Wednesday, December 10, 2008

Brain Exerciser


Sharp Electronics က ထုတ်ကုန်တစ်မျိုး ဖြစ်တဲ့ Brain Exerciser မော်ဒယ် EL-T 100 B အမျိုးအစားလေးပါ။ ဦးနှောက်စမ်းသပ် တွက်ချက်မှုကို အဆင့် (၂၅)၊ (၅၀)နဲ့ (၁၀၀) ဆိုပြီး အဆင့်(၃)ဆင့် ခွဲခြားထားပါတယ်။ မိမိရဲ့ ဦးနှောက်စွမ်းရည်ကို စမ်းသပ် တွက်ချက် ပြီး စစ်ဆေးနိုင်ပါတယ်။ ပြောပြချက်အရ အယ်ဇိုင်းမားလို ရောဂါမျိုးကို တင်ကြို ကာကွယ်နိုင်တယ်လို့ သိရပါတယ်။ CR 2032 ဘက်ထရီ တစ်လုံးနဲ့ အသုံးပြုနိုင်ပါတယ်။ ပုံမှန် ကဏန်းတွက်စက်နဲ့ သချာင်္ဆိုင်ရာ Drill Feature တွေပါဝင်ပါတယ်။ (၂)မျိုးသုံးလို့ရတဲ့ ကဏန်းပေါင်း စက်လေးပါ။ ဒီပစ္စည်းပေါ်တာ ကြာပြီဖြစ်ပေမယ့် ခုမှတွေ့လို့ မျှဝေပေးလိုက် ပါတယ်။ တန်ဖိုး ကျပ်တစ်သောင်း ငါးထောင်နဲ့ Sharp Showroom မှာ ၀ယ်ယူနိုင်ပါတယ်။

3 comments:

Anonymous said...

အဲ့ စိတ်ဝင်စားစရာပဲဗျို့
မိမိရဲ့ ဦးနှောက်ကို ဘယ်လို တွက်တာတုန်းဗျ
လုပ်စမ်းပါဦး အသေးစိတ်လေး
အဲ့လိုမျိုးလေးတွေ စိတ်က ၀င်စားသဗျ

Welcome said...

ကိုမိုးသောက်
လက်တွေ့ပဲ လုပ်ပြတတ်ပါတယ်။ ပုစ္ဆာလေးတွေကို တွက်ချက် တာပါ။ ကျွန်တော့်ရဲ့ စမ်းသပ်မှုက ၂၅ % အောက်ရပါတယ်။ ဒီလို တော်ပါတယ်။

http://winzaw-mdy.blogspot.com

Welcome said...

ကိုမိုးသောက်
လက်တွေ့ပဲ လုပ်ပြတတ်ပါတယ်။ ပုစ္ဆာလေးတွေကို တွက်ချက် တာပါ။ ကျွန်တော့်ရဲ့ စမ်းသပ်မှုက ၂၅ % အောက်ရပါတယ်။ ဒီလို တော်ပါတယ်။

http://winzaw-mdy.blogspot.com