Thursday, November 6, 2008

လိုချင်တယ် iPod Nano


အချိန်နဲ့အမျှ ပြောင်းလဲ တိုးတက်နေတဲ့ နည်းပညာနောက်ကို ကျွန်တော်လည်း အမီလိုက်နေပါတယ်။ နည်းပညာပိုင်း ကတော့ ဟုတ်ပါရဲ့၊ စက်ပစ္စည်းပိုင်းကတော့ လိုက်မမီဘူး ဖြစ်တယ်။ HDD 30 G ပါတဲ့ Apple ရဲ့ iPod Nano လေးကို သွားရည်ယို လောက်ပါရဲ့။ IT ခေတ်ရဲ့ ရှေ့ဆောင်ထဲမှာ သေးငယ် ပေါ့ပါးပြီး သယ်ယူရတာ လွယ်ကူတဲ့ ပစ္စည်းလေးတွေရဲ့ လုပ်ဆောင်ချက် စွမ်းရည်၊ အရောင်အသွေးနဲ့ နှစ်လိုဖွယ် Data ဝင်ဆံ့မှု၊ စုံလင်လှတဲ့ function တွေဟာ လူငယ်တွေရဲ့ စိတ်အစဉ်ကို ငြို့ယူ ဖမ်းစားနိုင်တယ် ဆိုတာ အမှန်ပါပဲ။

2 comments:

Anonymous said...

ကျွန်တော် နည်းပညာနောက်ကို ပြေးလိုက်တာ အကိုရေ အနောက်က ဘတ်ဂျက်ကြီးက ဆွဲ၊ ဆွဲထားတယ်၊ ဒုက္ခပဲ လုပ်ပါဦးဗျာ ...။

ခင်မင်လေးစားစွာဖြင့်

Anonymous said...

အဲ့ဒီ ပိုက်ချန်ဆိုတာသာ အလုံအလောက်ရှိရင်တော့ အဲ့ဒီစက်ပစ္စည်းလေးတွေ နောက်ကို အမှီလိုက်ချင်သားဗျာ