Monday, November 16, 2020

နာတာရှည်အဆုတ်ပွ အသက်ရှူလမ်းကြောင်းကျဉ်း ရောဂါ

 

နာတာရှည်အဆုတ်ပွ အသက်ရှလမ်းကြောင်းကျဉ်း ရောဂါ 

 


ကမ္ဘာပေါ်မှာ   နာတာရှည် အဆုတ်ပွ  အသက်ရှလမ်းကြောင်း ကျဉ်းရောဂါ ခံစားနေရသူ သန်း ၂၅၀ ရှိတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံ တွေထဲမှာ ဆေးလိပ် သောက်သုံးမှုနဲ့ ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ သက်ကြီးရွယ်အို အရေအတွက် မြင့်မားလာမှု၊ လေထု ညစ်ညမ်းမှု တွေကြောင့် လာမယ့် နှစ် ၃၀ မှာ အဆုတ်ပွ လေပြွန်ကျဉ်း ရောဂါကြောင့် သေဆုံးသူ ပိုလာနိုင်တယ်။ နှစ်စဉ် လူဦးရေ သုံးသန်း ယင်းရောဂါနဲ့ သေဆုံးနေကြ ရပါတယ်။

၂၀၃၀ ပြည့်နှစ်မှာ ၄ ဒသမ ၅ သန်း သေဆုံး နိုင်တယ်။ ၂၀၃၀ ပြည့်နှစ် လူသားတို့ သေဆုံးရတဲ့ တတိယမြောက် အများဆုံးရောဂါ ဖြစ်လာနိုင်တယ်။ နိုဝင်ဘာ ၂၁ ရက်နေ့ဟာ ကမ္ဘာ့ နာတာရှည် အဆုတ်ပွ အသက်ရှူ လမ်းကြောင်းကျဉ်း ရောဂါနေ့ (World COPD Day ) ဖြစ်တယ်။


ရောဂါဖြစ်ရတဲ့ အကြောင်းရင်းမှာ ဆေးလိပ် သောက်ခြင်း၊ အိမ်တွင်း လေထု ညစ်ညမ်းခြင်း၊ ပတ်ဝန်းကျင် လေထု ညစ်ညမ်းခြင်း၊ လုပ်ငန်းခွင် ဖုန်မှုန့်များ၊ ဓာတုပစ္စည်း များကြောင့် ဖြစ်တယ်။ စက်မှုဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ စက်ရုံ၊ မော်တော်ယာဉ် များပြားလာမှု၊ မြစိမ်းရောင် သစ်ပင်သစ်တော ရှားပါးမှု တွေကြောင့် ကာဗွန်ဒိုင် အောက်ဆိုက် ဓာတ်ငွေ့ စတဲ့လေထု ညစ်ညမ်းမှုက ပိုနေကာ နာတာရှည် အဆုတ်ပွ လြွေပန်ကျဉ်း ရောဂါ ဖြစ်လာရခြင်း ဖြစ်တယ်။

အဆုတ်အတွင်းမှာ  သေးငယ်တဲ့ လေအိတ်များ ပျက်စီးရောဂါနဲ့  နာတာရှည် အဆုတ်ပွ  လြွေပန်ရောင်ရမ်း ရောဂါတို့ဟာ နာတာရှည် အဆုတ်ပွ လြွေပန်ကျဉ်း ရောဂါ ဖြစ်စေတယ်။

ရောဂါလက္ခဏာ တွေက အသက်ရှခက်ခဲခြင်း၊ ချောင်းဆိုးခြင်း၊ သလိပ်ထွက်ခြင်း၊ မောပန်းခြင်း၊ အသက်ရှရင် ရွှီရွှီမြည်ခြင်း တို့ဖြစ်တယ်။  ယင်းလက္ခဏာ တွေဟာ ရောဂါဖြစ်စေတဲ့ အကြောင်းရင်းနဲ့ ရေရှည်ထိတွေ့ ရာမှ ဖြစ်ပေါ်တယ်။ စီးကရက် မီးခိုးငွေ့ကြောင့် ဖြစ်တယ်။  နာတာရှည် အဆုတ်ပွ လေပြွန်ကျဉ်း ဖြစ်ပွားသူ တွေဟာ နှလုံးရောဂါ၊ အဆုတ်ရောဂါ၊ အဆုတ်ကင်ဆာ ရောဂါတို့ ခံစားရ နိုင်တယ်။

ရောဂါဖြစ်နိုင်ခြေ များသူများမှာ ဆေးလိပ် သောက်သူများ၊ တစ်ဆင့် ဆေးလိပ်ငွေ့ ရှမိသူများ၊ ဆေးလိပ် သောက်တဲ့ ပန်းနာရင်ကျပ် ရောဂါခံစား ရသူများ၊ လုပ်ငန်းခွင် ဖုန်မှုန့်များ၊ ဓာတုပစ္စည်း တွေနဲ့ ထိတွေ့နေရ သူများ၊  လေ၀င်လေထွက် မကောင်းတဲ့ အိမ်တွေမှာ ချက်ပြတ်ရာမှ ထွက်တဲ့ အငွေ့တွေနဲ့ ထိတွေ့သူများ၊ အသက် ၄၀ ကျော်သူများနဲ့  အယ်ဖာ(၁) အင်တီ ထရပ်ဆင် (AAt) ချို့တဲ့သူတွေ ဖြစ်တယ်။ နာတာရှည် အဆုတ်ပွ လေပြွန်ကျဉ်း ရောဂါသည်   ဆေးလိပ်သောက် သူတွေမှာ ၂၀ မှ ၃၀ ရာခိုင်နှုန်းထိ ဖြစ်နိုင်တယ်။ နာတာရှည် အဆုတ်ပွ၊ လေပြွန်ကျဉ်း ရောဂါရဲ့ လက္ခဏာတွေက အသက်ရှခက်ခဲခြင်း၊ ချောင်းဆိုးခြင်း၊  သလိပ်ထွက်ခြင်း၊ မောပန်းခြင်း၊ အသက်ရှပါက ရွှီရွှီမြည်ခြင်း တို့ဖြစ်တယ်။ ရောဂါလက္ခဏာ တွေဟာ ရောဂါဖြစ်စေတဲ့ အကြောင်းရင်းနဲ့ ရေရှည်ထိတွေ့ ရာမှာ ဖြစ်ပေါ် လာတယ်။ နာတာရှည် အဆုတ်ပွ လေပြွန်ကျဉ်း ဖြစ်ပွားသူ တွေဟာ နှလုံးရောဂါ၊ အဆုတ်ရောဂါ ဖြစ်နိုင်တယ်။ ၁ ရာခိုင်နှုန်းဟာ AAtျို့တဲ့လို့ ဖြစ်တယ်။ အဆုတ်ကို ကာကွယ်ဖို့  AAt ကို အသည်းက ထုတ်၍ သွေးကြောထဲ ထုတ်လွှတ်တယ်။ AAtျို့တဲ့ရင် အသည်းနဲ့ အဆုတ် ထိခိုက်နိုင်တယ်။

ရောဂါရဲ့ နောက်ဆက်တွဲ ပြဿနာတွေက အသက်ရှလမ်းကြောင်း ပိုးဝင်ခြင်း၊ နှလုံးရောဂါ ဖြစ်ပွားနိုင်ခြင်း၊ အဆုတ်ကင်ဆာ ဖြစ်ပွားနိုင်ခြင်း၊  အဆုတ်ထံ သွေးပို့ဆောင်တဲ့ သွေးလွှတ်ကြော တွေမှာ သွေးပေါင်ချိန် မြင့်တက်ခြင်းနဲ့ စိတ်ဓာတ်ကျခြင်း၊ အိပ်မရခြင်း၊  အမြဲတမ်း စိတ်တို စိတ်ဆတ်ခြင်း၊  ပတ်ဝန်းကျင်နဲ့ ဓာတ်မတည့်မှု ပိုဖြစ်ခြင်း၊ အထီးကျန် ဆန်ခြင်းတို့ ဖြစ်နိုင်တယ်။ ကလေးတွေမှာ ဖြစ်ရင် စာမလိုက် နိုင်ခြင်း၊ကိုယ်ရည် ကိုယ်သွေး ကျဆင်းခြင်းတို့  ဖြစ်တတ်တယ်။

