အမှတ်တရ ပဋိပက္ခများ
ကျွန်တော်က သူ့ကိုတွေ့ချင်တယ်
သူက ကျွန်တော့်ကိုလာမခေါ်နဲ့တဲ့
ကျွန်တော်က သူ့ကိုလွမ်းတယ်
သူက ကျွန်တော့်ကိုတစ်ခြားတစ်ယောက်ရှာတဲ့
ကျွန်တော်က သူ့ကိုတန်ဖိုးထားတယ်
သူက ကျွန်တော့်ကိုလူလိမ်ကြီးတဲ့
ကျွန်တော်က သူ့ကိုညီမလေးလို့ခေါ်တယ်
သူက ကျွန်တော့်ကို လာမကျူနေနဲ့တဲ့
ကျွန်တော်က သူ့ကိုသတိရတယ်
သူက ကျွန်တော့်ကိုမေးလ်မပို့နဲ့တဲ့
ကျွန်တော်က သူ့ကိုအလျော့ပေးတယ်
သူက ကျွန်တော့်ကိုသိပ်မိုက်ရိုင်းတယ်တဲ့
ကျွန်တော်က သူ့ကိုနေကောင်းလားမေးတယ်
သူက ကျွန်တော့်ကိုမတွေ့ချင်တော့ဘူးတဲ့
ကျွန်တော်က သူ့ကိုချစ်တယ်
သူက ကျွန်တော့်ကိုမုန်းတယ်တဲ့
12 comments:
အစ်ကိုရဲ့ ပဋိပက္ခများကတော့ အကိုရေးထားတာတော့ဖတ်လို့ကောင်းနေတာပဲ
အဆင်ပြေပါစေဗျာ အကိုဝင်းဇော်ချစ်တဲ့သူနဲ့ အဆင်ပြေပါစေဗျာ
ပဋိပက္ခပြီးတော့ တခုတ်တရတွေ လာတော့မှာ ဗျ
ကျွန်တော်က သူ့ကိုပန်းနဲ့ပေါက်တယ်
သူက ကျွန်တော့်ကို ခဲနဲ့ပြန်ပေါက်တယ်..
ကျွန်တော်နဖူးကွဲသွားတယ်..အီး..
ကောင်စုတ်မလေး..:p
မလွယ်ပါလား
ကဗျာကတော့ ရေလည်ကောင်းတယ်ဗျာ
ဒါလည်းကောင်းပါတယ် ၊၊ သက်သာတာပေါ့ဗျာ ၊၊
သူဆိုတဲ့ ကောင်မလေးက ရက်စက်လှချည်လားဗျာ။
ဟိုက်ရှားပါး....
ပဋိပက္ခတွေ ပြင်းထန်လှချေလားဟ....
အဲ့ဒါလေးတွေ ပြီးရင်တော့ ပျော်စရာလေးတွေလည်း ကျန်ဦးမှာပါဗျာ
ကျနော်က သူမကို ဖွဖွလေး ဖက်ထားလိုက်တယ်
သူမက ကျနော့်နံဖူးကို အာဘွား ပြန်ပေးတယ် :D
အဲ့လိုမျိုးလေးတွေပေါ့ :P
ကဗျာလေး ကောင်းတယ်ဗျာ
ကျွန်တော်က သူ့ကို မခေါ်တော့တဲ့အခါ
သူက ကျွန်တော့်ကို တွေ့ချင်တယ်လို့ပြောလာပါလိမ့်မယ်။
ကျွန်တော်က သူ့ကို တစ်ခြားတစ်ယောက်ရှိနေပြီလို့ပြောတဲ့အခါ
သူက ကျွန်တော့်ကို လွမ်းတယ်လို့ပြောလာပါလိမ့်မယ်။
ကျွန်တော်က သူ့ကို လူလိမ်မကြီးလို့ပြောတဲ့အခါ
သူက ကျွန်တော့်ကို တန်ဖိုးထားလာမှာပါ။
ကျွန်တော်က သူ့ကို မကျူတော့တဲ့အခါ
သူက ကျွန်တော့်ကို ကိုကြီးလို့ခေါ်ပါလိမ့်မယ်။
ကျွန်တော်က သူ့ကို မေးလ်မပို့တော့တဲ့အခါ
သူက ကျွန်တော့်ကို သတိရတယ်လို့ ပြောလာမှာပါ။
ကျွန်တော်က သူ့ကို သိပ်မိုက်ရိုင်းတယ်လို့ပြောတဲ့အခါ
သူက ကျွန်တော့်ကို အလျော့ပေးလာမှာပါ။
ကျွန်တော်က သူ့ကို မတွေ့ချင်တော့ဘူးလို့ပြောတဲ့အခါ
သူက ကျွန်တော့်ကို နေကောင်းလားလို့မေးလာမှာပါ။
သူက ကျွန်တော့်ကို ချစ်တယ်လို့ပြောလာတဲ့အခါ
ကျွန်တော်က သူ့က မုန်းလိုက်ပါနဲ့နော်... ။
ဖြစ်ရမယ်..။
မြန်မြန် အဆင်ပြေပါစေ အကိုရေ...။
ဟဟဟား..မောင်လေးကဗျာလေးဖတ်ပြီး သဘောကျသွားတယ်.
စိတ်မကောင်းဘူးးး
အဆင်ပြေပါစေ မောင်လေး ရေ။
စုစည်းမှုတွေ ကောင်းတယ်၊ တစ်ကယ့်အဖြစ်အပျက် မဖြစ်ပါစေနဲ့
Post a Comment