Tuesday, December 16, 2008

အမှတ်တရ ပဋိပက္ခများ (နှစ်)


ကျွန်တော်က သူ့ကို အလေးထား တယ်
သူက ကျွန်တော့်ကို ရှင်နော်ရှင် တဲ့

ကျွန်တော်က သူ့ကို အမှတ်ရ တယ်
သူက ကျွန်တော့်ကို လူပိုကြီး တဲ့

ကျွန်တော်က သူ့ကို ချစ်လို့စတယ်
သူက ကျွန်တော့်ကို ကြီးကြီးကျယ်ကျယ် တဲ့

ကျွန်တော်က သူ့ကို အမြဲချော့တယ်
သူက ကျွန်တော့်ကို လာမရစ်နဲ့ တဲ့

ကျွန်တော်က သူ့ပို့စ်မှာ အမြဲကွန်မင့်ရေးတယ်
သူက ကျွန်တော့်ပို့စ်ကို ဖတ်တောင်မဖတ်ဘူး တဲ့

ကျွန်တော်က သူ့အတွက် ကဗျာတွေရေးတယ်
သူက ကျွန်တော့်ကို စောင်းမြောင်းရေးမနေနဲ့ တဲ့

ကျွန်တော်က သူ့အိမ်ကို ၂၄ နာရီရောက်တယ်
သူက ကျွန်တော့်အိမ်မှာ ၃ စက္ကန့်ကြာတယ် တဲ့

ကျွန်တော်က သူ့အိမ်တံခါးကို အမြဲခေါက်တယ်
သူက ကျွန်တော့်အိမ်က ရုရှားမှာလား တဲ့ .. .. ။

အမှတ်တရ ပဋိပက္ခများ (တစ်) ကိုဒီမှာဖတ်နိုင်ပါတယ် ။

(ဒီမနက် ကွန်နက်ရှင်းမကောင်းတာမို့ ကလိရင်းကနေ ဒီကဗျာပို့စ်လေး ပျောက်သွားပါတယ်။ သူငယ်ချင်းတွေရဲ့ ကွန်မင့် (၁၆)ခု တော့ ပြန်မရနိုင်ခဲ့တာမို့ စိတ်မကောင်းပါဘူး။ ကွန်မင့်တွေ ပြန်မရတော့တာမို့ ဘလောဂ့်ကို ပိတ်ဖို့ ၉၅% သေချာနေပါပြီ အဟင့် အဟင့် (အရှက်မဲ့တဲ့ မျက်နှာနဲ့ ငိုပြရအုန်းမယ် ဘလောဂ့်မှာ လူစည်အောင်၊ လူများများလာအောင် ဒီတစ်နည်းပဲ ရှိတယ်။ ဟုတ်တယ် မဟုတ်လား။ ))

9 comments:

ATN said...

ကိုယ့်ညီကွာ... အကို ဘာပြောရမှန်း မသိတော့ဘူး...
အဲလောက်တော့... မရူးနဲ့ကွာ...
အထာနဲ့ပဲနေ...
ကောင်းကင်မှာ... ကြယ်တွေအများကြီးလို့... အကိုပြောရင်... မလွန်ဘူး... ထင်ပါရဲ့...

Anonymous said...

ကျွန်တော်က သူ့ပို့စ်မှာ အမြဲကွန်မင့်ရေးတယ်
သူက ကျွန်တော့်ပို့စ်ကို ဖတ်တောင်မဖတ်ဘူး တဲ့

အရမ်း အရမ်းကို စိတ်ဝင်စားသွားပြီး ပြောပြ ဘူလဲဆိုတာ ပဲနို့တိုက်မယ်း) ဘလောဂ့်ကို ပိတ်ဖို့ ၉၅% သေချာနေပါပြီ ဘလောဂ့်မှာ လူစည်အောင်၊ လူများများလာအောင် ဒီတစ်နည်းပဲ ရှိတယ်။ ဟုတ်တယ် မဟုတ်လား။ )) ဒါမျိုးတွေ ရိုးနေပါ ပီး မူယာ မာယာတွေနဲ့ ပလာတာတွေမဖုတ်ပါနဲ့ ဟဲဟဲ တကယ်ပွက်ခဲ့တာကတော့ လုပ်ဇတ် မဟုတ်ပါဘူးး ကိုဝင်းဇော်ရယ် ။

ကျနော်လည်း ကော့မန့်လိုချင်လို့  ဘလော့ပိတ်တော့မယ်ဆိုပြီး တင်အုံးမှပဲ ခေတ်စားနေတယ် 99% :P

Welcome said...

Welcome==>ကိုအောင်သာငယ်+ကိုမောင်မျိုး

လောကကြီးကို တရားကျလွန်းလို့ ဟာသလေးနှောပြီး ရေးမိပါတယ်။ စိတ်မပူပါနဲ့ ဒီလိုအပြောလေးတွေနဲ့ လုပ်စားနေတဲ့ သူတွေများနေလို့ ဟန်ကိုယ့်ဖို့ လုပ်ကြည့်မိတာပါ၊ (အဟီး) မKOM ကို ပြောရအုန်းမယ်၊ ပို့စ်တင်ပေးပါအုန်းလို့ ဆိုပြီးတော့.. .. အဟင့် အဟင့် မန့်မန့် လိုချင်တယ် မန့်မန့်

May Moe said...

LOL :P

စိုင်းနောင့် said...

(၁)ရော (၂)ရော ဖတ်သွားတယ်။ တစ်ယောက်ထဲ အတွက်ကိုပဲ ရည်ညွှန်းတာပဲ မဟုတ်လား။ တော်တော်လေး ပြတ်သားတဲ့ ပုံပါပဲ။ အားမလျော့လေနဲ့၊ အားပေးတယ်။

ဗီလိန် said...

မန့်မန့်မရလို့တော့ မငိုပါနဲ့ ပေးပါ့မယ်။ ဟိဟိ။

Heart Breaker said...

မဖတ်ဖြစ်သေးရင် အသစ်ပဲပေါ့ဗျာ။
ကွန်မင့်တစ်ခုကို ၁ ဒေါ်လာဆိုရင် အများကြီးရမှာပဲ။
လူချင်တဲ့သူရှိရင်ပြောပါ ဒိုင်ခံရေးပေးပါ့မယ်။

mirror said...

ရေလည် လေးစားတယ်ဗျာ...။
တကယ်..ဒီမှာပြောချင်တာ ပါးစပ်ကော၊လက်ကော ယားလွန်းလို့ တွေးနေတုန်းရှိသေး ...။ကိုဝဲလ်ကမ်းကြီးက ဦးသွားပီ...တော်ပြီ ဒီလောက်နဲ့ လုံလောက်တယ်...တကယ်ကြိုက်..အသေခိုက်တယ်..။

ခင်မင်လျက်

Anonymous said...

ကဗျာလေးတွေက အရမ်းကို သနားစရာဖြစ်အောင်ရေးနိုင်တယ်...။ သူမ ကိုမြင်ဖူးချင်လာပြီ ...သွားပြောပေးမယ်နော်...။

လမင်းး)