose များသာရှိသည်။ Ketone Bodies များ နည်းပါးသည်။ အစာမစား တော့ဘဲ နာရီမှ ၁၂ နာရီ အထိကြာ လာသည့်အခါသွးထဲမှာ Ketone Bodies တွပြန်များ လာသည်။ အချိန်ပိုင်း အစာမစား ခြင်းကြောင့် သွးထဲမှာ Ketone Bodies များလာခြင်းကသွးတွင်း အချိုဓာတ်ကို ထိန်းညှိရာမှာ၊သွးပေါင်ချိန်နှင့် နှလုံးခုန်နှုန်းများ ထိန်းညှိရာမှာ၊ ဦးနှောက် အာရုံကြောဆဲလ် များ၏ ကျန်းမာရေး ထိန်းညှိရာမှာကာင်းမွန်သည့် အကျိုးကျေးဇူးများ ဖြစ်စေနိုင်ကြောင်း  သုတေသနများ အရ သိလာရသည်။

သမိုင်းစဉ် တစ်လျှောက်ပန်ကြည့် လိုက်လျှင် ယနေ့ လူသားတွေက ကမ္ဘာဦး လူသားများထက် လှုပ်ရှားမှု နည်းသည်။ တစ်ရက်ကို ထမင်းသုံးနပ် ပုံမှန်စားနေသည်။ ကြားထဲမှာ မုန့်တွေစားလိုက် သေးသည်။ ကမ္ဘာဦးခေတ်က လူသားတို့အဖို့ တစ်ရက် ထမင်းသုံးနပ် စားနိုင်ဖို့ စားနပ်ရိက္ခာ မဖူလုံခဲ့ကြ။ တစ်ရက် တစ်ရက်  အစာစားဖို့ ရှာဖွေ နေကြရင်းဖြင့် အချိန်ကုန်ကြ ရသည်။ ယနေ့ လူသားတွေက  ဥာဏစွမ်းအား ကို  ပိုသုံးလာသည်။ အစားအစာတွေ ပိုစားပြီးငိမ်ငြိမ်ထိုင် သူတွေ  ဖစ်လာကြသည်။

အချိန်ပိုင်း အစာမစားဘဲနေလျှင် အသက်ပိုရှည်သည်

ဓာတ်ခွဲခန်း အတွင်းက ကြွက်တွေမှာတော့ အချိန်ပိုင်း အစာမကျွေးဘဲ ထားသည့်အခါ ပျမ်းမျှ သက်တမ်း၏ ၈၀ ရာခိုင်နှုန်း အထိ အသက်ပိုရှည် လာကြကြောင်း တွ့ရသည်။ ၎င်းသုတေသန ကြွက်များကို တစ်ရက်ခြား အစာကျွေးခဲ့ တာပါ။ အစာမစားဘဲ နေသည်ဆိုရာ မှာ ကယ်လိုရီ ပါသည့်   အစားအသောက် တွေကိုလျှာ့စားတာလည်း အကျုံးဝင်သည်။ ထမင်း၊ အာလူး၊အချိုရည်နှင့် အသင့်စား အစားအသောက် အတော် များများက ကယ်လိုရီ များသည့် အစားအစာများ ဖြစ်သည်။ ပါးစပ်ထဲချိုမှ ကယ်လိုရီ များသည်မဟုတ်။ ပါးစပ်ထဲမှာ မချိုသည့် ကစီဓာတ် ပါဝင်မှု များသော အစားအစာများ ကလည်း ကယ်လိုရီ တက်နေနိုင်သည်။

လူသားများမှာ ကယ်လိုရီ လျှော့ထားသည့် Intermittent Fasting    အချိန်ပိုင်း အစာမစားခြင်း သုတေသနများ လုပ်ကြည့်သည့် အခါ ကိုယ်အလေးချိန် လျှာ့ချ လာနိုင်သည်။  ဆီးချိုကို  ထိန်းချုပ်နိုင်သည်။ ကိုယ်တွင်း အဆီဓာတ် တွေကိုလျှာ့ချလာ နိုင်သည်။ သွးတိုးရောဂါ ကို ထိန်းချုပ်နိုင်သည် ဟူသော အကျိုးကျးဇူး များကိုတွ့ရသည်။

