Thursday, August 21, 2008

ပထမအချစ်နဲ့ ဒုတိယဆု


လုံလောက်တဲ့ အကြောင်းပြချက်မဲ့
ဘာကြောင့်မှန်းလဲ မသိ
ချစ်ခြင်းရဲ့ ဝေဒနာ အတ္ထုပ္ပတ္တိက
မင်းမနှစ်သက်တဲ့ ကဗျာတွေကို မွေးဖွား
မင်းနဲ့ အဝေးတစ်နေရာမှာ
မင်း အရေးမလုပ်တဲ့ နှလုံးသားဟာ
ချစ်သူရေ ..
မကြာခဏ လွမ်းနာကျရတယ် .. .. ။

အပိုင်တွက်လို့မရတဲ့အထဲမှာ
ကံကြမ္မာ ပါတယ်
သဘာဝတရား ပါတယ် .. .. ။

များများပေးပြီး နည်းနည်းရတဲ့ ကဏ္ဍမှာ
ဘဝ ပါတယ်
အချစ် ပါတယ် .. .. ။

ဆောင့်ကြောင့်ရယ်ထိုင်
ကွန်ပျူတာနဲ့ မျက်နှာချင်းဆိုင်
ငိုချင်စိတ်က ပြင်းပြင်းပြ
ဖိတ်ကျတဲ့ မျက်ရည်သံစဉ်တွေ
ရယ်မောခြင်း တေးသွားနဲ့ ထိန်းချုပ်
ခပ်ချာချာ သီချင်းတစ်ပုဒ်ကိုညည်းထွား
ရူသွပ်ခြင်းအမည်ရတဲ့ ကဗျာတစ်ပုဒ်နဲ့
မင်းရိုက်နေတဲ့ စာလုံးကိုငေးပြီး
အချိန်အတော်များများ မင်းအတွက်ပေးဆပ်ရင်း
ချစ်သူရေ
ကိုယ် ဒုတိယဆုနဲ့ပဲ နှစ်သိမ့်နေရတယ် .. .. ။

9 comments:

Unknown said...

hello friend
So seriously.
I think so good and smooth.
I like it.
Keep go on!!!
I will watching for your new post.
Ok!!!

ကိုရင်နော်ခင်လေးငယ် said...

ကောင်းတယ်ဗျို့..

ဖိတ်ကျတဲ့ မျက်ရည်သံစဉ်တွေ
ရယ်မောခြင်း တေးသွားနဲ့ ထိန်းချုပ်
ခပ်ချာချာ သီချင်းတစ်ပုဒ်ကိုညည်းထွား

မိုက်တယ်.. :P

ATN said...

ကိုယ့်လူ... အဲလောက်လည်း မကြေကွဲနေနဲ့လေ...

ရွှေပြည်သူ (ShwePyiThu) said...

စာသားတိုင်းကို ကြိုက်မိပါတယ်။ ဖတ်ပြီးငိုင်သွားတာတော့ အမှန်ပဲ မောင်လေးဝင်းဇော်ရေ... ကဗျာကောင်းလေးအတွက် ကျေးဇူးတင်ပါတယ်...

Nge Naing said...

ကဗျာလေးကို အဓိပ္ပါယ် နားမလည်ပေမယ့် ဖတ်လို့တော့ တော်တော်ကောင်းတယ်။

တားမြစ် ထားသော... said...

အပိုင်တွက်လို့မရတဲ့အထဲမှာ
ကံကြမ္မာ ပါတယ်
သဘာဝတရား ပါတယ် .. .. ။

များများပေးပြီး နည်းနည်းရတဲ့ ကဏ္ဍမှာ
ဘဝ ပါတယ်
အချစ် ပါတယ် .. .. ။
*****************
ကောင်းတဲ့ စကားစုလေးတွေပါပဲ။ သဘောကျတယ်။

မေမိုးမခ said...

ပထမဆုရော ဘယ်သူယူမလဲဟင်။ ယူမဲ့လူမရှိရင် ဆက်သွယ်ပေးပါဦး။ ကဗျာကတော်တော်ထိတယ် ကော်ပီသွားပြီ
မေမိုးမခ

Nyo Pyar Nyet said...

ကွန်ပျူတာရှေ့ဆောင့်ကြောင့်ထိုင်ရတာညောင်းနေမှာ ပေါ့၊ ခုံဝယ်ပေးမယ်လေ......ကဗျာလေးကအရမ်းကောင်းတယ်၊ ပထမအချစ်ပထမဆု ဆိုရင်ပိုကောင်းမယ်.......
ယဉ်

Nge Naing said...

May you be free from danger and all suffering, may you be care of yourselves happily and may you be back safely from your journey wihout any disturbance.