Monday, August 18, 2008

ကွာကွာမားမား Web ကမ္ဘာ (၅၉)


http://Hellomagazine.com
အွန်လိုင်းမဂ္ဂဇင်း တစ်စောင်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ လန်ဒန်အခြေစိုက် Hellomagazine ဖြစ်ပါတယ်။ အနောက်နိုင်ငံနဲ့ ဥရောပသာမက အနုပညာလောကက ကမ္ဘာကျော် အကျော်အမော်တွေ သတင်းတွေကို ဖော်ပြ ပေးနေတဲ့ မဂ္ဂဇင်းဖြစ်ပါတယ်။ Pop မဂ္ဂဇင်းတွေထဲမှာတော့ အထင်ပေါ်ဆုံး နဲ့ လူဖတ်အများဆုံးလို့ ဆိုထားပါတယ်။ ဟောလီးဝုဒ်ကမ္ဘာနဲ့ နိုင်ငံတကာက ငွေကြယ်ပွင့်တွေရဲ့ အနုပညာ လှုပ်ရှားမှု သတင်း သာမက၊ နောက်ဆုံး ဖြစ်ပျက်နေတဲ့ ကောင်းတာရော ဆိုးတာရော အချိန်နဲ့ တစ်ပြေးညီ တင်ဆက်ပေး နေတာမို့ နိုင်ငံတကာ မီဒီယာ၊ နိုင်ငံတကာ အနုပညာသတင်း နဲ့ ထိတွေ့နေတဲ့ မိတ်ဆွေတွေ အထူး စောင့်ကြည့်သင့်တဲ့ ဝက်ဘ်ဆိုက် ဖြစ်ပါတယ်။ တစ်ခြား ဝက်ဘ်ဆိုက်လို ထင်ပေါ်သူတို့ရဲ့ သတင်းဦး သတင်းထူးကို အနည်း အကျဉ်း ဖော်ပြတာမျိုးမဟုတ်ဘဲ အသေးစိတ်နီးပါး ပြည့်ပြည့်စုံစုံ တင်ပြထားပြီး သစ်လွင်လှပတဲ့ စိတ်ဝင်စားဖွယ် ဓာတ်ပုံတွေကို ဝေေ၀ဆာဆာ တင်ဆက်ထားပါသေးတယ်။ နှစ်သက်ရာ download လုပ်ယူနိုင်တာလည်း စိတ်ကြိုက် ဖြစ်စေပါတယ်။ အားလုံးကို လေးစားလျက်ပါ။

No comments: