Saturday, April 19, 2008

မွေးနေ့ရှင် စိုးမြနန္ဒာသက်လွင်အတွက် “အားမာန်”



ရေဆန်ခရီး လှိုင်းလေတွေကြီးလည်း
တွေးပြီး ကြောက်ရွံ့မနေနှင့်။


ရေဆန်ခရီး မုန်တိုင်းဆီးလည်း
ငေးပြီး နောက်တွန့်မနေနှင့်။


ရေဆန်လှိုင်းကြီး မုန်တိုင်းဆီးလည်း
တွေးပြီးမမှိုင်၊ ကျော်လွှားနိုင်ဖို့
ခိုင်မာသည့်ဇွဲ၊ ရဲရင့်သည့်မာန်
သန်မာသည့်အား စွမ်းပကားဖြင့်
လှိုင်းကြားလေအောက်၊ မရွံ့ကြောက်နှင့်
နောက်တွန့်စရာ၊ မလိုပါဘူ့
ရှေ့မှာကမ်းခြေ၊ ရောက်နှင့်နေသည့်
ရေဆန်ကျော်လွှား၊ မိတ်ဆွေများက
သင့်အား ဆီးကြိုနေကြပြီ....။


ပျော်ရွှင်တဲ့မွေးနေ့ဖြစ်ပါစေ.......လို့...

1 comment:

စိုးထက် - Soe Htet ! said...

ဗျို့ ... ချယ် လ်ဆီး ဘလော့ဂ် မှာ ပါ တင် လိုက်ရင် ကောင်းမယ် ဗျ :P