Friday, December 26, 2008

လှတ ပတ ဖြစ်ဖို့

"ကလေးလေးက ချစ်စရာလေး၊ ဝဝကစ်ကစ်လေး ဘာတွေများ ကျွေးလည်းမသိဘူးနော်" လို့ အမေးခံရတဲ့ အမေတိုင်း ၀မ်းပမ်းတသာနဲ့ အားပါးတရ ရှင်းပြပါလိမ့်မယ်။ ကလေးကို ဘယ်လိုကျွေးပြီး ဘယ်လို ပြုစုနေတယ် ဆိုတာကိုပေါ့။ ငယ်တုန်းကလေးဘဝမှာ ဝ ချင်သလောက် ဝ နိုင်ပါတယ်။ ဝ ပါမှ ကျန်းမာမှာ ဖြစ်ပါတယ်။

ကလေးဘဝ ကျော်လွန်ပြီး ဆယ်ကျော်သက် ဖြစ်လာတဲ့အခါမှာ ခေတ်မီတဲ့ အပြင်အဆင် ဒီဇိုင်းတွေနဲ့ စတိုင်လ်ကျကျ ၀တ်ချင်လာတဲ့ စိတ်ကလေးကြောင့် ကိုယ်ခန္ဓာသွယ်လျပြီး အချိုးကျနဖို့ အာရုံစိုက်လာကြတယ်။ များသောအားဖြင့် မိန်းကလေးတွေ ဖြစ်ပါတယ်။ နည်းမှန် လမ်းမှန်နဲ့ ကိုယ်လက် လှုပ်ရှားမှုလေး လုပ်တာထက် နည်းလမ်းမမှန်ကန်တဲ့ အစားအစာ အငတ်ခံတာ၊ ဘေးထွက်ဆိုးကျိုး များတဲ့ ဆေးတွေ သောက်သုံး တာတွေကြောင့် မိန်းကလေး တစ်ယောက်မှာ ရှိသင့်တဲ့ အသားအရေ၊ ခန္ဓာကိုယ် အချိုးအစားမျိုး မရှိတော့ဘဲ ပုံပန်းမကျ ပိန်လှီသွားတာကို မြင်တွေ့ဖူးမှာပါ။ လှချင် ပချင်တဲ့ စိတ်လေးတစ်ခုထဲနဲ့ စနစ်တကျ မဟုတ်တဲ့ ကိုယ်အလေးချိန် လျော့ချနည်းတွေရဲ့ အကျိုးဆက်ကတော့ ကျန်းမာရေးကိုပါ ထိခိုက်လာနိုင် စရာရှိပါတယ်။ ပညာသင်တဲ့ အရွယ်ဖြစ်လို့ အသက်အရွယ်နဲ့ လိုက်ပြီး ရှိသင့်ရှိထိုက်တဲ့ ကိုယ်အလေးချိန်မျိုးတော့ ရှိဖို့ လိုအပ်ပါတယ်။ ဒါမှလည်း ကျန်းမာကြံ့ခိုင်ပြီး လှပစိုပြေမှု ရှိမှာပါ။ ဆယ်ကျော်သက် အရွယ်ကတော့ ပိန်တာ၊ ၀တာတွေဟာ အပြောင်းအလဲ မြန်တတ်ပါတယ်။ ထိန်းချုပ်ဖို့ မသင့်တော်သေးပါဘူး လို့မြင်မိပါတယ်။

ဆယ်ကျော်သက် အရွယ်လွန်လို့ အပျိုဖော်ဝင်တဲ့ ၂၀ ကျော် ၃၀ ၀န်းကျင်အရွယ် ရောက်လာရင် အမြင်တစ်မျိုး ဖြစ်လာပါမယ်။
" မတွေ့တာကြာလို့လားမသိဘူး၊ ပိန်သွားတယ်နော်"
လို့များ တစ်ယောက်ယောက်ရဲ့ နှုတ်ဆက်စကား ကြားမိရင် အကျေနပ်ကြီး ကျေနပ်ပြီး
" အို . . . အခုက ၀လာတာ၊ အရင်ကဆို ဒီထက်တောင် ပိန်သေး"
ဆိုပြီး ချက်ချင်းကြီး တုန့်ပြန်ပြောဆိုမိကြမှာပါ။