နာတာရှည် အဆုတ်ပွ လေပြွန်ကျဉ်း ရောဂါကုသ ရာမှာ ရောဂါဖြစ်နိုင် ခြေတွေကို လျှော့ချခြင်း၊ ဆေးဝါးနဲ့ ကုသခြင်း၊ ဆေးဝါး မဟုတ်တဲ့ ကုသမှုနဲ့ ကုသခြင်း၊ ရောဂါရုတ်တရက် ဆိုးရွားလာမှုကို ကုသပေးခြင်း ရှိတယ်။ ရောဂါကုသရာမှာ   ရောဂါလက္ခဏာ အခြေအနေ၊ အသက်ရှစမ်းသပ်ကိရိယာ နဲ့စမ်းသပ်မှု အခြေအနေ၊ ရောဂါ ရုတ်တရက် ဆိုးရွားလာမှု အခြေအနေနဲ့ အခြားရောဂါရှိ၊ မရှိတို့ကို ထည့်သွင်း စဉ်းစားဆန်းစစ် ရတယ်။ နာတာရှည် အဆုတ်ပွ လေပြွန်ကျဉ်း ရောဂါနဲ့ ရင်ကျပ်ရောဂါ ကုသရာမှာ အဆုတ်လေပြွန် ကျယ်စေတဲ့ ရှဆေး ပေးနိုင်တယ်။

အသက်ရှူရခက်ခဲသည့် လက္ခဏာရှိ သူများကို အဆင့်ဆင့် ချဉ်းကပ်နည်းနဲ့ ရောဂါရှာဖွေ ဖော်ထုတ်နိုင်တယ်။ အဆင့်ငါးဆင့် ရှိတယ်။

          ၁။ လူနာရဲ့ နာတာရှည် အသက်ရှလမ်းကြောင်းရောဂါ ရှိ၊   မရှိ မေးမြန်းခြင်း။

          ၂။ အရွယ်ရောက်ပြီး လူနာများမှာ နာတာရှည် အဆုတ်ပွ လေပြွန်ကျဉ်း ရောဂါ၊   ပန်းနာရင်ကျပ် ရောဂါ၊ နာတာရှည် အဆုတ်ပွ လေပြွန်ကျဉ်းနဲ့ ပန်းနာ နှစ်မျိုးရှိတဲ့ ရောဂါတို့ ရှာဖွေ ဖော်ထုတ်ခြင်း။

          ၃။ အသက်ရှတိုင်း ကိရိယာနဲ့ စမ်းသပ်ခြင်း။

          ၄။ ကနဦး ဆေးကုသမှု စတင်ခြင်း။

          ၅။ လိုအပ်ရင် အဆုတ်နှင့် ရင်ခေါင်းအထူးကု သို့မဟုတ် ဆေးရုံ ပို့ဆောင်ရေး တို့ဖြစ်တယ်။

လူနာတွေမှာ အဆုတ်လေပြွန် ကျယ်စေသည့် ရှဆေး  စတီးရွိုက် ရှဆေး၊ စားဆေး၊ အမိုင်နို သို့မဟုတ် ဗင်တိုလင် စားဆေး၊  ပဋိဇီဝဆေးတို့ အရန်သင့် ထားရှိကာ ခဏကျပ် လာကတည်းက  ရှပေးဖို့လိုတယ်။  ပြင်းထန်လာရင် ဆရာဝန်ထံ သွားရောက်ရမည်။  ဆရာဝန် က ပဋိဇီဝဆေး၊ လေပြွန်ကျယ်ဆေး၊ စားဆေး၊   ထိုးဆေးပေးနိုင်တယ်။

ရောဂါကာကွယ် နည်းလမ်းတွေက နာတာရှည် အဆုတ်ပွ လေပြွန်ကျဉ်း ရောဂါကို ကာကွယ်ရန် ဆေးလိပ်ဖြတ်ခြင်း၊ လုပ်ငန်းခွင်မှာ အသက်ရှကာကွယ်ရေး ကိရိယာ အသုံးပြုခြင်းတို့ ဖြစ်တယ်။ နာတာရှည်၊ အဆုတ်ပွ၊  လေပြွန်ကျဉ်း ရောဂါရှိသူတွေ အနေနှင့် အသက်ရှလမ်းကြောင်း ပိုးဝင်ခြင်းမှ ကာကွယ်ရန် အတွက် တုပ်ကွေးရောဂါ ကာကွယ်ဆေးနှင့် အဆုတ် နဲ့ဦးနှောက် အမြှေးရောင် ရောဂါ ကာကွယ်ဆေး တို့ကို   နှစ်စဉ်ထိုးဖို့ လိုအပ်တယ်။ အများဆုံး ကြံတွေ့ကြရ တာက ခုခံမှုစနစ် အားနည်းခြင်း တွေ့ကြံကြ ရကာ ရာသီအပြောင်းမှာ အအေးမိ၊ နှာစေး၊  တုပ်ကွေး ရောဂါဖြစ်ပွားမှု ပိုဖြစ်တတ်တယ်။

နာတာရှည် အဆုတ်ပွ လေပြွန်ကျဉ်း ရောဂါဖြစ်နိုင်ခြေ များနေသူတွေ အနေနဲ့ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းများဆီ သွားရောက်ကာ ဆွေးနွေး တိုင်ပင်သင့်တယ်။ နာတာရှည်၊ အဆုတ်ပွ၊ လေပြွန်ကျဉ်းရောဂါ ခံစား နေရသူတွေ အနေနှင့် တတ်ကျွမ်း နားလည်သည့် ဆရာဝန်များ၊ အဆုတ် နှင့်  ရင်ခေါင်းအထူးကု ဆရာဝန်များနဲ့ စနစ်တကျ ကုသ အကြံဥာဏ် ရယူသင့်တယ်။

ကလေးလူနာတွေ သနားဖို့ ကောင်းလှအောင် ရင်ကျပ်၊ အသက်ရှူ မ၀ရောဂါ အလူးအလဲ ခံစားရတယ်။ အဆုတ်လေပြွန် ကျယ်စေတဲ့ ရှဆေး၊  အမိုင်နို၊ ဗင်တိုလင်၊ ဆာလဗြတမော စားဆေး၊ ပဋိဇီဝစားဆေး တို့  ဆောင်ထား သင့်တယ်။ ဖြစ်နိုင်ရင် အောက်ဆီဂျင် ရှနိုင်ဖို့ ပြင်ဆင်ထား ရှိသင့်တယ်။ ယင်းရောဂါ ဖြစ်စေတဲ့ ဆေးလိပ် သောက်ခြင်း၊  အိမ်တွင်း လေထု ညစ်ညမ်းခြင်း၊ ပတ်ဝန်းကျင် လေထု ညစ်ညမ်းခြင်းနှင့် လုပ်ငန်းခွင်မှာ ဖုန်မှုန့်တွေ၊ ဓာတုပစ္စည်းတွေ ရှောင်ရှားသင့်ကာ ဆေးအသင့် ဆောင်ထား ရတယ်။ တစ်ကိုယ်ရေ သန့်ရှင်းရေး၊ အိမ်ကျောင်း သန့်ရှင်းရေး၊  ပတ်ဝန်းကျင် သန့်ရှင်းရေးကို   အလေးထား ဆောင်ရွက်ထား သင့်ပါတယ်။   

 

ဒေါက်တာလွင်သန့်

ဓာတ်ပုံ - အင်တာနက်

Crd - mwddaily


No comments: