Thursday, December 11, 2008

အဝေးဆုံးကို .... လှမ်း

 
နှောင်ကြိုး

မမြင်နိုင်တဲ့ သံယောဇဉ် အမျှင်တန်း လေးတစ်မျှင်ရဲ့ ရစ်နှောင်ဖွဲ့မှုဟာ
ဖြေမပြေနိုင်အောင် ခိုင်မြဲ လွန်းလှပါတယ်။

စမှတ်နဲ့ ဆုံးမှတ်ဟာ ဝေးကွာလွန်းလှ ပေမယ့် 
ဒီသံယောဇဉ် ကြိုးလေးဟာ ပြတ်တောက်နိုင်စွမ်း မရှိပါဘဲ
ပိုမို ရစ်တွယ် နေမိတာကို ၀န်ခံပါတယ်။

သိမ်မွေ့တဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ ရစ်ပတ်ထုံးနှောင်ထားတဲ့
ဒီသံယောဇဉ်ကြိုးလေးကို တင်းမာမှုတွေနဲ့ ပြိုင်ဆိုင်ပြီး ဖြတ်တောက်ပစ် မယ်ဆိုရင်
ဖြစ်ပေါ်လာမယ့် နာကျင်မှု ဝေဒနာတွေကို
တဆွေးမြေ့မြေ့ ခံစားရမှာ အသေအချာပါ။

သို့ပေမယ့် တစ်ဖက်သတ်ဆန်လွန်းတဲ့ ဒီနှောင်ကြိုးလေးအတွက်
စောင်းကြိုးညင်းသလို အလျော့အတင်း ညှိပါသော်လည်း
ပြတ်တောက်အောင် အကြောင်းဖန်ဖန်လာတာမို့
ဖယ်ခွာဖို့ အကြောင်း မနှောင်းခင် အချိန်မှာ
အသိတရားလေး ထွန်းလင်းခဲ့ပြီ .. .. ။

11 comments:

အိပ်မက်နိဒါန်း said...

နှောင်ကြိုးလေးကို တကယ်ဘဲဖြတ်နိုင်နေပြီလား..အပြောမှာလွယ်ပေမယ့် လက်တွေ့မှာခက်ပါတယ်.ကျန်နေသူရင်ထဲမှာသာ ပိုခံစားရတာပါ.

ကိုတိုး said...

အကိုဝင်းဇော်ရေးထားတဲ့ ကဗျာလေးနဲ့ ခံစားချက်လေးက အရမ်းကောင်းတယ်ဗျာသိလားအကို...... နှောင်ကြိုးဆိုတာကလည်း ရစ်ပတ်မိရင် အကောင်းဘူးဗျာအကိုရဲ့။ အကိုရေးထားတဲ့ကဗျာရဲ့ခံစားချက်လေး အရမ်းကောင်းပါတယ်အကို။ အဆင်ပြေပျော်ရွှင်ပါစေဗျာ

Anonymous said...

ကြိုးလေးကိုတကယ်ဘဲ ဖျက်နိုင်ပြီလား.အပြောမှာလွယ်သလောက် လက်တွေ့မှာခက်တယ်လေ.ကျန်နေသူရင်မှာနင့်နေတာပါ.

Anonymous said...

မနှောင်းခင် အချိန်မှာ အသိတရားလေး ထွန်းလင်း လာတယ်တဲ့လား ကိုဝင်းဇော်ရေ.. ဟဒယကို ထိလှပါတယ်.. အရမ်းကြိုက်ပါတယ် ကဗျာလေးကို.. နောက်ပြီး ကော်ပီလုပ်ယူ ပါဦးမယ်.. ခွင့်ပြုပါ ခင်ဗျာ.. တစ်ယောက်သော သူဆီကို ပို့ပေးချင်လို့ပါ..

s said...

အကို ကဗျာလေး ကြိုက်တယ်။

s said...

အကိုကဗျာလေး ကောင်းတယ်။

Unknown said...

နှောင်ကြိုးလေးခိုင်မြဲပါစေ။ လေးစားလျက်

စိုင်းနောင့် said...

အဝေးဆုံးကို ထွက်မသွားခင် ကျွန်တော့်ကို ဂျီလေး ဖွင့်ထားပေးအုန်ုး၊ ပြောစရာရှိလို့လေ။ ကဗျာလေးကောင်းတယ်။ ဘယ်သူ့အတွက်များလဲ။ ဧကန်တော့

Heart Breaker said...

သဟဇာတ မဖြစ်တော့ရင်တော့ လက်တွဲဖြုတ်လိုက်တာ အကောင်းဆုံးပါ။ နောက်မှပေါက်တဲ့ ရွှေကြာပင်က ပိုမြင့်နေတတ် ပါတယ်။ ကိုယ့်လူလည်း လက်မနှေးလေနဲ့။ ကျန်ရစ်ဖြစ်နေအုန်း မယ်။ (ပြောကြည့်တာပါ)

Welcome said...

ကို heart breaker ရေ့
မမြင်ဖူးသော မူးမြစ်လို့ ထင်မိပါတယ်။
လက်နှေးဆို အနေဝေးတာမို့လို့ပါ။
နောက်
ဘာသာခြားဆို အိမ်ပေါ်ခေါ်လာရဖူးတဲ့ ....

ကဗျာမလေး said...

နှောင်ကြိုးရှင်လေး နဲ့ အမြန်ဆုံး ခိုင်မြဲစွာ လက်တွဲ ၍ ချစ်နိုင်ပါစေ လို့ ... ဆုတောင်းပေးပါတယ်။