အ၀လွန်ခြင်းနှင့် ဆီးချိုရောဂါ

အမျိုးအစား- ဆီးချိုရောဂါ သည်  ကိုယ်ခန္ဓာ အတွင်း အင်ဆူလင် အထွက်များခြင်း ကြောင့် ဖြစ်ရသည်။ ကယ်လိုရီတွေ လိုသည်ထက် ပိုစားသဖြင့် ကစီဓာတ် တွကိုချဖျက်ဖို့ အင်ဆူလင်တွေ ပိုထွက်လာရသည်။ အချိန်ကြာ လာသည်နှင့်အမျှ အင်ဆူလင်တွေ က များလာပြီး စွမ်းဆောင်ရည် ကျလာသည်။ Insulin Resistance ခ်ါပါသည်။ အချိန်ပိုင်း အစာမစားဘဲဖတ်ထား လိုက်သည့်အခါသွးထဲက အင်ဆူလင်တွေ အလုပ်ပိုလုပ် လာနိုင်သည်။  ၎င်းကိုမူ Insulin Sensitvity ကာင်းလာသည်ဟုခ်ါသည်။န့လွှဲညစာ မစားဘဲ Intermittent Fastion လုပ်သည့်အခါ ကိုယ်ရည်စစ် လာသည်။  ဆီးချို ဖြစ်ခြင်းမှ ကာကွယ်နိုင်သည် စသည့် အကျိုးကျေးဇူးများ ရလာသည်။

ဂျပန်နိုင်ငံ အိုကီနာဝါ ကျွန်းသားများသည် သူတို့၏ စားသောက်မှု ဓလေ့စရိုက်ကြောင့် အသက်ရှည် ကြသည်။ သူတို့က ကယ်လိုရီ နည်းနည်းပဲ စားသည်။ အသီးအရွက်နှင့် ပဲမျိုးစုံကို ပိုစာကြသည်။ အစားအသောက် စားသည့်အခါ မှာလည်း ဗိုက်ပြည့်ခါနီး ၈၀ ရာခိုင်နှုန်းမှာ အစားကို ရပ်လိုက်ကြသည်။ သူတို့ကတာ့ ၈၀/၂၀ စည်းမျဉ်းဟု ခေါ်သည်။ ၈၀ ရာခိုင်နှုန်းပဲ ဗိုက်ပြည့်အောင် စားသည့် သဘောပါ။ ၂၀ ရာခိုင်နှုန်း အစာအိမ်ကိုနရာချန်ပြီး စားကြသည်။ ရလဒ် အနေဖြင့် အိုကီနာဝါ ကျွန်းသားများ၏ ပျမ်းမျှ သက်တမ်းမှာ အမျိုးသမီးများ အဖို့ အသက် ၉၀ဖစ်ပြီး အမျိုးသား များမှာ အသက် ၈၄ နှစ်ဖြစ်သည်။သွးတိုး၊ ဆီးချို နှင့် အ၀လွန် ရောဂါ ဖြစ်ပွားမှုနှုန်း လည်း  အလွန်နည်းပါး သည်ကို တွေ့ကြရသည်။ 

နှလုံးသွေးကြောရောဂါများ

အချိန်ပိုင်း အစာမစားဘဲ နေခြင်းဖြင့်သွးပေါင်ချိန် ကို ထိန်းညှိပေး နိုင်သည်။ နှလုံးခုန်နှုန်း မှန်စေသည်။ သွးတွင်း အဆီဓာတ်များ ဖြစ်သည့်  HDL နှင့်  LDL ကို လက်စထရော များကို ထိန်းညှိပေး နိုင်သည်။ အချက်များက နှလုံး သွေးကြောများ   ကြွပ်ဆတ် ပိတ်ဆို့ခြင်းကို ကာကွယ်ပေး နိုင်သည်။  ခန္ဓာကိုယ် အတွက် မကောင်းသည့်ရာင်ရမ်းခြင်း များကိုလည်း အချိန်ပိုင်း အစာမစား ခြင်းဖြင့်  လျှာ့ချ နိုင်သည်။ သုတေသနများ အရ  န့စဉ် ကယ်လိုရီ စားသုံးမှုကို ၁၂ ရာခိုင်နှုန်း လျှော့ချခြင်းဖြင့် နှစ်နှစ်အတွင်း နှလုံးသွေးကြော ရောဂါ အန္တရာယ်များလျာ့ကျသွား စေနိုင်သည်ဟု ဆိုသည်။ 

ကင်ဆာရောဂါများ

အချိန်ပိုင်း အစာဖြတ် ထားခြင်း၊ ကယ်လိုရီ လျှော့ကျွးခြင်း များဖြင့် တိရစ္ဆာန်များမှာ ကင်ဆာကျိတ်များ ကျုံ့သွား စေနိုင်ကြောင်း လွန်ခဲ့သည့် နှစ် ၁၀၀ ကျာ်ကပင် သက်သေများ ရှိခဲ့ပြီဖြစ်သည်။ အချိန်ပိုင်း အစာဖြတ် ခြင်းဖြင့် ကင်ဆာဆဲလ် များ၏ စွမ်းအင်ရယူ သုံးစွဲမှုအား လျော့သွားမည်။ ထိုမှတစ်ဆင့် ကင်ဆာဆဲလ် ကြီးထွားမှု နှေးသွားပြီး ကင်ဆာဆေး များဖြင့် ကုသမှု ပိုမိုအောင်မြင် နိုင်မည်ဟု ယူဆချက် များလည်း ရှိသည်။ အင်ဆူလင်နှင့် ကြီးထွားမှု ဟော်မုန်းများ အပေါ် ထိန်းချုပ်ထား နိုင်သဖြင့်လည်း ကင်ဆာဖြစ်ပွားမှု လျော့ကျ စေနိုင်ကြာင်းတွ့ရှိချက် အချို့ ရှိနေသည်။ မျက်မှောက် ကာလမှာ ရင်သား၊ ဆီးကျိတ်၊ သားဥအိမ်၊ သားအိမ် နှင့် အူမကြီး ကင်ဆာရောဂါ များမှာ အချိန်ပိုင်း အစာဖြတ် ခင်းဖြင့် အကျိုးကျေးဇူး ရရှိနိုင်ခြင်း ရှိ၊ မရှိ သုတေသန များပြလုပ်ဆဲ ဖြစ်သည်။

