Monday, December 8, 2008

There is no hand to catch time


မကြာမတင် အချိန်မှာ ၂၀၀၈ ခုနှစ် ဆိုတာကို အရေခွံခွာချပြီး ၂၀၀၉ ခုနှစ်ကို ကြိုဆို ထွေးပွေ့ရပါတော့မယ်။ ခရစ်တော် မွေးတဲ့ ခုနှစ်ကို မူတည်ပြီး သက္ကရာဇ်ကို ကာလပိုင်းခြား ခဲ့တယ်။ ခရစ်တော် မမွေးဖွားမီ ရှေ့ကာလကို B.C ( Before Chirst) ဟုလည်းကောင်း၊ ခရစ်တော်မွေးပြီး နောက်ပိုင်း အချိန်ကာလကို A.D (Anti Domini) (After Chirst) ဟုလည်းကောင်း သတ်မှတ်ခဲ့ကြ ပါတယ်။

မြန်မာပြက္ခဒိန် မှာတော့ ကောဇာ သက္ကရာဇ်နဲ့ သာသနာ သက္ကရာဇ် (၂) မျိုးရှိပါတယ်။ ယခု ကောဇာ သက္ကရာဇ်က ၁၃၇၀ ထဲ ရောက်ရှိ နေပါပြီ။ သာသာ သက္ကရာဇ်ကတော့ ၂၅၅၂ နှစ် ရှိနေပါပြီ။ ဗုဒ္ဓဘုရားရှင် ပရိနိဗ္ဗာန် ပြုပြီးနောက် ရှင်မဟာ ကဿပမထေရ် နဲ့ အဇာတသတ်မင်း တို့ သံင်္ဂါယနာတင်နှစ်ကို ဗုဒ္ဓဘာသာနာနှစ် (၁)ခုလို့ သုံးစွဲခဲ့ပါတယ်။ သာသနာ သက္ကရာဇ် (၆၂၄)ခုနှစ်မှာ သုမုန္ဒြီမင်းက ဒေါဒေါရသကိန်း (၆၂၂)ကိုဖြိုပြီး သက္ကရာဇ်ကို (၂)ခု အကြွင်းထား သုံးစွဲခြင်းဖြင့် သာသာနာ နှစ်နဲ့ ကောဇာသက္ကရာဇ် (၂)မျိုး ပေါ်ပေါက်လာကြောင်း ဆရာဖြိုးရဲ့ နှစ်တစ်ရာ ပြက္ခဒိန်မှာ ဖတ်ရှု ရပါတယ်။

ဗုဒ္ဓဘုရားရှင်ရဲ့ ဘိုးတော် အဉ္စနမင်းလက်ထက် ရှိရင်း သက္ကရာဇ် (၈၆၄၇) နှစ်မှ (၈၆၄၅)နှစ်ကိုဖြိုပြီး ကျန်(၂)နှစ်ကို အဉ္စနာသက္ကရာဇ် အဖြစ်လည်းကောင်း၊ အဇာတသတ်မင်း လက်ထက် အဉ္စနာသက္ကရာဇ် (၁၄၈)ခုနှစ်ကိုဖြိုပြီး ဗုဒ္ဓသာသနာနှစ် သက္ကရာဇ် (၁)ခုအဖြစ် လည်းကောင်း၊ သုမုန္ဒြီမင်း လက်ထက် သာသနာ သက္ကရာဇ် (၆၂၄)ခုနှစ်မှ (၆၂၂)ကိုဖြိုပြီး ကျန်(၂)ခုကို (သရေခေတ္တရာ) သက္ကရာဇ် အဖြစ်လည်းကောင်း၊ ပုဂံဘုရင် ပုပ္ပားစောရဟန်းမင်း လက်ထက် သရေခေတ္တရာ သက္ကရာဇ် (၅၆၂)ကို (၅၆၀)ဖြိုပြီး ကျန်(၂)ခုကို ပေါကံ္ကသက္ကရာဇ် အဖြစ် ယနေ့အထိ ဆက်လက် သုံးစွဲနေကြောင်း မှတ်သား ဖတ်ရှုရပါတယ်။

မည်သို့ပင် ဖြစ်စေ ကျွန်တော်တို့သည် သက္ကရာဇ်ရထားကြီး ကိုစီးပြီး ခရီးသွားနေကြသူများ ဖြစ်ကြပါတယ်။ အတိတ်ကို ငဲ့စောင်းကြည့်လျှင် ပျော်ရွှင်စရာများ၊ ၀မ်းနည်းစရာများ၊ အောင်မြင်မှုများနှင့် ကြေကွဲဝမ်းနည်းမှုများ အသီးသီးကိုယ်စီနဲ့ပါ။ ရှေ့ဘူတာရော ဘယ်လို ဘူတာမျိုးဖြစ်မလဲ။ ကျွန်တော်တို့ရဲ့ လူ့ဘ၀ ခရီးစဉ် ရထားလက်မှတ်တွင် ရှေ့ဘူတာဟူ၍ ကြိုရေးမထားပါ။ အိန္ဒိယစကားပုံ တစ်ခုက " အချိန်ကို လက်ဖြင့် ဖမ်းဆီး၍ မဖြစ်နိုင် " ( There is no hand to catch time ) ဟုဆိုခဲ့ပေသည်။ နှစ်သစ်မှာ လူတိုင်းလူတိုင်း ချမ်းမြေ့မှု အပေါင်းနဲ့ ပျော်ရွှင်နိုင်ပါစေ .. .. ။

10 comments:

sait phay yar said...

အောက်ဆုံးအပိုဒ်ေလေးက တော်တော်လေးကိုကောင်းပါတယ်
လူတွေအားလုံးအသေမခြင်းကြုံတွေ့နေရဦးမှာဘဲလေနော်
ကျေးဇူးပါဘဲ

khin oo may said...

ဖတ်သွားပါသည်။

မြတ်သွယ် said...

အမှတ်တရနဲ့ မှတ်သားစရာများပါရှိတဲ့ ကောင်းမွန်သောပို့စ်လေးပါ ကိုဝင်းဇော်
နှစ်ကုန်တာ မြန်တယ်နော်
အချိန်ကိုဖမ်းလို့ရ၀ူးတဲ့ မှန်၏
၂၀၀၉ ဘူတာမှာ ကိုဝင်းဇောလဲ အဆင်ပြေခြင်းများစွာ ပိုင်ဆိုင်နိုင်ပါစေ

မြတ်သွယ် said...

အမှတ်တရနဲ့ မှတ်သားစရာတွေပါတဲ့ ကောင်းမွန်သောပို့စ်လေးပါ ကိုဝင်းဇော်
၂၀၀၉ မှာအဆင်ပြေခြင်းများစွာ ပိုင်ဆိုင်နိုင်ပါစေ

စိုင်းနောင့် said...

Happy New Year ပါ၊ ကြိုပြောထားတာ၊ အနာဂတ်ကိုတော့ ကြိုမမြင်နိုင်တာ အမှန်ပါ။ ကောင်းတယ်

Anonymous said...

ဟိုးငယ်ငယ်တုန်းကတော့ အချိန်ဆိုတာ ရပ်ကွက်ထိပ်က တရုတ်မကြီးရဲ့ ယောက်ကျား တရုတ်အဖိုးကြီရယ်လို့ပဲ နားလည်နေခဲ့တာပါ...
နောက်တော့ နာရီတွေကြည့်တတ်လာတဲ့အခါ အချိန်ကို ၀ယ်ယူလို့ရတယ်လို့ တလွဲတချော်တွေးမိတတ်လာခဲ့ပါတယ်၊ ဒါပေမယ့် အခုအခါမှတော့ ကျော်လွန်သွားတဲ့အချိန်တွေနဲ့ ထပ်ထပ်လာမယ့်အချိန်တွေဟာ တန်ဖိုးရှိလှတဲ့ အရိုင်းတုံးစိန်ပွင့်တွေလို ဖြစ်နေပါပြီ ကိုဝင်းဇော်ရေ ...

အခုပိုစ့်လေးကို ဗဟုသုတရလို့သိပ်ကို နှစ်သက်သဘောကျသွားမိခဲ့ပါတယ်၊ အထူးပဲ ကျေးဇူးတင်ပါတယ် ကိုဝင်းဇော်ရေ ... အချိန်တွေ ကုန်ခံရကျိုးနပ်လှပါတယ်ဗျာ ... ။

ခင်မင်လေးစားစွာဖြင့်

ကိုတိုး said...

အစ်ကိုရေ ပျော်ရွှင်ဖွယ်ရာ Happy New Year ပါအကို။ အနာဂတ်ဆိုတာ ကြိုပြောလို့မရဘူးဆိုတာကတော့သေချာပါတယ်အကို................. အဆင်ပြေပါစေဗျာအကို.......................။

ခေါင်ခေါင် said...

ဟုတ်ပါတယ် အနာဂါတ် ဆိုတာ ကြိုပြောလို့လုံးဝမရပါဘူး..
ပိုစ့်လေး ကောင်းတယ် အစ်ကို..

Heart Breaker said...

လူတိုင်း လူတိုင်း Happy New Year ဖြစ်ပါစေ

ပန်းခရေ said...

ကြိုသတ်မှတ်ခန့်မှန်းလို့မရတဲ့ အနာဂတ်ဆိုတာမှာ လူတိုင်း လူတိုင်း ပျော်ရွှင်နိုင်ပါစေ