Saturday, November 15, 2008

အချစ်က လွမ်းအောင်ဖန်

 


အတူရှိစဉ်ခဏ
ကြားယောင်မိတယ်
" တစ်ဒုတ်ဒုတ်နဲ့ "
မင်းရဲ့ ရင်ခုန်သံလေးပါ။
ငါ့ရင်ခုန်သံကိုတော့
တိုးလျလွန်းလို့
မကြားလိုက်မိဘူး။

ဒီလိုနဲ့ပဲ
မင်းနဲ့ငါ
ကြုံလိုက်
ဆုံလိုက်
ပျော်လိုက်
ငိုလိုက်
ဝေးလိုက်
ပြေးလိုက်
စိတ်ခုလိုက်မို့
ခုတော့
ငါ့ကို
မေ့လိုက်ပြီ .. .. .. တဲ့


18 comments:

Anonymous said...

မေ့လိုက်ပြီတဲ့လား ဗျာ ... ကိုဝင်းဇော်ရာ :(

Dr Phyo Wai Kyaw said...

း(

:P said...

စိတ်အခန့်မသင့်လို့ဖြစ်ချင်ဖြစ်မှာပါလေ....ပြန်ခေါ်မှာပါ..

မသက်ဇင် said...

ရှမ်းလေးရေ---
ခုတော့
ငါ့ကို
မေ့လိုက်ပြီ .. .. .. တဲ့

မေ့လိုက်ပြီတဲ့လားကွယ်-----
ပြန်ချော့လိုက်ပါနော်----

ကိုတိုး said...

အကိုဝင်းဇော်ရေ လာဖတ်သွားတယ်ဗျာ။ မေ့လိုက်ပြီတဲ့လားဗျာ အကို။း)

ပျံသန်းခြင်းရပ်ဝန်း said...

ခုတော့တဒုတ်ဒုတ်ရင်ခုန်သံလေးတွေ
မကြားရတော့ဘူးပေါ့နော်...

Anonymous said...

ကဗျာလေးကို ခံစားသွားပါတယ်..အဆင်ပြေပါစေဗျာ

khin oo may said...

ဘာပြူလို့လဲ အသားမဲလို့တဲ့လား။

Dream said...

အီးဟီးဟီး.. ရွှတ်... (ငိုသံနော်... )
ချိတ်မတောင်းဖူး.. ဟင့်ဟင့်... :( :( :(

mgngal said...

အလဲ့ တယ်လည်း နုနေပါလားဗျ ။ ကောင်းသဗျာ ကဗျာလေးကတော့ ။ :)

လင်းထက် said...

ထားခဲ့ပြီ ဆိုတော့လဲ နောက်တစ်ယောက် မတွေ့မချင်းတော့ ခံစားရအုံးမှာပေါ့ နော် :P ဒါကြောင့် အရံအင်အားတွေ အများကြီး လိုတယ် တဲ့ ဟီး ...။

စိုင်းနောင့် said...

မု,သုင်
ကျိုင်းတုံကလား၊ ကျွန်တော်ကတောင်ကြီးကပါ၊ ဘယ်မှ သိပ်မရောက်ဖြစ်ဘူး။ ကဗျာလေးကို ဖတ်သွားတယ်၊ အမြဲလာလာ အားပေးနေပါတယ်။

စိုင်းနောင့် said...
This comment has been removed by the author.
Unknown said...

ကိုဝင်းဇော် ပုံစံကြည့်ရတာ.... တကယ်ကို ကြွေနေပုံရတယ်။ အလွမ်းတွေ၊ အဆွေးတွေ အမြန် ကွယ်ပျောက်ပါစေဗျာ။

စိုင်းနောင့် said...

မု,သုင်
ကျိုင်းတုံကလား၊ ကျွန်တော်ကတောင်ကြီးကပါ၊ ဘယ်မှ သိပ်မရောက်ဖြစ်ဘူး။ ကဗျာလေးကို ဖတ်သွားတယ်၊ အမြဲလာလာ အားပေးနေပါတယ်။

စိုင်းစိုင်းလားရှိုး said...

အဟေး မောင်ဝင်းဇော် တစ်ယောက် ကြွေနေတာလား ခံစားမနေနဲ့ ( မားလဲ ဟောင်ကွာကျင်လောက် )

tay zar said...

ကိုယ်လည်း မေ့နိုင်အောင် ကြိုးစားပေါ့ ကိုဝင်းဇော်ရာ။ ။

Heart Breaker said...

တစ်ဖက်သတ်မေ့ဖို့ ပြောလာသူအတွက် ရင်ထဲ တစ်ကယ် ရှိရဲ့လားလို့ မေးကြည့်စေချင်ပါတယ်။ ချစ်လည်းသံယောဇဉ်၊ မုန်းလည်းသံယောဇဉ်မို့ အစ်ကို့ကို သူသတိရနေအုန်းမယ် ထင်ပါတယ်