ဦးနှောက်အာရုံကြောရောဂါများ

လူလတ်ပိုင်း အရွယ်မှာ လိုအပ်သည် ထက် ပိုမို စားသုံးခြင်းကြောင့်လဖြတ်ရောဂါ၊ အယ်လ်ဇိုင်းမား ရာဂါနှင့် ပါကင်ဆန် အကြော ရောဂါများဖစ်ပွားမှု ပိုလာနိုင်ကြောင်းတွ့ရှိချက်များ ရှိသည်။ တစ်ရက်ခား အစာမစား ခြင်းဖြင့် အယ်လ်ဇိုင်းမား နှင့် ပါကင်ဆန် ရောဂါဖြစ်ပွားမှု လျော့ကျ စေနိုင်ကြောင်း တိရစ္ဆာန် များတွင် သက်သေပြနိုင် ခဲ့ပြီဖြစ်သည်။ 

ရင်ကျပ်ပန်းနာ နှင့် အဆစ်ရောင် ရောဂါများ

ကိုယ်အလေးချိန် လျှော့ချ လိုက်ခြင်းဖြင့် အ၀လွန် လူနာများမှာ ရင်ကျပ်ပန်းနာ ရောဂါ သက်သာ စေနိုင်သည်။ရာဂါ သက်သာခြင်း နှင့်အတူ အဆုတ်လေပြွန် တွင်းရှိရာင်ရမ်းမှုများပါ  ကျဆင်း သွားကြောင်း  တွ့ရှိကြ ရသည်။ အချိန်ပိုင်း အစာဖြတ်ထားခြင်း   ရာင်ရမ်းမှု ကျဆင်းစေနိုင် သည့် အစွမ်းကြောင့် အရိုးလေး ဖက်နာ ကဲ့သို့သော အဆစ်ရောင် ရောဂါများပါ သက်သာ လာကြောင်းတွ့ရသည်။

နိဂုံးချုပ် အားဖြင့်ဆိုသော် အစားအစာကို ချင့်ချိန် စားသုံးခြင်း ဟူသောမတ်ဗုဒ္ဓ၏ အဆုံးအမမှာ ယနေ့ နှစ်ပေါင်း ၂၀၀၀ကျာ်လာသည် အထိ တည်တံ့ခိုင်မြဲ နဆဲဖြစ်သည်။ဆးပညာ သုတေသန တွေ့ရှိချက်များ မှာလည်း တစ်ရက်လျှင် ဆွမ်းတစ်နပ်သာ ဘုဉ်းပေးသည့် ရဟန်းသံဃာ တို့၏ အကျင့်သီလ နှင့် အလေ့အထကို ကာင်းမွန်သည့် ဘက်သို့ဖ်ာညွှန်းလျက် ရှိသည်။

တစ်ရက်ခြား အစာမစားဘဲ နေခြင်း၊ တစ်ပတ်လျှင နှစ်ရက် အစာမစားဘဲ နေခြင်း၊န့စဉ်လိုလို အချိန်ပိုင်း အစာမစားခြင်း (သီလ ဆောက်တည်ခြင်း) စသည့် Intermittent Fastingခ်ါသော အချိန်ပိုင်း အစာ မစားဘဲ နေခြင်း နည်းလမ်း များမှာ အများပြည်သူတို့ အတွက် သက်ရှည် ကျန်းမာ၊ရာဂါဘယ ကင်းဝေ စဖို့ အထောက်အကူ ပြမည်မှာသချာပါသည်။

အစာစားသောက် ရာတွင်လည်း ကယ်လိုရီ များသည့် အစားအစာ များကို တတ်နိုင်သမျှလျှာ့ချပြီး ဟင်းသီးဟင်းရွက် နှင့် သစ်သီး၊ ပဲအမျိုျးိုးကို သင့်တင့် မျှတစွာ စားသုံးခြင်းဖြင့် အသက်ရှည်ရာ အနာမဲ့ကြာင်းကာင်းကျိုး ချမ်းသာ ရကြမည် ဖြစ်ကြောင်း တင်ပြလိုက်ရ ပါသည်။    

 

ဒါက်တာလွှမ်းမိုးဟန်

ဓာတ်ပုံ - အင်တာနက်

Crd - mwddaily


No comments: