Saturday, August 9, 2008

ဒုက္ခခေါင်မိုးအောက်ကကျွန်တော်



တိမ်တွေညိုရင်
ရင်ဖိုမိတယ်
အေးစက် တိတ်ဆိတ် အခန်းကျဉ်းထဲ
လျှပ်စီးတံစဉ်
မိုးချိန်းသံတွေနဲ့
ငြိုငြိုငြင်ငြင် ရင်းနှီးရဦးမယ် ။

ငယ်ငယ်က မိုးညိုရင်
မိုးသီချင်းကို ကြောက်စိတ်ရယ်လုံဖို့
အော်အော်ဆိုမိတယ် ။

အဲဒီမိုးနဲ့
စိတ်လို လက်ရ တရင်းတနှီး
တကယ်တော့
ဥပက္ခောတရားဟာ
ထီးတစ်လက်မဟုတ်သလို
မိုးကာတစ် တစ်ထည်လည်း မဟုတ်ခဲ့ဘူး။

ပုံမှန် ကမ်းမှန်ဘ၀မှာ ၀မ်းရေကမစပ်
စိတ်နဲ့ကိုယ်နဲ့ နေသားကျဖို့ရာ
တစ်ဦးတစ်ယောက်မျှ
ဖ၀ါးမနာ ချိန်တန်ပြီမို့
ပစ်ရက်ခွာပြီ ။

မိုးတောင်ကခြုန်းရင်
တိုးဝှေ့ဖို့ ဟန်ပြင်
ထွေးပွေ့ရင်ခွင် မဲ့
အင်း .. .. .. ခုမှ
သူ, ငါပြောတဲ့ ဂျာအေးဆိုတာ
ကျွန်တော် ဖြစ်နေပါရော့လား .. .. … ။


ဝန်ခံချက် ။ ပုံကို www.surgeonsblog.blogspot.com မှရယူဖော်ပြပါသည်။

1 comment:

မီးတောက် said...

အကိုညီလေးမိုးဆိုတဲ့ကဗျာလေးကိုကြိုက်ပါတယ်ညီလေးက
ဗျာလေးကိုယူလို့၇ပါတယ်
ညီလေးခွင့်ပြုပါတယ်
အကိုမိတ်ဆွေတွေကိုညီလေးရှီကိုလာလည်ဖို့ဖိတ်ပေးပါနော်
လေးစားပါတယ်အကို
ညီလေးကဗျာလေးကိုကြိုက်တဲ့အတွက် ကျေးဇူးတင်ပါ
တယ်အကို
အမြဲတမ်းအားပေးပါနော်