Thursday, April 10, 2008

ကျွန်တော်ကျောင်းသားဘ၀ (၆)

တတိယနှစ်တုန်းက Main အ၀င်ပေါက်မှာရှိတဲ့ တက္ကသိုလ်အရန်တပ်ရင်းထဲ မ၀င်ဖြစ်ခဲ့ဘူး။ အလေလိုက်တာ များသွားတယ်။ ဒါပေမယ့် 3rd year မှာ major subject 2D ထွက်လို့ ကော်လာ ထောင်နိုင်ခဲ့တယ်။ Final year ရောက်တော့ နည်းနည်းလွတ်သွားတယ်။ ဘော်ဒါ တွေအစွယ်ကောင်းလို့ တက္ကသိုလ်အရန်တပ်ရင်းထဲ ၀င်ခဲ့တယ်။ ၃ နာရီခွဲ တာနဲ့ အပြေးအလွှား ရောက်ခဲ့တယ်။ ထုံးစံအတိုင်း ကြက်ခြေနီတို့၊ လမ်းစဉ်လူငယ်တို့ ကတည်းက သိခဲ့တဲ့ comments တွေပါပဲ။ အဓိကကတော့ စည်းကမ်းလိုက်နာမှု၊ ပူးပေါင်းဆောင်ရွက်မှု၊ အမိန့်နာခံတတ်မှုတွေ တိုးတက်လာတယ်။ ကိုယ့်အတွက် တိုးတက်မှုမတွေ့တာနဲ့ စာသင် နှစ်ဝက်ကျောင်းဖွင့်တော့ မတက်တော့ဘူး။ နောက်တစ်ချက်က သင်တန်းပြီးလို့ အဆောင်ပြန် ရေချိုးမယ်လုပ်တိုင်း ရေမရှိတော့တဲ့ ဒုက္ခပါပဲ။ သင်တန်းချိန်က နေကျချိန်ဆိုတော့ အလူးအလဲ ပဲ။ ချွေးကထွက် ရေကငတ် ဖုန်ကကပ်နဲ့ လူရုပ်မပေါက်ဘူး။ အဲဒီဒဏ်တွေကို မခံနိုင်တော့တဲ့ Fresher တစ်ယောက်က ဘာမပြော ညာမပြော သင်တန်းစစ်ရေးပြကွင်းနဲ့ ကပ်နေတဲ့ ရေနီမြောင်းထဲ ခေါင်းထိုးထည့်ပြီး မျက်နှာကိုအငမ်းမရ သစ်လိုက်တော့တယ်။ ဆွဲချိန် ကိုင်ချိန် လည်းမရတော့ဘူး။ အဲဒါနဲ့ လွတ်ထားလိုက်တော့တယ်။ အဲဒီ Fresher ကိုဘယ်နယ်ကလည်း လို့မေးကြည့်လိုက်တော့ မြင်းခြံကတဲ့…… အင်း…သူလဲ မိုးနည်းရေရှားရပ်ဝန်းက လာတာပဲကိုး။

1 comment:

Unknown said...

အော်......ကိုဝင်းဇော် လည်း မန္တလေးတက္ကသိုလ် ထွက်ကိုးဗျ။ အမှတ်တရတွေ စောင့်ဖတ်နေတယ်ဗျို့။
ရွှေပြည်အေး၊သစ္စာဆောင် နဲ့ စာသင်ဆောင် ဖွဲ့စည်းပုံတွေ
ရေးအုံးလေဗျာ..... အလွမ်းပြေ .....အဆိုတော်အငဲရဲ့...
ဟိုးတုန်းက မန္တလေးည ဖွင့်ပြီး နားထောင်ရင်း ......
ဖတ်မယ်ဗျာ...........