Sunday, August 3, 2008

ရင်နင့်ပန်းတစ်ပွင့်



နားလည်မှုလွဲခဲ့တဲ့ တစ်ခဏ
"ခွမ်း" ကနဲဆို
ရင်ထဲက မြည်သံစွဲ အလင်္ကာ
ကြေမွပြီ ငါ့မှာ ..

မြေပေါ်လူးလိမ့်
ငါ့ချစ်ခြင်းတွေ တကွဲတပြား
ငါ့ဘ၀ တစ်ခုဟာ
ဟိုတစ်စ ဒီတစ်စ ပြန့်ကျဲကျလို့
တိတ်ဆိတ်ညရဲ့ လေဟာပြင်ထဲ
ဒါဟာ
ငါ့ရဲ့ နောက်ဆုံးမွတ်သိပ်မှုပါ
ပန်းကလေးရယ် ..

အလိုမတူပါဘဲ
ငါ့ကို
အားရ ကျေနပ်စွာ ဝှေ့ယမ်းပြီးမှ
ကြင်နာမဲ့ တွန်းထုတ်ခဲ့ပြီ..
နင်ဟာ
ပြတင်းပေါက်ရှိရာ
ပြေးထွက်ကျော်တက်
မည်းမှောင် ပိန်းပိတ်တဲ့
ငါ့ရဲ့ အခန်းကျဉ်း ခန်းစည်းကို
မင်းလေးရဲ့
တဏှာမဲ့ အေးစက်တဲ့
လက်ချောင်းတွေနဲ့ တွန်းဖယ်ထွက်ရင်း
လျှို့ဝှက်စွာ နှုတ်ဆိတ်လျက်
အလိုမတူပါဘဲ … ငါက……… ။


ဝန်ခံချက် ။ ဖော်ပြပါပုံကို www.hugoeiji.wordpress.com မှ ရယူထားပါတယ်။

1 comment:

Nge Naing said...

ကဗျာဆိုတာကို သိပ်ပြီး အဓိပ္ပါယ်ဖေါ်မတတ်လို့ နားလည်လို့မရ၊ ခံစားလို့မရ ဖြစ်လေ့ရှိပေမယ့် ဒီကဗျာကိုတော့ ရင်ထဲအထိ နက်နက်ရှိုင်းရှိုင်း ခံစားလို့ရပါတယ်။