Monday, April 14, 2008

ညပေါင်းများစွာလွန်ပြီးမှ

ချစ်သူ့မျက်လုံး
ကြယ်ပွင့်ကုံးတည့်။
ချစ်သူပါးမို့
နှင်းဆီမြို့တည့်။
ချစ်သူနှုတ်ခမ်း
ချယ်ရီလမ်းတည့်။
ချစ်သူ့လည်တိုင်
စံပယ်ခိုင်တည့်။
ချစ်သူ၏လက်
ရွှေကွန်ရက်တည့်။
ချစ်သူ့ခါးသွယ်
ဂမုန်းနွယ်တည့်
သို့သော် တစ်မူ
ချစ်သူစိတ်ထား၊ နှလုံးသားသည်
စိန်သွားထက်မာ၊ ဆ တစ်ရာလျှင်
မာယာပင်များ၊ ရစ်နွယ်ထား၍
မုန်းခါးခါးသီး၊ ဘီလူးစီးသည်
ချစ်ပြီးသော်မှ သိနှောင်းစွ . . . ။

1 comment:

ရွှေပြည်သူ (ShwePyiThu) said...

အဖွဲ့အနွဲ့လေး သိပ်ကောင်းပါတယ်။ ဆက်ရေးပါ မောင်လေး...