Tuesday, December 30, 2008

A Fresh Look at Bad Breath

ခံတွင်းနံခြင်း

မြို့ထဲသွားလာရင်းနဲ့ ရောက်ရာနေရာမှာ ပလက်ဖောင်းပေါ် ဖြစ်စေ၊ ကတ္တရာ လမ်းမပေါ် ဖြစ်စေ၊ တိုက်နံရံခြေရင်း ဖြစ်စေ၊ ကားမှတ်တိုင်နံရံမှာ ဖြစ်စေ ကွမ်းတံထွေးတွေ ရဲတွတ်နေတာ သိပ်ကို အမြင်ဆိုးပါတယ်။ ကိုယ်ကိုယ်တိုင် ကွမ်းမစားလို့ ကွမ်းစားတဲ့သူကို ရှုတ်ချတာတော့ မဟုတ်ပါဘူး။ သူ့လွတ်လပ်ခွင့်နဲ့ သူမို့ စားနိုင်ပါတယ်။ ဒါပေမယ့် စနစ်တကျ ကွမ်းသွေးထွေးနိုင်ရင် ပိုကောင်းမယ် ထင်မိလို့ပါ။ မေးကြည့်ဖြစ်ပါတယ် ဘာလို့ ကွမ်းစား ဖြစ်သလဲပေါ့။ တစ်ချို့က မိရိုးဖလာ စားတာရှိတယ် (ပြောရရင် ဆွေခုနှစ်ဆက် မျိုးခုနှစ်ဆက် စားလာတာ)။ တစ်ချို့က သူများကိုအားကျလို လိုက်ဝါးရင်းနဲ့ ဖြတ်မရဘဲ စွဲသွားတာ။ တစ်ချို့ကျတော့ ပါးစပ်နံလို့ စားဖြစ်သွားတာ။ သူ့ယုံကြည်ချက်နဲ့ သူမို့ ကောင်းကြပါတယ်။ 

ပါးစပ်နံလို့ သူများကို အားနာတယ်ဆိုလို့ တစ်ခု သတိရမိပါတယ်။ လူကြီးနဲ့ စကားပြောရင် လက်ဖ၀ါးနဲ့ ပါးစပ်ကို အုပ်အုပ်ပြီ ပြောရတာကလည်း အဆင်မပြေလှပါဘူး။ လူမှု ဆက်ဆံရေး နယ်ပယ်မှာ ခံတွင်းအနံ့ နံတာကလည်း အခန်းတကဏ္ဍ အရေးပါပါတယ်။ ခံတွင်းနံ့ နံတတ်သူတွေဟာ ပေါင်းသင်း ဆက်ဆံရေးမှာ အနှောင့်အယှက် ဖြစ်စေယုံသာမက ကိုယ့်ကိုယ်ကိုလည်း ယုံကြည်မှု လျော့စေတတ် ပါတယ်။ ဒီဘက်ခေတ်မှာ ခံတွင်းနံ့ပျောက်တဲ့ ဂျင်တန် ဆေးလုံးတွေ၊ ဆေးပြားတွေ၊ spray တွေ ပေါနေပါပြီ။ ဒါပေမယ့် လူသုံးနည်း နေပါသေးတယ်။ သုံးရမှာ သိနေပေမယ့် လူတကာ မဆောင်နိုင်ကြပါဘူး။ ကျွန်တော် အပါအ၀င်ပေါ့။ ဒါကြောင့် ပါးစပ်နံတာ၊ ခံတွင်းမကောင်းလို့ အနံ့နံတာနဲ့ ပတ်သက်ပြီး ပေါ့ပေါ့ပါးပါး ဆောင်ရမှာတွေ၊ ရှောင်ရမှာတွေကို မျှဝေပေးချင် ပါတယ်။
  • ပါးစပ်နံတာကို ကိုယ်တိုင်သိဖို့ ခဲယဉ်းပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကိုယ့်ခံတွင်းနံ့ကို ကိုယ့်နှာခေါင်းက ယဉ်နေလို့ပဲ ဖြစ်ပါတယ်။
  • ခံတွင်းနံ့ နံရတာဟာ အစာအိမ် မကောင်းလို့ ဖြစ်ရတာ များပါတယ်။ ဒါ့အပြင် ခံတွင်းနံ့ဆိုးဟာ ပါးစပ်ရဲ့ အနောက်ဖက်ခြမ်းက ထွက်တတ်ပါတယ်။
  • သွားမှန်မှန် တိုက်ပေးတာက ပါးစပ်နံတာကို အထိုက်အလျှောက် ကာကွယ်ပေးပါတယ်။ ဒါပေမယ့် အနံ့ဆိုးတွေက သွားပွတ်တံ မရောက်နိုင်တဲ့ နေရာကနေလည်း ထွက်လာနိုင်ပါတယ်။
  • အစားစားပြီးတိုင်း ပါးလုတ်ကျင်းပေးတာကလည်း ခံတွင်း သန့်ရှင်းရေးကို အထောက်အကူ ဖြစ်စေပါတယ်။
  • ခံတွင်းနံ့ ပျောက်ကင်းစေဖို့အတွက် နားလည်တတ်ကျွမ်းတဲ့ သွားဆရာဝန်နဲ့  အစစ်ဆေးခံ ပြသသင့်ပြီး သွားအပေါက်များ၊ ပျက်စီးနေတဲ့ သွားများကို ပြုပြင်သင့်ပါတယ်။ ခံသွင်းကို မခြောက်သွေ့စေဖို့ ရေများများ (မကြာမကြာ) သောက်ပေးသင့် ပါတယ်။ သွားတိုက်မယ်ဆိုရင် အထူးသဖြင့် လျှာအပေါ်မှာပါ တိုက်ပေးသင့် ပါတယ်။ ဒါမှ ခံတွင်းနံ့ ကင်းတဲ့ လူသန့်တစ်ယောက် ဖြစ်လာမှာပါ။ ဖတ်ပေးလို့ ကျေးဇူးပါ။

11 comments:

May Moe said...

ဝမ်း မှန်မှန်သွားဖို့လဲ လိုအပ်ပါတယ် :)

မြတ်သွယ် said...

ပို့စ်လေးအတွက် ကျေးဇူးပါ ကိုဝင်းဇော်
မျှဝေပေးခြင်း အတွက်လည်း ၀မ်းသာမိ၏
အချက်လေးတွေကို မှတ်သွားပါတယ် :)

စိုင်းနောင့် said...

အိပ်ရေးပျက်ရင်၊ ၀မ်းမမှန်ရင်၊ အလုပ်ပင်ပန်း ရင်လည်း ပါးစပ်အနံ့ထွက်တယ်။ အနံ့ပျောက် ဆေးလည်း သိပ်မသုံးဖြစ်ပါဘူး။ ခဏခဏ ထည့်တော့ ခံတွင်းပိုပျက်တယ်။ ဂျင်တန်ကလည်း ပရုပ် များတော့ ရေရှည် ငုံလို့ မသင့်တော် ပြန်ဘူး။ ပီကေပဲ ၀ါးဖြစ်တယ်။ တစ်နေကုန်ဝါးတော့လည်း နဖူးကြောတွေ တင်းပြီး မအီမသာဖြစ်တယ်။ တစ်ခုမှကို မကောင်းပါဘူး။

Anonymous said...

မှတ်သွားတယ် အစ်ကို ကွမ်းမစားတက်ပေမယ့် အစာအိမ်ကမကောင်းတော့ နံ့မယ်ထင်တယ် ဂရုစိုက်အုံးမှ ကျေးဇူးဗျ ။

ရွှန်းမီ said...

Thank you for the tips :-)
Happy, fresh and clean, New Year!

sait phay yar said...

ကောင်းတဲ့ပိုစ်လေးပါနော် ကျေးဇူပါဘဲ
မောင်ဝင်းဇော်ရေ...

Dream said...

မှတ်သားစရာတွေ ဖြန့်ဝေပေးတဲ့အတွက် ကျေးဇူးပါ ဦးဦးဝင်းဇော်ရေ............မှတ်သားသွားပါတယ်...

Anonymous said...

ဟုတ်တယ်၊ သိပ်သတိထားရတယ်။ ခုလို အသိပေးလို့ ကျေးဇူး။

ကိုတိုး said...

ဟုတ်ကဲ့ပါအကိုရေ မှတ်သွားပါတယ်အစ်ကိုရေ။ မျှဝေပေးတဲ့အတွက်ကျေးဇူးပါပဲအကိုဝင်းဇော်။

Anonymous said...

ကိုဝင်းဇော်ရေ အေ၇းအသားတွေကတော့ စွယ်စုံလိုင်း ရလို့ ချီးကျူးလေးစားတယ်ဗျာ၊ ကျနော်လည်း ကွမ်းတော့ အကြိုက်သားဗျ၊ ဒီရောက်တော့ မစားဖြစ်တော့ဘူး၊ ပညာပေးလေးတွေ ဖတ်ရတာ တကယ်တန်ဘိုးရှိတယ်၊ ကျေးဇူးအရမ်းတင်တယ်၊

Anonymous said...

ပါးစပ်မနံဖို့ကို ခံတွင်းသန့်ရှင်းရေးကို အထူးဂရုစိုက်ရပါတယ်. အနံ့နံတာတွေ စားပြီးရင် သခွားသီးကိုစားရင်လည်း လတ်တလော အနံ့ပျောက်စေပါတယ် ဒါကတော့လွယ်၂ကူ၂ဖြေရှင်းတဲ့နည်းပါ. သွားကိုလည်း အစာစားပြီးတိုင်းတိုက်တာ အကောင်းဆုံးပါ။ သွားရော ခံတွင်းအနံ့ကိုပါထိန်းပြီးသားဖြစ်ပါတယ်.