Friday, November 20, 2020

လူတိုင်းကျန်းမာဖို့ သန့်စင်ခန်းသုံးကြစို့

 

လူတိုင်းကျန်းမာဖို့ သန့်စင်ခန်းသုံးကြစို့ 

 

ကမ္ဘာ့မိလ္လာ (အိမ်သာ)နေ့


ရေအိမ် အသုံးပြနိုင်မှု အားနည်းခြင်းကို မြန်မာနိုင်ငံ တွင်သာမက တခြားနိုင်ငံ အများအပြား တွင်လည်း တွေ့နိုင်သည်။ ကမ္ဘာပေါ်တွင် လူဦးရေသန်း ၇၀၀၀ ကျော်ရှိရာ  ဟာလာဟင်းလင်း တ်ဝန်းကျင်တွင် ကျင်ကြီး၊ ကျင်ငယ် စွန့် သူအရေအတွက်မှာ သန်း ၁၀၀၀ ၀န်းကျင် ရှိနေသည်။ ရေအိမ်(အိမ်သာ) များသည် လူ့အဖွဲ့အစည်း နှင့် ကမ္ဘာကြီး သာယာလှပ ရေးအတွက် မည်မျှ အရေးပါသည် ဆိုသည်ကို သိရှိရေးနှင့် ကျန်းမာရေး နှင့်ညီညွတ်ပြီး သန့်ရှင်းသည့် ရေအိမ်များ ဖြစ်လာရန် ဆောင်ရွက်နိုင်ရေး တို့အတွက် ကမ္ဘာ့ရေအိမ် (အိမ်သာ) များနေ့ကို World Toilet Organization (WTO) မှ ၂၀၁၁ ခုနှစ် နိုဝင်ဘာ ၁၉ ရက်တွင် စတင်သတ်မှတ် အကောင် အထည်ဖော် ခဲ့သည်။ ထိုအခြေအနေကို သတိပြမိ ကြစေရေး အတွက် ၂၀၃၀ ပြည့်နှစ်တွင် လူသားတိုင်း လုံခြံစိတ်ချ ရသည့် ရေအိမ်(အိမ်သာ) သုံးနိုင်ရေး ရည်မှန်းချက်ထား ဆောင်ရွက် နေသောကမ္ဘာ့ ကုလသမဂ္ဂအဖွဲ့ က ခရစ်နှစ် ၂၀၁၃ ခုနှစ်က စ၍နှစ်စဉ် နိုဝင်ဘာ  ၁၉ ရက်နေ့ကို ကမ္ဘာ့အိမ်သာနေ့ (World Toilet Day) အဖြစ် သတ်မှတ်ကာ  ကမ္ဘာတစ်ဝန်း အိမ်သာ သုံးစွဲသော ယဉ်ကျေးမှု အစဉ်အလာ ကောင်းတစ်ရပ် ဖြစ်အောင် စည်းရုံးလှုံ့ဆော် လာခဲ့သည်။


သို့သော် ကမ္ဘာ့လူဦးရေ၏ သုံးပုံတစ်ပုံ ကျော်သည် သန့်ရှင်းသော ယင်လုံအိမ်သာ  မသုံးစွဲနိုင် သေးပေ။ စစ်တမ်းများအရ ၂၀၁၈ ခုနှစ်အထိ တစ်ကမ္ဘာ လုံးတွင် လူသန်းပေါင်း ၂၄၀၀ မှာ စနစ်ကျသော အိမ်သာများ အသုံးမပြK နိုင်သေးကြောင်း သိရသည်။ စီးပွားရေး အခြေအနေ နိမ့်ကျခြင်း၊ ဆင်းရဲနွမ်းပါးခြင်း နှင့်အခြေခံ အဆောက်အဦ ချို့ငဲ့ခြင်း ဖြစ်စဉ်များ၏ ရလဒ်အဖြစ် ရေကောင်းရေသန့် နှင့် ကောင်းမွန် သန့်ရှင်းသည့် ရေအိမ် (အိမ်သာ) စနစ်တို့ကို သုံးစွဲခွင့် မရသည့် လူသားများမှာ ကမ္ဘာတစ်ခွင်၌ သန်းပေါင်းများစွာ ရှိနေသည်။ ကမ္ဘာ့ လူဦးရေမှ ၄ ဒသမ ၅ ဘီလီယံသော လူများသည် လုံခြံကောင်းမွန်သည့် အိမ်သာများ မရှိဘဲ ရှင်သန်နေရပြီး ၈၉၂ သန်းသော လူသားများမှာမူ ကျင်ကြီး၊ ကျင်ငယ်တို့ကို လဟာပြင်၌ပင် ပြီးစလွယ် စွန့်ကြရသည်။

ညစ်အကြေး စွန့်ခြင်းဖြစ်စဉ်

အညစ်အကြေး စွန့်ခြင်း ဖြစ်စဉ်သည်  ခန္ဓာကိုယ်တွင်း ရှုပ်ထွေးသော ဇီဝဖြစ်စဉ် တစ်ခုဖြစ်သည်။ အတိုချုံး ၍ ရေးသားဖော်ပြ ရမည်ဆိုပါလျှင် အစာဟောင်း အိမ်ထဲတွင် မစင်များ ပြည့်နှက် လာခြင်းက အစာဟောင်း အိမ်တစ်လျှောက် ရှိကြွက်သားများကို ပြေလျော့ကျ လာသည်။  ထိုအခါ အစာဟောင်းအိမ် ပတ်လည်တွင် လွှမ်းခြံထားသော  Puborectalis  ကြွက်သားက အစာဟောင်းအိမ်ကို အရှေ့ဘက်သို့ တွန်းထုတ်လိုက် ခြင်းကြောင့် Anorectal Angle ခေါ် ထောင့်ချိုး တစ်ခု ဖြစ်ပေါ်လာသည်။ ထိုမှတစ်ဆင့် မစင်စွန့်ထုတ် ကြလေသည်။

မြန်မာပြည်နှင့်အိမ်သာယဉ်ကျေးမှု

မြန်မာနိုင်ငံတွင်၂၀၁၄ ခုနှစ် သန်းခေါင် စာရင်းအရ ယင်လုံအိမ်သာ (ရေအိမ်) အသုံးပြသည့် အိမ်ထောင်စု ဦးရေ ၇၄ ဒသမ ၃ ရာခိုင်နှုန်းရှိပြီး နိုင်ငံ့ လူဦးရေ၏ လေးပုံတစ်ပုံ ခန့်မှာ ယင်လုံအိမ်သာ သုံးစွဲရန် လိုအပ် နေဆဲဖြစ်ကြောင်း၊ ထို့ပြင် ၂၀၁၄ ခုနှစ်က မြို့နယ်ပေါင်း ၁၆ ခုအတွင်း စစ်တမ်းကောက် ယူခဲ့ရာ တောင်တန်း ဒေသ၊ မြေပြန့်ဒေသနှင့် ကမ်းရိုးတန်း ဒေသများ၌ အိမ်သာ အသုံးမပြဘဲ အပြင်၌ စွန့်ပစ်သူဦးရေမှာ ၁၃ ဒသမ ၉ ရာခိုင်နှုန်း ကျော်ရှိကြောင်း ကျန်းမာရေး ၀န်ကြီးဌာန လက်အောက်ရှိ   ပတ်ဝန်းကျင် သန့်ရှင်းရေးဌာန မှ သိရသည်။

တစ်နှစ်ထက် တစ်နှစ် မြန်မာပြည် တစ်ဝန်း ရေအိမ် (အိမ်သာ)များ သုံးစွဲနိုင်ရေး စီမံချက်ကို  အရှိန်အဟုန် မြှင့်တင် ဆောင်ရွက်လာခဲ့ရာ  ပြီးခဲ့သော  ၂၀၁၈- ၂၀၁၉ ပညာသင်နှစ် စာရင်းအင်း အချက်အလက် အရ အခြေခံပညာ ကျောင်းများတွင် ရေအိမ် လုံလောက်သည့် ကျောင်း အရေအတွက်သည် ၆၅ ဒသမ ၄၀ ရာခိုင်နှုန်း၊ သောက်ရေ လုံလောက်သည့် ကျောင်း အရေအတွက်သည် ၈၃ ဒသမ ၂၂ ရာခိုင်နှုန်းနှင့် သုံးရေ လုံလောက်သည့် ကျောင်း အရေအတွက် သည် ၈၅ ဒသမ ၂၁ ရာခိုင်နှုန်း ရှိကြောင်း အားရဖွယ် တွေ့ရှိရသည်။ အဆိုပါ စီမံချက် များအတွက် ''သန့်စင်မေတ္တာ'' အဖွဲ့အစည်း သည် အခြေခံပညာ ကျောင်းများတွင် ရေနှင့် ပတ်ဝန်းကျင် ဆိုင်ရာ သန့်ရှင်းရေး၊ တစ်ကိုယ်ရေ သန့်ရှင်းရေး (Water Sanitation and Hygiene)  နှင့်ပတ်သက်၍ ကျန်းမာရေး ဆိုင်ရာ အသိပညာ ပေးသည့် အစီအစဉ် များကို  ပညာရေး ၀န်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာန တို့ဖြင့်  ပူးပေါင်း ဆောင်ရွက်လျက် ရှိသည်။

ကမ္ဘာ့မိလ္လာ(အိမ်သာ)များနေ့မှသည်

လူသားများ သတိပြလာစေရန်အတွက် WTO မှ ကမ္ဘာ့ ရေအိမ်များနေ့ အတွက် နှစ်စဉ်နှစ်တိုင်း အဓိပ္ပာယ် ပြည့်ဝသော ဆောင်ပုဒ် တစ်ခုစီကို ဖော်ဆောင် လျက်ရှိသည်။ ၂၀၁၈ ခုနှစ်အတွက် ဆောင်ပုဒ်မှာ သဘာဝတရားလှပဖို့၊ ရေအိမ် ဆောက်လုပ် သုံးစွဲကြပါစို့ (When Nature Calls Take Action) ဖြစ်ပြီး ၂၀၁၉ ခုနှစ်အတွက် ဆောင်ပုဒ်မှာ ''လူသားတိုင်း ရေအိမ် သုံးစွဲနိုင်ရေး (Leaving No One Behind ဖြစ်သည်။ ယခု ၂၀၂၀ ပြည့်နှစ်အတွက်  ဆောင်ပုဒ်မှာ ''မိလ္လာ၊ ရေဆိုးစနစ်ကို ထိန်းသိမ်းပါ၊  ဘ၀ အခြေအနေ ပြောင်းလဲလာမှာ (Sustainable sanitation and climate change) 'ဖြစ်သည်။

အိမ်သာ အသုံးမပြုဘဲ အပြင်မှာ ကြံသလိုစွန့်ပစ် ခြင်းက ၀မ်းပျက်ဝမ်းလျှော ကဲ့သို့သော နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာများကို ဖြစ်စေနိုင်သည်။ ချုံတိုး မစင်စွန့်သည့် အလေ့အထသည် ကူးစက်ရောဂါများ ဖြစ်ပွားစေသော  အကြောင်းရင်း တစ်ခုဖြစ်သည်။ စနစ်တကျ စွန့်ပစ်ခြင်း မရှိသည့်မစင်ကို  ယင်နားရာမှ

ရောဂါပိုး ပြန့်ပွားစေပြီး ရောဂါဘယ ထူပြောစေသည်။

ထို့ကြောင့်  ''ယင်လုံအိမ်သာ ဆောက်လုပ်ပါ'' ''လက်ဆေးပါ'' ဟူ၍  ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ စဉ်ဆက်မပြတ် သတိပေး လှုံ့ဆော်ပေး နေရခြင်း ဖြစ်သည်။ ၀မ်းပျက်ဝမ်းလျှော ရောဂါမှ ကာကွယ်နိုင်ရန် ကျန်းမာရေးနှင့် ညီညွတ်သော၊ လုံခြံစိတ်ချ ရသော၊ ဘေးကင်း စိတ်ချရသော    သောက်သုံးရေ ရရှိရေး စီမံချက်နှင့် လူထု ဦးဆောင်သော အလုံးစုံ (အိမ်သာ၊ ရေ၊ပတ်ဝန်းကျင်) သန့်ရှင်းရေး စီမံချက်များကို အရှိန်အဟုန် မြှင့်တင် ဆောင်ရွက်နေပြီး ဖြစ်ရာ ယခုအခါ အိမ်သာလုံးဝ အသုံးမပြသေးသူ လူဦးရေ ပမာဏကို ယခင်ကထက် ရာခိုင်နှုန်း သုည ဒသမ ၈ အောက်သို့ လျှော့ချသွား နိုင်တော့မည် ဖြစ်ကြောင်း ပတ်ဝန်းကျင် သန့်ရှင်းရေး ဌာနမှသိရသည်။

အဆိုပါ စီမံချက်ဖြင့် အိမ်သာ အသုံးပြုမှု နည်းပါးသည့် နေရာမှာ ကျေးလက်ဒေသ များတွင် တည်ရှိသောကြောင့် ဒေသခံတို့ကို လုံခြံသည့် အိမ်သာ ဆောက်လုပ်သည့် နည်းလမ်းများ သင်ကြားပြသခြင်း၊ စရိတ် နည်းပါးသည့် အိမ်သာ တည်ဆောက်နိုင်ရန် ကူညီခြင်း၊ စာသင်ကျောင်း များတွင်  အိမ်သာ ဆောက်လုပ် လှူဒါန်းခြင်းတို့ကို မြန်မာပြည်တွင်း တစ်ကိုယ်တော် အလှရှင်များ သာမက ပရဟိတ အသင်းအဖွဲ့ များနှင့် နိုင်ငံတကာ အဖွဲ့တချို့က ကူညီ ဆောင်ရွက်လျက် ရှိသည်။

လူသားတိုင်းရေအိမ်သုံးစွဲနိုင်ရေး

ပြီးခဲ့သော စာသင်နှစ်များ အတွင်း  သက်ဆိုင်ရာ  ပညာရေး ၀န်ကြီးဌာန၊ နိုင်ငံတကာ အဖွဲ့အစည်းများ၊  ဖွံ့ဖြိုးမှုမိတ်ဖက် များနှင့် ပူးပေါင်း ဆောင်ရွက်နေသည့်  School Wash ( School Water and Sanitation and Hygiene Promotion) အစီအစဉ် ဆောင်ရွက်နေသော ''သန့် ၅ သန့်'' လုပ်ငန်းများ အရ  ရေသန့်၊ အိမ်သာသန့်၊ အစာသန့်၊ လက်သန့် (တစ်ကိုယ်ရေ သန့်)၊ ပတ်ဝန်းကျင်သန့် လုပ်ငန်းများကို ကျောင်းများတွင် ဘ၀တွက်တာ ကျွမ်းကျင်စရာ ဘာသာရပ် သင်ခန်းစာ များနှင့် ချိတ်ဆက် သင်ကြား လေ့ကျင့်ပေး နေသည်။

အချုပ်အားဖြင့် ဆိုသော် သန့်ရှင်းရေး လုပ်ခြင်းသည် မိမိကိုယ်တိုင် နှင့် လူ့အဖွဲ့အစည်း ၏ ဂုဏ်သိက္ခာကို မြှင့်တင် နေထိုင်တတ် ရန်နှင့် မိမိတာဝန်ကို မိမိယူရခြင်း ဖြစ်ပေသည်။ ထို့ကြောင့် ယခုနှစ်တွင် ကျရောက်သည့် ကမ္ဘာ့မိလ္လာ (အိမ်သာ)များ နေ့မှသည် လူသားတိုင်း ကျန်းမာဖို့ သန့်စင်ခန်း သုံးကြစို့လို့ နှိုးဆော်လိုက်ရ ပါကြောင်း။ 

 

ပေါက်ပေါက်

ဓာတ်ပုံ - အင်တာနက်

Crd - mwddaily


No comments: