Tuesday, April 22, 2008

ကျေးဇူးကြီးပေကမ္ဘာမြေ

ကျေးဇူးကြီးပေ ကမ္ဘာမြေ

ကျွန်တော်တို့လိုလားတောင့်တတာ မှန်သမျှဖြစ်တဲ့
စားစရာ အစားအသောက်တွေ
သောက်သုံးဖို့ သန့်ရှင်းတဲ့ရေတွေ
ဝတ်စရာ အ၀တ်အထည်တွေ
တန်ဆာဆင်စရာ ကျောက်မျက်တွေ
စွမ်းအင်အတွက် သဘာဝရေနံဓာတ်ငွေ့တွေ
ပသာဒဖြစ်စရာ တောတောင်ရေမြေစိမ့်စမ်းရေတံခွန်တွေ
သဘာဝ အကာအရံ အတားအဆီးတွေအထပ်ထပ်နဲ့
လူသားတို့ဘ၀ကို ပြည်စုံအောင်၊ လှပအောင်၊ လုံခြုံအောင်
စွမ်းဆောင်ပေးတဲ့ အမိကမ္ဘာမြေအား
စွမ်းဆောင်ရည်များ ပျက်စီးခြင်းမရှိရလေအောင်
စွမ်းဆောင်ရည်များ ကျဆင်းခြင်းမရှိရလေအောင်
မိမိတို့လူသားများအနေနဲ့
တတ်စွမ်းသမျှ ၀ိုင်းဝန်းကူညီကြပါလို့
တတ်စွမ်းသမျှ ၀ိုင်းဝန်းဖေးမကြပါလို့
တိုက်တွန်းလိုက်ပါတယ်။

ကမ္ဘာမြေနေ့ ကိုရည်စူးလျက်
အမိကမ္ဘာမြေကြီး အစွန့်ရှည်တည်တံ့နိုင်ပါစေ….

1 comment:

စိုးထက် - Soe Htet ! said...

လူတွေ အားလုံး လောဘ ဒေါသ မော ဟ တွေ လျော့လာတဲ့ အချိန်မှာ ... ပို အဆင်ပြေ လာမှာပါ ... :)