"ဟယ် .. .. ဝလာလိုက်တာကြည့်စမ်း၊ ပုံပျက်နေပြီ၊ ဝိတ်လျော့အုန်း" လို့
ဆိုတဲ့ မှတ်ချက်စကား ကြားလိုက်ရင်တော့ဖြင့် အပြောခံရသူခဗျာ စိတ်ဓာတ် အကြီးအကျယ် ကျဆင်း သွားနိုင်ပါတယ်။ စိတ်ထဲနေလည်း တိုးတိုးလေး ရေရွတ်မိတာက
" အင်း .. ဘာမှလည်း သိပ်မစားပဲနဲ့များ၊ ဒီကြားထဲ ဝ, ဝ လာနေတာ စိတ်ကိုညစ်တယ်"
ဆိုပြီး စိတ်ပျက်လက်ပျက်နဲ့ ပြန်ပြောမိမှာပါ။ ဒီလို အပြောခံရပြီ ဆိုတာနဲ့ အစားအသောက်တွေ တစ်အားကြီးလျော့ပစ်၊ ကိုယ်ခန္ဓာက လိုအပ်တဲ့ အာဟာရမရတော့ အားလျော့လာ၊ ဒီလိုနဲ့ အချိန်တိုင်း ဗိုက်ဆာသလို ဖြစ်ပြီး၊ တစ်ခါတလေ အငမ်းမရစားပစ်လိုက်နဲ့ နဂိုကထက် ပိုပြီး အလေးချိန် တိုးလာမှာတော့ အသေအချာပါပဲ။

ကိုယ်အလေးချိန် တိုးဖို့ဆိုတာ လွယ်ကူပါတယ်။ ဒါပေမယ့် ကိုယ်အလေးချိန် တစ်ပေါင်၊ နှစ်ပေါင် ကျဖို့ အတွက်တော့ အချိန်ယူရပါမယ်။ စိတ်ရှည်ရပါမယ်။ ကိုယ်လက်လှုပ်ရှားမှု တစ်မျိုးမျိုးကို ဇွဲရှိရှိနဲ့ အချိန်မှန် လုပ်ဆောင်ပေးရပါမယ်။ အစားအသောက် ကိုလည်း အချိန်နဲ့ စနစ်တကျစားပြီး အာဟာရဖြစ်ဖို့ ကိုလည်း ဝဝလင်လင် စားပေးရပါမယ်။ အဆီတိုးမှာစိုးလို့ ဆိုပြီးတော့ အသားမစားဘဲ ငါးအမျိုးမျိုးကို စားကောင်းအောင် ချက်ပြုတ် စားသောက်တာ ကိုယ်အလေးချိန် လျော့ဖို့အတွက် အထောက်အကူ ဖြစ်ပါတယ်။

အစားအသောက် တစ်ခုခု မစားခင် ရေနည်းနည်း သောက်တာ၊ စားသောက်ပြီးတဲ့ အခါမှာလည်း ရေနည်းနည်း ထပ်ပြီး သောက်ပေးတာက အစားအသောက်ကို အလွန်အကျွံ မစားသောက် မိအောင် ထိန်းပေးထားသလို ဖြစ်ပါတယ်။ အစာချေဖျက်ဖို့ အတွက်လည်း အထောက်အကူ ဖြစ်စေ ပါတယ်။

အမှန်တော့ ကိုယ်လက် လှုပ်ရှားရာမှာပဲ ဖြစ်ဖြစ်၊ အစားအသောက်ကို စားသုံးတာပဲ ဖြစ်ဖြစ် စိတ်ပျော်ရွှင်နေဖို့ တော့လိုအပ်ပါတယ်။ ကိုယ်လက်ကြံ့ခိုင်ဖို့ အတွက် အားကစား တစ်ခုခုကို ဇွဲရှိရှိနဲ့ ရေရှည် အချိန်ပေးပြီး ကြိုးစားကစားမယ် ဆိုရင် သင့်တင့်တဲ့ ကိုယ်အလေးချိန်နဲ့ ခန္ဓာကိုယ် အချိုးအစားကို ထိန်းထားပေး နိုင်ပါတယ်။ ဒီလိုဆိုရင် ကျန်းမာခြင်းနဲ့ ပြည့်စုံနိုင်တဲ့အပြင် ကြံ့ခိုင်တဲ့ ပြေပြစ်တဲ့ ကိုယ်ခန္ဓာမျိုးကိုပါ ပိုင်ဆိုင်ခွင့်ရနိုင်မှာ ဖြစ်ပါတယ်။ ငယ်ရွယ်သူတိုင်း လှပနိုင်ပါစေ၊ လှပသူတိုင်းလည်း ပျော်ရွှင်နိုင်ပါစေ။ ဖတ်ပေးတဲ့အတွက် ကျေးဇူးပါ။



8 comments:

Anonymous said...

ကောင်မလေးတွေကို ဒီလိုပဲ မြောက်ပြီးလည်း ရေးတတ်သားပဲ။ ဖတ်သွားတယ်။

khin oo may said...

မယုပြောသလိုဘဲလား။

s said...

အကို ကဗျာမှာ ကွန့်မတ်ပေးသွားတာ မနက်က အိပ်ရာထပြီး ရယ်နေမိတယ်။ ပီားပိာ ကလေးက ချစ်တက်ရန်ကောတဲ့အဲလောက်လည်း မချစ်တက်ပါဘူးရှင် :P

လှတပတဖြစ်ဘို့ ဆုလည်းအဲလိုပဲ ပီားပိာ အရင်တုန်းက ၀လို့ ဆိုပြီးစိတ်ညစ်တယ် ခုပိန်တော့လည်း ပိန်လိုက်တာဆိုပြီး မကြိုက်ပြန်ဘူး အရပ်ရှည်အောင်ရော နည်းလမ်းတွေရှိရင်ပေးပါအုံး အပိာ

Anonymous said...

ခေတ်ကလည်းမော်ဒယ်ခေတ်ကိုဗျ..
ပိန်တာလေးတွေလှမှလှ....:P

ဖိုးဂျယ် said...

ကျတော်ကတော့ နေ့မအိပ် ညမအိပ်
ဘလော့ဂင်းလိုက်တာ တော်တော်ပိန်းသွားနော်ဆိုတော့
စိတ်ဓာတ်ကို ကျသွားတာပဲ ကျသာကျတာ မဘလော့ပဲ
မနေနိုင်ဘူးလေ။ ၀နည်းလေးရော မ၇ှိဘူးလား။

Anonymous said...

အကိုကလည်းသီချင်းတောင်ရှိသေးတာကိုနော်...... ဒီလိုခေတ်ကြီးထဲမှာ မော်ဒယ်မလေးများဟာ ပိတ်ရှည်ရှည်လေးနဲ့ပိုပြီးကြည့်လို့ကောင်းတာလေ။ အဲ့လိုပေါ့နော် ပိန်တော့လေးတွေကလှမှလှပဲတဲ့။ ညီပြောဘူးနော်...............ဟီးးးးးးးး

Anonymous said...

ဒါဆို စိတ်မပျက်တော့ဘူးး ၀လို့ လှတဲ့ ခေတ်က ကုန်ပြီနော့် =)

Anonymous said...

ပိန်ချင်ပေမယ့်မပိန်ဘူး ကိုဝင်းဇော်ရေ အစားအသောက် တွေကလည်း အဆီတက်လို့လားသိဘူး ဟီးဟီး