N 85 Model Smartphone ( Nokia )
2 to 5 Megapixel ရုပ်ထွက် ကင်မရာနှင့် အလင်း နှစ်ဆအားကောင်းသော Fresh-gun ပါဝင်တယ်။ အရောင်ကလေးတွေ လှတယ်။ Display က ၂.၆ လက်မရှိတဲ့ Amoled ဖန်သားပြင်ဖြစ်တယ်။ ဓာတ်ပုံများ ကြည်လင် ပြတ်သားပြီး တစ်စက္ကန့်ကို အကွက် ၃၀ ထွက်ပေါ်စေမယ့် DVD Quality ဗီဒီယိုရိုက်ကူး နိုင်တယ်။ တစ်ခါ အားသွင်းထားရင် ၂၈ နာရီ အထိ MP 3 သီချင်းတွေကို ဖွင့်နိုင်တဲ့ မျိုးဆက်သစ် smartphone ဖြစ်တယ်။

N 79 Model Smartphone ( Nokia )
3.2 Megapixel ကနေ 5 Megapixel အထိ ရုပ်ထွက်ကင်မရာ ပါရှိတယ်။ အလင်း နှစ်ဆအားကောင်းသော Fresh-gun ပါဝင်တယ်။ 3G, GPS နဲ့ ၂၄ နာရီ MP 3 နားဆင်နိုင်တယ်။ ချောကလက်ရောင် ပုံစံလေးကြောင့် စွဲမက်စရာဖြစ်တယ်။
ကိုယ်က ၀ယ်သုံးတာတော့ မဟုတ်ပါဘူး။ အသစ်အဆန်းပေါ်ရင် အရင်ဆုံးကလိ ဖြစ်ပါတယ်။ တစ်ချို့ Nokia ဖုန်းတွေ epl ဘောလုံးပွဲကို တိုက်ရိုက် လောင်းလို့ရတယ်။ ( ၀ါသနာပါရင် ပြောပါတယ် ) ဂိမ်းပါတဲ့ ဖုန်းတွေ အပျက်များတယ်၊ ခေါက်ဖုန်းတွေ အပျက်များတယ်။ စတိုင်လ် ထုတ်တာ များသွားလို့လား မသိ။ ဖုန်းပစ္စည်းတွေ ဘယ်လောက်ပဲ အကြမ်းပတမ်း ခံပါတယ် ပြောပြော ခလုပ်ကျွံတာတွေ၊ တက်ထိုင်မိလို့ အံလွဲသွားတာတွေ အမြဲ တွေ့ရတယ်။ တစ်ချို့ကျတော့ မော်ဒယ်နိမ့်တာ ကိုင်ထားပြီး သူများနည်းတူ software ထည့်ချင်တယ်၊ game ထည့်ချင်တယ်။ လုပ်မဖြစ်တော့ ဗျစ်တောက် ဗျစ်တောက် ဖြစ်သွားတယ်။

4 comments:
ဟဲဟဲ...လိုချင်တယ် ကိုဝင်းဇော် သို့သော် မျှော်သာမျှော် မကြော်ရတဲ့ဘ၀ :P
လိုချင်တယ် ၀ယ်ပေး
ဘယ်လောက်ဈေးရှိတယ်ဆိုတာလေးပါ ထည့်ရေးပေးပါလား ...
ကျွန်တော်ကတော့ N99i မှ N99i ပဲ...။
Post a Comment