Thursday, August 14, 2008

စိတ်စေစားရာ

အမှတ်ရခြင်းမှာ
မင်းသဏ္ဍာန်လေးကို
ဘောင်ခတ်ခဲ့မိတဲ့
ငါ့ နှလုံးသားရဲ့ တပ်မက်မှုပါ။

ပြန်မလာချင်တော့မှန်း သိပေမယ့်
မျှော်နေတတ်တဲ့ အကျင့်ဟောင်းတစ်ခုရဲ့
ရင်မှာ ကပ်ထားမိတဲ့ ဝေဒနာကို
ပြန်ခွာလိုက်ဖို့ ခက်ပြီ …မေ။

အသေချာ စစ်ခင်းပြီးမှ
မတိုက်ဖြစ်ခဲ့တဲ့ ရင်တွင်းစစ်မှာ
ငါကတော့ .. ..
ရာဇ၀င်လေး တွင်ရစ်လို့
အမှိုက်လေးကစ
ပြဿဒ်ခေါင်ထိ
ဘ၀တစ်ခုလုံး ပြာကျအောင်
အချစ်က လောင်ကျွမ်းစေပြီလား .. .. ။


(တစ်ဦးတစ်ယောက်မျှ ရည်ရွယ်ရိုး မရှိပါ)

5 comments:

အညာသား said...

ရိုးတော့ မရိုးဘူးနော် :)

မသက်ဇင် said...

ကဗျာလေးရေးဖွဲ့ ထားတာကောင်းတယ်။ဘယ်သူကိုမှ
ရည်ရွယ်ခြင်းမရှိပါလို့ ရေးစရာမလိုအပ်ဘူးလေ။
အနုပညာဖန်တီးရာမှာရင်ထဲကစကားကိုစာဖတ်သူများ
သိဖို့ ဖေါ်ထုတ်တာဖြစ်လို့ ဇာတ်လိုက်ဟာချစ်သူလည်း
ရှိရသလို၊ အိမ်ထောင်ကျလိုက်၊သားသမီးမွေးလိုက်၊
မိဘဖြစ်လိုက်နဲ့စိတ်ကူးယဉ်မှ အနုပညာဆန်မှာပေါ့။
ရသစုံကိုဖန်တီးနိုင်မယ်။စိတ်ကူးထဲမှာပြောတာပါ။

Kaung Kin Ko said...

Hi. very nice poem. :-)

Nge Naing said...

အရင်က ကဗျာဖတ်မတတ်ပေမယ့် ၀င်းဇော်ဘလော့ကို လာလည်ရင်းနဲ့ ကဗျာဖတ်လို့ တတ်သွားပြီ။ ကဗျာတပုဒ် ကောင်းတယ် မကောင်းဘူးဆိုတာ ဘယ်လိုကြည့်ပြီး ဆုံးဖြတ်တယ်ဆိုတာ မသိပေမယ့် အပေါ်က ကောင်းကင်ကိုရဲ့ very nice poem ဆိုတာကိုတော့ ထောက်ခံပါတယ်။

ပန်းခရေ said...

အားမနာဘူး တစ်ခါမှအားမနာဘူးး)
ကောင်းတယ် ကဗျား)