Tuesday, November 3, 2020

နားကိုက် နားပြည်ယိုခြင်း နှင့် အစားအစာ

 

နားကိုက် နားပြည်ယိုခြင်း နှင့် အစားအစာ 



 နားကိုက်၊ နားပြည်ယိုတာ နားအတွင်း ရောဂါပိုး ၀င်ရောက်လို့ပဲ ဖြစ်ပါတယ်။ နားမှာ အပြင်နား ၊ အလယ်နား ၊ အတွင်းနား ၊ သုံးခုရှိပြီး အားလုံး ရောဂါပိုး ၀င်ရောက်နိုင် ပါတယ်။ နားအတွင်း ရောဂါပိုး ၀င်ရောက်ခြင်းကို ကလေးတွေမှာ အတွေ့ရများ ပါတယ်။ အရွယ်ရောက် သူတွေမှာ အပြင်နား ယားနာ ၊ နှင်းခူ ဖြစ်တတ် ပါတယ်။

          အပြင်နားမှာ နှင်းခူနဲ့ မှိုစွဲခြင်းလို အရေပြား ပြဿနာ ပိုဖြစ်နိုင်တယ်။ ယားယံခြင်း ၊ အရည်ယို စီးခြင်း နဲ့အတူ နားမြောင် ကနေ နားထဲထိ ရောဂါပျံ့နှံ့ နိုင်တယ်။ အနာစိမ်းတွေ တွေ့ရပြီး သေးငယ်ပေမယ့် အလွန် နာကျင် ကိုက်ခဲတယ်။ ပဋိဇီဝဆေး သို့မဟုတ် မှိုသတ်ဆေးရည် တွေကို အပျော့စား ရောဂါနဲ့ နှင်းခူ အတွက် သုံးနိုင်တယ်။ ရောဂါပိုး ၀င်ရောက် ခဲ့ရင် ၊ အနာစိမ်း ဖြစ်လာခဲ့ရင် ပဋိဇီဝဆေး တွေ သောက်သုံးဖို့ လိုအပ်ပါတယ်။ နှင်းခူလို ရေရှည်ရောဂါ ဖြစ်နေရင် အနာ အစအနတွေ ဖယ်ရှားဖို့ ဂရုစိုက် ကုသပေးရမယ်။ နားအတွင်းပိုင်း ရောက်အောင် နားကို ဂွမ်းနဲ့ပိတ်ကာ သန့်စင် ပေးနိုင်ပါတယ်။


          အလယ်နားဟာ ရောဂါပိုး အများဆုံး ၀င်တဲ့နေရာ ဖြစ်တယ်။ ရောဂါပိုးတွေက ပါးစပ် သို့မဟုတ် လည်ချောင်း ကဖြတ်ပြီး နားပြွန် (Eustachian Tube) အထိ ရောက်ရှိ သွားတယ်။ ပြွန်ပိတ်ဆို့ သွားရင် စစ်ထုတ်ရည်တွေ စုပုံလာကာ ရောဂါပိုးတွေ အောင်းလာတယ်။ နားအတွင်း ဖိအားများ လာတဲ့အတွက် ကြောင့် ပြင်းထန်တဲ့ နာကျင်မှု ခံစားရပြီး နားစည် ပါ စုတ်ပြဲနိုင်တယ်။

          အလယ်နား အတွင်း ရောဂါပိုး ၀င်ရောက်ခြင်းကို ကုသဖို့ ပဋိဇီဝဆေး အကိုက်အခဲ ပျောက်ဆေး တွဲသုံးသင့်ပါတယ်။ ဥပမာ အလယ်နား ပြည်ယိုရောဂါ အတွက် နားဆေးရည် ခတ်ပေးပြီး ပဋိဇီဝဆေး Amoxicillin 500 mg နဲ့ အကိုက်အခဲ ပျောက်ဆေး Diciofanic + Paracetamol တွဲပြီး တစ်နေ့ ၃ ကြိမ် ၄ ရက် ပြည့်အောင် သောက်ရင်ပဲ နားအရောင် လျော့ကာ နားပြည်ယိုတာ ကောင်းသွားမယ်။

          စုတ်ပြဲသွားတဲ့ နားစည်ကို ရက်သတ္တပတ် အနည်းငယ် အကြာမှာ အနာကျက် မကျက် သိရှိဖို့ စစ်ဆေးကြည့် သင့်တယ်။ အတွင်းနား ရောဂါပိုး ၀င်ရောက်ခြင်းကို ဗိုင်းရပ်စ်ကြောင့် သို့မဟုတ် အအေးမိခြင်း သို့မဟုတ် လူတုပ်ကွေး (A/H1N1) ကြောင့် သို့မဟုတ် ပါးချိတ်ရောင် နာရဲ့ ဆင့်ပွားရောဂါ ဖြစ်နိုင်သလို အလယ်နား ကနေ ပျံ့နှံ့လာတာ ဖြစ်နိုင်တယ်။ ဗိုင်းရပ်စ်ပိုး ၀င်ရောက်ခြင်းကို ရက်အနည်းငယ် အတွင်း သန့်စင် သွားတတ်ပေမယ့် အင်တီဟစ်တမင်း ဆေးဝါးတွေကို ရောဂါလက္ခဏာ သက်သာစေလို့ အသုံးပြု နိုင်တယ်။

          ကလေးတွေမှာ နှာခေါင်းနဲ့ နားလမ်းကြောင်း ကျယ်ပြန့်လာတဲ့ အခါ နားနဲ့ ပတ်သက်တဲ့ ရောဂါတွေ သိပ် မဖြစ်တော့ဘူး။ ရေရှည် နားတွင်း ရောဂါပိုး ၀င်ရောက်ခြင်း အတွက် လည်ချောင်းသီး ကို ဖယ်ရှားကာ နားစည်ထဲ ဂလိုမယ် ထည့်ပေးနိုင်တယ် အဆိုပါ ထည့်ပေးခြင်းမှာ နားလမ်းကြောင်း ထဲက စစ်ထုတ်ရည် က အပြင်ထွက် လာစေပြီး လေသလပ် စေပါတယ်။

          နားတွင် ရောဂါပိုး ၀င်ရောက်ခြင်းဟာ နေထိုင် မကောင်း ဖြစ်စေပြီး အအေးမိ တုပ်ကွေး (A/H1N1) နဲ့ တွဲဖက် ဖြစ်ပွားရင် ပိုဆိုးတတ် ပါတယ်။ အစား အသောက် ပျက်တတ်ပါတယ်။ ဖျော်ရည်နဲ့ စွပ်ပြုတ်လုပ်ကာ သောက်သုံးခြင်းက ပိုမို ကောင်းမွန် စေတယ်။ ကြိတ်ဝါးဖို့ မလိုတာကြောင့် နားအကြား ဆက်စပ်နေတဲ့ ကြွက်သားတွေ လှုပ်ရှားမှု နည်းလေ အနာ် သက်သာလေပဲ ဖြစ်တယ်။ ရေခဲရေ ၊ အအေး မသောက်သင့် ပါဘူး။ နှင်းခူ ကြောင့် နားထဲပိုးဝင်ရင် အစားအစာနဲ့ မတည့်တာ ရှိနိုင်တယ်။

          နားရောဂါမှာ ဘယ်လို အစားအစာ ရွေးသင့်သလဲ။ နားတွေဟာ ရောဂါပိုး တိုက်ရိုက် ၀င်ရောက်ခြင်း ခံရသလို အသက်ရှူအင်္ဂါ အဖွဲ့အစည်းရဲ့ အပေါ်ဘက် လမ်းကြောင်းမှာ အအေးမိခြင်း လို ရုတ်တရက် ဗိုင်းရပ်စ်ပိုး ၀င်ရောက် ခြင်းကနေ ဆင့်ပွား ဖြစ်ပေါ်လာတာ လည်း ဖြစ်နိုင်ပါတယ်။ နားထဲမှာ အကျိအချွဲတွေ စုပုံ လာတတ်ပါတယ်။ ဘယ်လိုကြောင့်ပဲ ဖြစ်ဖြစ် ရောဂါပိုး ၀င်ရောက်ခြင်း ကို တိုက်ဖျက်ဖို့ ၊ အကျိအချွဲ စုပုံခြင်းကို လျှော့ချဖို့ ကိုယ်ခံအား မြှင့်တင်ပေးတဲ့ စားသောက်မှု ပုံစံ လိုအပ်ပါတယ်။

          ရောဂါပိုး ၀င်ရောက်ခြင်းကို ခုခံနိုင်ဖို့ အပြောင်းအလဲ ရှိတဲ့ အစားအစာ ကဖင်းနဲ့ အတူ ဇင့်ဓာတ် ပိုမို စာပေးသင့်တယ်။ သကြား ၊ သကြား ပါဝင်တဲ့ အစားအစာ ၊ ကဖင်းနဲ့ အရက်တွေဟာ ဇင့်ဓာတ် ပမာဏကို လျော့ကျစေတဲ့ အတွက် လုံးဝ ရှောင်ရှားသင့် တယ်။ ဇင့်ဓာတ် ကြွယ်ဝတဲ့ အစားအစာ တွေက အသား ၊ အသည်း ၊ ကျောက်ကပ် ၊ ငါး ၊ အခွံမာငါး ၊ နှံစားသီးနှံ ၊ ပဲသီး ၊ ပဲသီးတောင့် နဲ့ ပဲပိစပ် ၊ ဂေါ်ဖီထုပ် ၊ သစ်ကြားစေ့ စတာတွေ စားသင့်တယ်။ ဗီတာမင် A, B, C တို့ပါဝင်တဲ့ အစားအစာတွေ စားသုံးဖို့ လိုအပ်တယ်။

          ဒါ့အပြင် အနီ နဲ့ လိမ္မော်ရောင် ရှိတဲ့ ဟင်းသီးဟင်းရွက် တွေက ဗီတာမင် A ကြွယ်ဝတယ်။ မုန်လာဥ၀ါ ၊ တရုတ်ဆီးသီး ၊ ငရုတ်သီး ၊ ရွှေဖရုံသီး နဲ့ ကန်စွန်းဥ တို့က ဗီတာမင် A ပါဝင်သလို ရှောက် ၊ သံပုရာမျိုးဝင် အသီး ၊ စတော်ဘယ်ရီ ၊ ကီဝီသီး နဲ့ ပန်းဂေါ်ဖီ တို့မှာ ဗီတာမင် C ပါဝင်တယ်။ ကြက်သွန်နီ နဲ့ ကြက်သွန်ဖြူ ဟာ ရောဂါပိုး ၀င်ရောက် ခြင်းကို တိုက်ထုတ်နိုင်တဲ့ အစွမ်းသတ္တိ ရှိတာကြောင့် နေ့စဉ် စားသုံးမှုမှာ ပါဝင်အောင် ကြိုးစားသင့် ပါတယ်။

          နို့နဲ့ နို့ထွက်ပစ္စည်း အချို့ ဟာ အကျိအချွဲတွေ ဖြစ်ပေါ် စေတယ်လို့ အချို့ အာဟာရ ကျွမ်းကျင်သူ တို့က ယုံကြည်ကြတယ်။ ရောဂါပိုး ၀င်ရောက်နေတဲ့ အချိန်မှာ နို့နဲ့ နို့ထွက်ပစ္စည်း ရှောင်သင့်ပါတယ်။

          နှင်းခူ ဖြစ်နေတဲ့ အချို့ ကလေးတွေ နွားနို့ သို့မဟုတ် နို့ထွက်ပစ္စည်း တွေနဲ့ ဓာတ်မတည့် ပါဘူး။ အစားအသောက် ကို ကလေးအတွက် မကန့်သတ်ခင်မှာ ဆရာဝန် သို့မဟုတ် ကျန်းမာရေး အရာရှိနဲ့ တိုင်ပင်ကာ ကလေး အာဟာရ ပြည့်ပြည့်၀၀ ရှိသင့်တဲ့ ကယ်လိုရီ ပမာဏ ရောက်အောင် စားသင့်တဲ့ အစာအာဟာရ အပေါ် တိုင်ပင် ဆွေးနွေးသင့် ပါတယ်။

          ဆေးမြစ်ပါဝင်တဲ့ လက်ဖက်ရည် က အအေးမိခြင်း နဲ့ ဆက်နွယ်နေတဲ့ ရောဂါပိုး ၀င်ရောက်ခြင်းကို တိုက်ဖျက်နိုင်တဲ့ အတွက်ကြောင့် သောက်သုံးပေး သင့်ပါတယ်။ အချို့ ကော်ဖီကြမ်း ကြိုက်ရင် သောက်ပေး နိုင်တယ်။

          နားအတွင်းပိုင်း ရောဂါပိုး ၀င်ရောက်ရာမှာ နားပြည်ယိုခြင်း ၊ နားကိုက်ခြင်း ဟာ ဆိုးရွား တာကြောင့် နားအနီးက ကြွက်သားတွေ အနားပေး ထားတာက ပိုပြီး သက်သာစေမှာ ဖြစ်တယ်။ ဒါကြောင့် ကြိတ်ခြေ၀ါးစားဖို့ မလိုလောက်တဲ့ စွပ်ပြုတ်ရည် ၊ ဖျော်ရည် တို့ဟာ ကလေးလူကြီး ၊ နားကိုက်ခြင်း ၊ နားပြည်ယိုခြင်း စတဲ့ နားအတွင်း ရောဂါပိုး ၀င်ရောက်ခြင်းမှာ ပိုမိုသင့်လျော် တာကြောင့် အမာ အစားအစာ (အစား) စွပ်ပြုတ် သောက်သင့်တယ်။

 

ဒေါက်တာ လွင်သန့်            

ဓာတ်ပုံ - အင်တာနက်

Crd: mwddaily


No comments: