Friday, December 12, 2008

ဒီလိုစားသောက်ပေးပါ


အိမ်မှာနေရတဲ့ အချိန်တွေ အားလုံးနီးပါးကို အင်တာနက် တက်တာအတွက် အသုံးချ လိုက်တယ်။ ဒါကြောင့် စားချိန် သောက်ချိန် မမှန်ဘူး။ နောက်ခရီးသွား နေရရင်လည်း အအိပ် အစား အချိန်မမှန်ပြန်ဘူး။ စားရမဲ့အချိန် မစားဖြစ်ဘူး။ အချိန်လွန်မှ စားဖြစ်တယ်။ စားပြန်တော့လည်း တနင့်တပိုး စားလိုက်တယ်။ တကယ့်ကို ကျန်းမာရေးနဲ့ မညီညွတ်ခဲ့ပါဘူး။ အမှန်ကတော့ လူတစ်ယောက် ကျန်းမာဖို့အတွက် အစားအသောက်ကို အချိန်နဲ့စားသောက် တတ်ဖို့ အထူးလိုအပ်ပါတယ်။ မှန်ကန်တဲ့ အစားအစာ၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာ တွေကို စားသောက်ရမှာအပြင် ဘယ်လိုစားသောက် သင့်သလဲ ဆိုတာကလည်း အရေးကြီးပါတယ်။ အစားအသောက်ကို နည်းစနစ်ကျကျ ဘယ်လို စားသောက်သင့် ဆိုတာလေးကို မျှဝေ ပေးချင်ပါတယ်

(၁) အချိန်မှန်မှန်စားသုံးပါ
ကိုယ်စားမယ့် အချိန်ကို အတိအကျ သတ်မှတ်ထားပါ။ အဆာမခံပါနဲ့။ သရေစာများ စားသုံးပြီး ထမင်းစားချိန်ကို အပျက်မခံပါနဲ့။

(၂) ဖြည်းဖြည်းစားပါ
အစာကြေညက်စေဖို့ ဖြည်းဖြည်းနဲ့ မှန်မှန် စားသုံးပါ။ ထမင်းစားပွဲမှာ မတ်မတ်ထိုင်ပါ။ လေတွေ မမျိုမိစေဖို့ ရေနည်းနည်းစီ သောက်ပြီးမျှောချပါ။

(၃) ကြေညက်စွာဝါးစားပါ
ကောင်းမွန်စွာ ကြေညက်တဲ့ အစာတွေက အစာချေရည်တွေကို ပိုထွက်စေပြီး အစာကို ပိုပြီး ကြေညက်စေပါတယ်။

(၄) မနက်စာစားပါ
မနက်စာ Breakfast ကို ကောင်းမွန်စွာ မဖြစ်မနေစားပေးပါ။ နံနက်စောစာဟာ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မ ဖြစ်ပျက်မှုတွေကို အားပေးပါတယ်။

(၅) အဆာမခံပါနှင့်
အဆာခံတာဟာ လေပွစေပါတယ်။ ပိန်ချင်လို့ အစာခံခြင်းဟာ အစာအိမ် လေပွခြင်းကို ခံစားရစေပါတယ်။

ကျန်းမာရေးအတွက် လူတစ်ဦး နေ့စဉ် စားသုံး သင့်သည့် အစားအစာ များကို အစ်မ ငယ်နိုင် ရဲ့ (ကျန်းမာစွာ အသက်ရှင် ရပ်တည်ရန် နေ့စဉ် စားသုံးရန်လို အပ်သော အစာပမာဏ) http://health.ngoinmyanmar.org/2008/11/healthy-diet.html နဲ့ (ကျန်းမာစွာ အသက်ရှင် ရပ်တည်ရန် နေ့စဉ် စားသုံးရန် လိုအပ်သော အစာပမာဏ-၂) http://health.ngoinmyanmar.org/2008/11/essential-nutrients-for-healthy-living.html ပို့စ်တွေကို ဖတ်ရှုလေ့လာခြင်းဖြင့် ကျန်းမာရေး ဗဟုသုတ တိုးပွားနိုင်ပါစေလို့ .. .. ဆန္ဒပြုလိုက်ပါတယ်။

ကိုးကား။ "It's not Just what you Eat", Reader's Digest (2007. Sept)

19 comments:

မြတ်သွယ် said...

မျှဝေခြင်းနှင့် သတိပေးခြင်းအတွက် ကျေးဇူးပါ ကိုဝင်းဇော်

:P said...

ကျေးဇူးအထူးတင်ပါသည်။

ဖိုးဂျယ် said...

ဟုတ်တယ် အကိုရေ ထမင်းကို အချိန်မှန်စားသင့်တယ်။
ညီလေးလဲ အချိန်မှန်စား ကြိုးစားဆဲပါ

စိုင်းနောင့် said...

စာကောင်းလေးဖတ်သွားတယ်၊ အိမ်မှာတော့ ထမင်းစားရင် လူစုံမှ စားကြတာဆိုတော့ အဆင်ပြေပါတယ်။ လိုက်နာပြီးသား ဖြစ်တာပေါ့။ ကျေးဇူးတင်တယ်။

ဖြိုးငယ် said...

အချိန်မှန်စားသင့်ပေမဲ့ အခြေအနေအရ မစားနိုင်ဘူးဖြစ်နေတယ်ဗျာ

သက်ဝေ said...

အဲဒီအချက်တွေနဲ့  အခုလက်ရှိဘ၀နဲ့ တော့ တော်တော်လေး ကွာနေတာ တွေ့ ရတယ်...။ ကြိုးစားပြီး လိုက်နာကြည့်ဖို့  ကိုယ့်ကိုယ်ကို သတိပေးပါအုံးမယ်...။
ဒီပိုစ့်လေးအတွက် ကျေးဇူး အထူး အထူးပါ...။

သက်ဝေ said...

အဲဒီအချက်တွေနဲ့  အခုလက်ရှိဘ၀နဲ့ တော့ တော်တော်လေး ကွာနေတာ တွေ့ ရတယ်...။ ကြိုးစားပြီး လိုက်နာကြည့်ဖို့  ကိုယ့်ကိုယ်ကို သတိပေးပါအုံးမယ်...။
ဒီပိုစ့်လေးအတွက် ကျေးဇူး အထူး အထူးပါ...။

Welcome said...

အစ်မသက်ဝေ
ဟုတ်ပါတယ် အစ်မ။ ဒီခေတ်မှာ သွားသုတ်သုတ်၊ စားသုတ်သုတ် ခေတ်မို့ပါ။ ထမင်းစားရင်တောင် ကွန်ပျူတာ ရှေ့ကကို မခွာနိုင်ဘူး။ လူကြီးတွေကပြောပါတယ်။ အာဟာရ မဖြစ်ဘူးတဲ့။ ထမင်းလုံးက ကျိန်ဆဲလိမ့်မယ်တဲ့။ ဖြစ်နိုင်ပါတယ်။ သူ့ကိုမှ စိတ်ထဲထည့်ပြီးမှ မစားဖြစ်တာ။ ပြုပြင်စရာတွေက အများသားပါ။ လာဖတ်ပေးလို့ ကျေးဇူးတင်တယ်။

Heart Breaker said...

အစားအသောက်တစ်ခုအတွက်နဲ့ ဆီဇာမချဲ့နိုင် တော့ပါဘူး။ ဖြစ်သင့်တာကတော့ ပရို ပြောသလိုမျိုး လုပ်သင့်ပါတယ်။ ဒါကလည်း အလုပ်အကိုင်မရှိ လူဘော်ကျော့ တွေ အတွက် ဖြစ်မှာပါ။ ပြေးလွှားလှုပ်ရှားနေရတဲ့ သူတွေကျတော့ မကိုက်ညီဘူး ဖြစ်တယ်။ ဒါပေမယ့် ပို့စ်ကောင်းလေး တစ်ပုဒ်ပါ။
အမြဲဖတ်ဖြစ်ပါတယ်။

Anonymous said...

အစားသောက်အတွက် ပုံမှန်ကို မရှိဖြစ်တာပါ..အခုလိုဆိုရင် သေချာပြန်သတ်မှတ်မှဖြစ်မယ်...ကျေးဇူးပါဘဲ ပို့လေးအတွက် အားပေးလျက်ပါ..အဆင်ပြေပါစေ

December Cinderella said...

အစာ မြန်မြန်စားတတ်တယ် ..
မနက်စာ ကော်ဖီတခွက် ပန်းသီးတလုံးသာ ..
နေခင်းစာ Food Court က ထမင်းထုပ် အမြဲ တ၀က်လွှင့်ပစ်တတ် ..
ညစာ ၀မှာစိုးလို့မစား ..

မောင်လေးရေ ...တခုမှလဲ မလုပ်ဘူး ..
တော်တော်ချစ်ဖို့ကောင်းတဲ့အစ်မနော် ..
ထမင်းမရှိလဲ နေနိုင်တယ် ..
ကော်ဖီ ..ပန်းသီး ..နာနတ်သီး ..အာလူးကြော် ..မရှိတဲ့ တိုင်းပြည်များသို့
ဘယ်တော့မှမသွားပါ ..
လေယာဉ်လက်မှတ် စပွန်ဆာပေးသော်ငြား ..အားနာပါတယ် ..

မချစ်ရ said...

အကိုရေငယ်ကတော့စားလိုက်ရင်မနက် စာနဲ့နေ့လည်စာပေါင်းစားရတယ်မနက်မနိုးလို့လေပြီးတော့ညစာကိုအရမ်းစားတယ်ညစာအရမ်းစားပြီးအိပ်ရင်ဝတယ်လို့ ပြောကြတယ်ဒါပေမယ့်ဘယ်လောက်စားစားမ၀တာကိုစိတ်ညစ်တယ်အကိုရေ အဲဒါဘယ်လိုလုပ်ရမလဲဝအောင်လို့

Anonymous said...

အချိန်မှန်မစားဖြစ်တာကြာလှပေါ့-------အခုလို ကျန်းမာရေးအတွက် သတိပေး
တဲ့ ပိုစ့်ကောင်းလေးကို တင်ပြပေးသော ကိုဝင်းဇော် ကို ကျေးဇူးတင်ပါတယ်---

Anonymous said...

ပိုစ့်ကောင်းလေးတခုပါ--ကိုဝင်းဇော်ရေ----

ပန်းခရေ said...

အနော်လည်း ထမင်းစားအချိန်မမှန်ဘူးဖြစ်နေတယ်.. သတိထားမှ ကျေးဇူးတင်ပါတယ် ဒီပို့စ်လေးအတွက်

လွမ်းသုရင် said...

really good post!

khin oo may said...

ထမင်းမှ မချက်တာ။ ခက်တာဘဲ။ :P

JulyDream said...

ဟုတ်...

ကြိုးစားပြီး စားပါမယ်။ ... :)

Anonymous said...

ပညာပေးစာလေးဖတ်သွားတယ်၊ မငယ်နိုင်ရေးထားတာ တွေလည်း ဖတ်ဖြစ်တယ်။ ကျေးဇူးပါပဲနော်