Friday, November 20, 2020

ကလေးအားလုံးရဲ့ အနာဂတ်လှပဖို့ စိတ်ကူးပုံဖော် ဆောင်ရွက်စို့

 

ကလေးအားလုံးရဲ့ အနာဂတ်လှပဖို့ စိတ်ကူးပုံဖော် ဆောင်ရွက်စို့

 


ကလေးသူငယ် ဆိုသည်မှာ   အသက်အရွယ် ငယ်ရွယ်သူ၊ အရွယ်မရောက် သေးသူဖြစ်ပြီး အသက် ၁၈ နှစ်မပြည့်သေး သူကို ဆိုလိုသည်။ မွေးကင်းစမှ အသက် ၈ နှစ်ပြည့်အထိ အရွယ်ကို ရှေးဦးအရွယ် ကလေးသူငယ် အဖြစ်  သတ်မှတ်ထား သဖြင့် ဘ၀ တစ်ခုကို ရှေးဦးအရွယ် ကလေးသူငယ် အဆင့်မှ စတင် ဖြတ်သန်းကြသည်။ ကလေးသူငယ် အရွယ်သည် တတ်သိနားလည် နိုင်စွမ်း နည်းပါးပြီး  အကောင်းအဆိုး၊ အမှားအမှန် ခွဲခြားဝေဖန် ပိုင်းဖြတ်နိုင်စွမ်း မရှိဘဲ မိဘ အုပ်ထိန်းသူ လူကြီးသူမ တို့၏ ပြစု စောင့်ရှောက်မှု ဖြင့်သာ လူလားမြောက် ကြသည်။ လူ့ဘ၀ သက်တမ်းတွင် ထိုအရွယ်သည် အလွန်နုနယ် သဖြင့် လိုအပ်သလို ပုံသွင်းနိုင် သော်လည်း ကလေးများ၏ မသိနားလည် မှုကို အခွင့်ကောင်း ယူ၍ နည်းမျိုးစုံဖြင့် အမြတ်ထုတ် အသုံးချကာ ကလေးသူငယ် အခွင့်အရေးကို မျက်ကွယ် ပြလိုက်လျှင် ပန်းကောင်း အညွန့်ချိုး လိုက်သကဲ့သို့ ရှိမည်ဖြစ်သည်။


ကလေးများ ဘ၀က ရိုးရှင်းသည်။ အပြစ်ကင်းသည်။ စားမည်၊ ကစားမည်၊ အိပ်မည်၊ လိုချင်တာ ပူဆာမည်။ ထိုသို့သော သဘောကပင် ကလေးများ၏ ဖွံ့ဖြိးကြီးထွားမှု၊ သန်မာမှု၊ ကြံ့ခိုင်မှု၊ ကျန်းမာမှုနှင့် ဥာဏ်ရည် တိုးတက်မှုကို အထောက်အကူ ပြသည်။   ကလေးများ၏ သဘောသဘာဝကို သိရှိပြီး လိုအပ်ချက်နှင့် အညီ ပြစု ပျိုးထောင်ပေးလျှင် ဘ၀ရှေ့ရေး စိုပြည်သာယာ တတ်လေ့ရှိသည်။ ဘ၀သက်တမ်း တစ်ခုတွင် အသက်အပိုင်း အခြားအလိုက်၊ အရွယ်အလိုက် သူ့အလုပ်နှင့် သူ၊ သူ့အားထုတ်မှု နှင့်သူ ဟန်ချက်ညီစွာ ကြိုးစား ဆောင်ရွက်ရမြဲ ဖြစ်သည်။ အစကောင်း အနှောင်းသေချာ ဆိုသလို ရှေးဦးအရွယ် ကလေးသူငယ် ဘ၀တွင် အစမကောင်း ခဲ့ပါက သူတို့၏ ဘ၀ တစ်လျှောက်လုံး ညှိုးငယ်စွာ ဖြတ်သန်းကြ ရနိုင်သည်။ ဘ၀အစ ကောင်းစေရေး အတွက်ဆိုလျှင်  ကလေးသူငယ် များ၏   ရှေးဦး အရွယ်မှစတင်ကာ ကလေးသူငယ် အခွင့်အရေးကို ပြည့်ဝစွာ ဖြည့်ဆည်းပေး၊ မြှင့်တင်ပေး ကြရေး လိုအပ်သည်။

လူတိုင်းလူတိုင်း   ဘ၀ရပ်တည်ရေး အတွက် အကောင်းဆုံး အကျိုးစီးပွားနှင့် ပြည့်စုံအောင် ကြိုးစား ကြရသည်။ ထိုသို့ ဆောင်ရွက်နိုင်ရေး အဓိက လိုအပ်ချက်မှာ ကလေးသူငယ် ဘ၀ကတည်းက အကောင်းဆုံး အကျိုးစီးပွားနှင့် ပြည့်စုံရေးပင် ဖြစ်သည်။ ဆိုလိုသည် မှာ ကလေးများ၏ အသက်ရှင်ရေး၊ ဖွံ့ဖြိုး တိုးတက်ရေး၊ ကာကွယ် စောင့်ရှောက်မှု ရရှိရေးနှင့် လူ့အသိုက် အ၀န်းတွင် ၀င်ဆံ့နိုင်ရေး တို့အတွက် အဘက်ဘကက ဖြည့်ဆည်းပေးရေး ဖြစ်သည်။ အထူးသဖြင့် ကလေး သူငယ်များ၏ ရုပ်ပိုင်းဆိုင်ရာ နှင့် ရုပ်ပိုင်းဆိုင်ရာ အကျိုး ဖြစ်ထွန်းမှု အတွက်  ဦးတည် ဆောင်ရွက် တတ်ရေး လိုအပ်သည်။ သို့မှသာ အနာဂတ်ပန်းများ  ပွင့်လန်းပြီး   လူ့ဘောင်လောက အကျိုးကို သယ်ပိုးနိုင်ကာ  တန်ဖိုးရှိသော  လူသားအသွင် ရပ်တည်နိုင် ကြမည် ဖြစ်သည်။

ကုလသမဂ္ဂက ချမှတ်ထားသော စဉ်ဆက်မပြတ် ဖွံ့ဖြိးမှုပန်းတိုင် ၁၇ ရပ် (၂၀၁၆-၂၀၃၀) သည် ကမ္ဘာ့နိုင်ငံများ ဖွံ့ဖြိး တိုးတက်ရေး အတွက် လမ်းညွှန်ချက်များ ဖြစ်သည်။ ယင်းပန်းတိုင် ၁၇ ရပ်တွင် ပန်းတိုင် (၁) နေရာအနှံ့ ဆင်းရဲမှု အဆုံးသတ်ရေး၊ ပန်းတိုင်(၂) ငတ်မွတ် ခေါင်းပါးမှု အဆုံးသတ်ရေး၊ စားနပ်ရိက္ခာ ဖူလုံရေး၊ အာဟာရ ပြည့်ဝမှု တိုးတက်ရေး နှင့် စဉ်ဆက်မပြတ် စိုက်ပျိုးရေး တိုးတက် ဖြစ်ပေါ်စေရေး၊   ပန်းတိုင်(၃) လူတန်းစေ့ ကျန်းမာရေးနှင့်  သာယာ ၀ပြောရေး၊  ပန်းတိုင်(၄) လူသားအားလုံး အကျုံးဝင်ကာ ညီညွတ် မျှတပြီး အရည်အသွေး ရှိသည့် ပညာသင်ယူ နိုင်ရေး နှင့် အစဉ်လေ့လာ သင်ယူနိုင်သော အခွင့်အလမ်း ရရှိရေး၊ ပန်းတိုင်(၅) ကျား၊ မတန်းတူ ညီမျှရရှိရေး နှင့် အမျိုးသမီးများ၊ အမျိုးသမီးငယ်များ အားလုံး စွမ်းပကား တိုးမြှင့်ရေး တို့သည် လူသားတိုင်း အတွက် အဓိကကျသော အခြေခံ ဖြစ်သလို ကလေးသူငယ် အခွင့်အရေး နှင့်လည်း တိုက်ရိုက် သက်ဆိုင်သည်။ ထိုပန်းတိုင်များ အောင်မြင်စွာ အကောင် အထည်ဖော် နိုင်လျှင် ကလေးသူငယ် အခွင့်အရေးကို ပြည့်ဝစွာ ဖြည့်ဆည်းပေးရာ ရောက်သည်။

မိသားစုများ ဆင်းရဲရခြင်း အခြေခံ အကြောင်းရင်း တစ်ရပ်မှာ မိသားစုဝင် သားသမီးဦးရေ အဆမတန် များပြားခြင်း ဖြစ်သည်။ ထိုအခါ ၀န်နှင့်အားမမျှ ထိန်းမနိုင် သိမ်းမရဖြင့် ကလေးသူငယ် တို့၏ ဖွံ့ဖြိး တိုးတက်မှုကို အလွန်အမင်း ထိခိုက် စေသည်။ အဓိက လိုအပ်ချက်မှာ မျိုးဆက်ပွား ကျန်းမာရေး အသိရှိပြီး လိုက်နာ ကျင့်သုံးရေး ဖြစ်သည်။ မျိုးးဆက်ခြား တတ်ခြင်းသည် မိသားစုသုခ ခံစားရရှိ စေသည် သာမက ကလေးသူငယ် တို့၏   ဖွံ့ဖြိုး တိုးတက်ရေး ကိုလည်း တစ်ပါတည်း ဆောင်ကြဉ်းပေးရာ ရောက်သည်။

အာဟာရ ပြည့်ဝစွာ စားသောက် တတ်ရေးသည် လူတိုင်းအတွက် အဓိက လိုအပ်ချက် ဖြစ်သည်။ အထူးသဖြင့် ကလေးသူငယ်များ အာဟာရ ကြွယ်ဝအောင် ကျွေးမွေးတတ်ရေး အထူး လိုအပ်သည်။ အာဟာရ ပြည့်စုံညီညွတ် မှသာ ကျန်းမာခြင်း၊ ကြံ့ခိုင်ခြင်း၊ ထွားကျိုင်းခြင်း၊ ရွှင်လန်းခြင်း၊ ဥာဏ်ရည် ဖွံ့ဖြိုးခြင်းတို့နှင့် ပြည့်စုံလျက် အရွယ်ရောက် လာသော် မြားမြောင်လှသည့်   လူမှုကိစ္စ အ၀၀ကို  အဆင်ပြေ ညီညွတ်စွာ လုပ်ကိုင် ဆောင်ရွက် နိုင်မည်ဖြစ်သည်။ ရှေးဦးအရွယ် ကလေးသူငယ် ဘ၀တွင်   အသက် ခြောက်လအထိ မိခင်နို့ရည် တစ်မျိုးတည်း ကိုသာ တိုက်ကျွေးခြင်း၊ ခြောက်လ ကျော်ပြီး ဖြည့်စွက်စာ စတင် ကျွေးမွေးသည့် အချိန်မှစ၍ အင်အားကို ဖြစ်စေတတ်သော အစာ၊ ခန္ဓာကိုယ် ကြီးထွားမှုကို ဖြစ်စေသော အစာ၊ ရောဂါ ကာကွယ်သော အစာ (ဗီတာမင် သက်စောင့်ဓာတ်) တို့မျှတစွာ စီမံကျွေးမွေး တတ်ခြင်း၊   သင့်လျော်သော  ကိုယ်လက် လှုပ်ရှားမှု ပြစေခြင်းတို့သည် ကလေးသူငယ်များ၏ အခွင့်အရေးကို ဖော်ဆောင်ပေးရာ ရောက်သည်။

ကလေးသူငယ် ဘ၀တွင် ကျန်းမာရေး အထူး လိုအပ်သည်။ သတ်မှတ်ထားသော ကာကွယ်ဆေးများ အားလုံးကို မပျက်မကွက် ထိုးနှံတိုက်ကျွေး ကြမှသာ ကလေးသူငယ်များ အတွက် စိတ်ချရပေမည်။ ထို့အတူ  အရွယ်ကိုလိုက်၍ ပြေးလွှား ဆော့ကစားမှုကို မပိတ်ပင်ဘဲ လွတ်လပ်စွာ ကစားနိုင်အောင် စီမံပေးသင့်သည်။ ကလေးသူငယ်များ မကျန်းမာပါက အလွယ်တကူ ရရှိသည့် ဆေးနည်းတို များဖြင့်သာ မကုသဘဲ နားလည် တတ်ကျွမ်းသူ တို့နှင့် ပြသကုသ သင့်သည်။ လူကြီးမိဘ များ၏ ကျန်းမာရေး အသိပညာ ကြွယ်ဝမှုသည် ကလေးသူငယ်များ အတွက် အင်အားပင် ဖြစ်သည်။

ဘ၀ရှေ့ဆောင် မီးရှးရောင်သည် ပညာဖြစ်သည်။ အသိပညာ၊ အတတ်ပညာ အရပ်ရပ်သည် ဘ၀ကို ရှေ့ဆောင်သဖြင့် ကလေးသူငယ် ဘ၀၌ပင် အသိပညာ လေ့လာဆည်းပူး နိုင်အောင် ဖြည့်ဆည်းပေးရေး လိုအပ်သည်။ အသက်ခြောက်လ ပြည့်ပြီးချိန်မှ အသက် သုံး နှစ် မပြည့်သေးသော ကလေးများ အတွက် နေ့ကလေးထိန်း ဌာနများက ၀န်ဆောင်မှု ပေးသည်။  အသက် သုံးနှစ်ပြည့်ပြီး အသက် ငါးနှစ် မပြည့်သေးသူ ကလေးများ အတွက်ကိုမူ မူကြိကျောင်း များက ထိန်းကျောင်း သွန်သင်ပေးသည်။ အသက် ငါးနှစ်ပြည့်ပြီးက အခြေခံ မူလတန်းပညာ KG တန်းသို့ မပျက်မကွက် တက်ရောက် သင်ကြားရေး၊ တန်းစဉ် မပျက်ရေး၊ အနည်းဆုံး အခြေခံပညာ ပြီးဆုံးသည် အထိသင်ယူ တတ်မြောက်ရေး၊ ထိုမှတစ်ဆင့် အဆင့်မြင့်ပညာ သင်ယူ နိုင်အောင် တက်လှမ်းနိုင်ရေး တို့အတွက် တစ်ဆင့်ချင်း ကြိးစား အားထုတ်ကြရေး လိုအပ်သည်။

ယနေ့ကာလတွင် ကလေးသူငယ်များ အနေဖြင့် အကြမ်းဖက်မှု အမျိုးမျိုးဖြင့် ရင်ဆိုင်ရကာ ကိုယ်စိတ်နှစ်ပါး ညစ်နွမ်းရသော အခြေအနေဆိုး များနှင့် ကြံတွေ့နေ ရသည်။  ကလေးသူငယ် ရောင်းချခြင်း၊  ပြည့်တန်ဆာ ပြလုပ်စေခိုင်းခြင်း၊ တောင်းရမ်းခိုင်းခြင်း၊ ကလေးသူငယ် ညစ်ညမ်းပုံ ပြလုပ် ဖြန့်ဖြးခြင်း၊ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း၊  လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း၊ လျစ်လျူရှု ခံရခြင်း၊ အရွယ်နှင့်မမျှ  အလုပ်ကြမ်း စေခိုင်းခြင်း၊ အိမ်တွင်း အကြမ်းဖက်မှု၊ နှိပ်စက်မှုများ ပြခြင်းတို့သည် ကလေးသူငယ် များ၏ ဘ၀ကို နာလန်မထူ နိုင်အောင် ရိုက်ချိုးဖျက်ဆီး လိုက်ခြင်းပင် ဖြစ်သည်။  မူလ လူ့အခွင့်အရေးများ  ဆုံးရံးရသည် သာမက   အရွယ်နှင့် မလိုက်အောင် ညှဉ်းပန်းနှိပ်စက် ခံရသော ကလေးများ၏ ဘ၀သည် ရှင်လျက်နှင့် သေနေကြသလို ရှိသည်။ လူသား မဆန်သော   လုပ်ရပ်များ ပပျောက်အောင်  အားလုံးက ၀ိုင်းဝန်း ကာကွယ် တားဆီးကြရေး   များစွာ လိုအပ်သည်။ အချိန်မီ ကယ်တင်ခြင်း၊   အချိန်မီပြစု ပျိုးထောင်ခြင်း တို့ ပြပေးနိုင်မှသာ ထိုကလေးငယ် တို့၏   ဘ၀ရှေ့ရေး အာမခံချက် ပြည့်ဝမည် ဖြစ်သည်။

မြန်မာနိုင်ငံတွင် ရှေးဦးအရွယ် ကလေးသူငယ် ပြစုပျိုးထောင်ရေး နှင့် ဖွံ့ဖြိုးရေး ဆိုင်ရာ ဥပဒေကို ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်တွင် လည်းကောင်း၊ ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာဥပဒေကို ၂၀၁၉ ခုနှစ် ဇူလိုင် ၂၃ ရက်တွင် လည်းကောင်း ပြဋ္ဌာန်းပြီး ဖြစ်သည်။ ဥပဒေများ၏ ရည်ရွယ်ချက် များမှာ ကုလသမဂ္ဂ ကွန်ဗင်းရှင်း ပါ ကလေးသူငယ်၏ အခွင့်အရေး များကို အကောင် အထည်ဖော် ဆောင်ရွက်ရန်၊ ကလေးသူငယ် များအတွက် အကောင်းဆုံး အကျိုးစီးပွားကို ဆောင်ရွက် ပေးရန်နှင့် ကလေးသူငယ် အခွင့်အရေး များကို ဥပဒေနှင့် အညီ ရရှိခံစားနိုင်ရေး အတွက် ကာကွယ် စောင့်ရှောက်ရန်၊ ကလေးသူငယ်များ ဘက်စုံ ဖွံ့ဖြိး တိုးတက်ရေး အတွက် အခြေခံ ကျန်းမာရေး၊ အာဟာရ ပြည့်ဝရေး၊ ပညာသင်ယူမှု အခွင့်အလမ်း ရရှိရေး အပါအ၀င် လိုအပ်သော အစီအမံများ ချမှတ် ဆောင်ရွက်ရန်တို့ ဖြစ်သည်။

အလားတူစွာ လျစ်လျူရှုခြင်း၊ အလွဲသုံးခြင်း၊ ရက်စက် ယုတ်မာခြင်းနှင့် ခေါင်းပုံဖြတ်ခြင်း ခံရသော ကလေးသူငယ် များအား နိုင်ငံတော်၊ စေတနာ့ဝန်ထမ်း၊ ပုဂ္ဂိလ်နှင့် အစိုးရ မဟုတ်သော အဖွဲ့အစည်း များက ကာကွယ် စောင့်ရှောက်ရန်၊ ကလေးသူငယ် မှုခင်းများကို သီးခြား စစ်ဆေးစီရင်၍ ပြစ်မှု ကျူးလွန်သော ကလေးသူငယ်၏ အကျင့် စာရိတ္တကို ပြပြင် ဆောင်ရွက်ရန်၊ ကလေးသူငယ် များအားလုံးကို တည်ဆဲ ဥပဒေအရ သတ်မှတ် ထားသော သက်ဆိုင်ရာ အခွင့်အရေးနှင့် အကာအကွယ်တို့ တန်းတူညီမျှ ရရှိစေပြီး ခွဲခြား ဆက်ဆံခြင်း မပြုရန် ရည်ရွယ်သည့် အတိုင်း ဥပဒေကို လေးစား လိုက်နာခြင်းဖြင့် ကလေးသူငယ် အခွင့်အရေး များကို ဖော်ဆောင်ကြ ရမည်ဖြစ်သည်။

သို့ပါ၍ မိသားစု၊ ပတ်ဝန်းကျင် အတွက်သာမက နိုင်ငံတော်၏ အကျိုးကို  သယ်ပိုးထမ်းရွက် နိုင်သော အရည်အသွေး ပြည့်သူများ ပေါ်ပေါက်စေရေး ''ကလေး အားလုံးရဲ့ အနာဂတ် လှပဖို့ စိတ်ကူးပုံဖော် ဆောင်ရွက်စို့'' ဟု တိုက်တွန်း ရေးသား လိုက်ရပါသည်။  

 

လင်းအရုဏ်ဦး (ပဲခူး)

ဓာတ်ပုံ - အင်တာနက်

Crd - mwddaily


No comments: