Thursday, August 7, 2008

ကွာကွာမားမား Web ကမ္ဘာ (၅၇)


www.fitnessonline.com


ကျန်းမာ ကြံ့ခိုင်ဖို့ ကိုယ်လက် လှုပ်ရှားမှုနဲ့ စနစ်တကျ နေထိုင် စားသောက်မှုဟာ လူတိုင်း အတွက် အရေးကြီး ပါတယ်။ ဒါကြောင့် ကိုယ်လက် လှုပ်ရှား ရတဲ့ အားကစား သည်လည်း တစ်ခု အပါအ၀င် ဖြစ်ပါတယ်။ ဒီ ဝက်ဘ်ဆိုက်မှာ ကျန်းမာရေး နဲ့ အညီ ကိုယ်လက် လှုပ်ရှားမှုများ ပြုလုပ်ရာမှာ နားလည် တတ်ကျွမ်းတွေထံ အကြံပြုချက်များ၊ မိမိကိုယ်ခန္ဓာ အလေးချိန် ထိန်းသိမ်းခြင်း၊ နေထိုင် စားသောက်မှု ပုံစံ၊ လေ့ကျင့်ခန်းများ ပါဝင်ပါတယ်။ ကြွက်သားတွေ ကြီးထွားလှပ လိုတဲ့ အမျိုးသားများအတွက် အကြံပြုချက်တွေ၊ အ၀လွန် သူများအတွက် ကိုယ်အလေးချိန်ကို ဘယ်လို၊ ဘယ်ပုံစံနဲ့ လျော့ချဖို့ ဆွေးနွေးတာတွေ အပြင် လှပပြီး မမ များအတွက်လည်း မိမိ ကိုယ်ခန္ဒာ အချိုးအစားကို ကိုယ်လို ထိန်းသိမ်းရမယ် ဆိုတဲ့ အကြံပြုချက်များ ပါဝင် ပါတယ်။ ဒါ့အပြင် ကျန်းမာရေးကို အထောက်အကူ ဖြစ်စေမယ့် အစားသောက်တွေရဲ့ အကျိုး/အပြစ် တွေကို ဖော်ပြပေးတဲ့ Fitness Online ဝက်ဘ်ဆိုက်ပဲ ဖြစ်ပါတယ်။ ဗဟုသုတအလို့ငှာ ၀င်ရောက် လေ့လာ ပါလို့ မျှဝေပေးချင်ပါတယ်။

No comments: