Thursday, December 18, 2008

မနာလို ၀န်တိုမှု

မနာလို ဝန်တိုမှု

မနာလို ၀န်တိုစိတ်ကို ဘယ်အရာက ကုစားနိုင်ပါသလဲ ?

မနာလို ၀န်တိုဖြစ်မှုကို ပျော်ရွှင်မှု တစ်ခုထဲကသာလျှင် ကုစားနိုင်ပါတယ်။
ဒါပေမယ့် မနာလို ၀န်တို ဖြစ်မှုသည် ပျော်ရွှင်မှုအတွက် ကြီးမားသော အဟန့်အတား ဖြစ်နေပြန်ပါတယ်။

လူသားတိုင်းပါပဲ ပျော်ပျော်ရွှင်ရွှင် နဲ့ နေထိုင်လိုကြတာ သဘာဝပါ။ ဒါပေမယ့် မပျော်ရွှင်နိုင်တဲ့ သူတွေကလည်း အများအပြားပါ။ မပျော်မရွှင် ဖြစ်ရတဲ့ အကြောင်းရင်း တွေကလည်း ဖော်မပြနိုင်အောင်ပါပဲ။ အဓိကကျ တာကတော့ မနာလိုမှု ၀န်တိုမှု ဖြစ်နေတာက မပျော်ရွှင်နိုင်တဲ့ အကြောင်းတရား တစ်ခု ဖြစ်ပါတယ်။ မနာလို ဖြစ်ခြင်းဟာ ထိုသူရဲ့ ပြင်းပြသော လိုအင်ဆန္ဒအတွက် နက်ရှိုင်းစွာ အမြစ်တွယ်နေတာ ကြောင့်ဖြစ်ပါတယ်။

မနာလို ၀န်တိုစိတ်ဟာ ပြိုင်ဆိုင်မှုနဲ့လည်း တိုက်ရိုက် အချိုးကျပါတယ်။ အမှန်တကယ် ဆက်စပ်နေတာပါ။ မိမိ မရနိုင်တဲ့ စည်းစိမ်ချမ်းသာကို အားမကျသင့်ပါဘူး။ မိမိမရနိုင်တဲ့ အောင်မြင်မှုမျိုး ကိုလည်း စိတ်ကူး မယဉ်သင့်ပါဘူး။ ဒီလို အားကျမိမယ်၊ စိတ်ကူးယဉ်မိမယ် ဆိုရင် မနာလိုစိတ်၊ ၀န်တိုစိတ်ကို နိုးဆွ ပေးလိုက်သလို ဖြစ်စေ ပါတယ်။

မနာလိုဖြစ်မှု ၀န်တိုမှုကို မကောင်းမှုတစ်ရပ်လို့ မှတ်ယူနိုင်ပါတယ်။ အဲဒီ မကောင်းမှုကို ခွင့်လွှတ် သည်းခံရပါမယ်။ ဒါမှ တရားမျှတတဲ့ လူ့ဘောင် ဖြစ်ပေါ်လာမှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ မနာလို ၀န်တိုမှုဟာ လူမှုရေး ပြုပြင်ပြောင်းလဲဖို့ အတွက် တွန်းအားတစ်ရပ် ဖြစ်နေလို့ပါ။ မနာလို ၀န်တိုမှုကြောင့်ပဲ တရားမျှတရေးနဲ့ ညီမျှရေး ဆိုတာ ပေါ်ပေါက်လာပါတယ်။

မနာလို ၀န်တိုမှုဟာ တစ်ကိုယ်ထဲ အမှောင်လမ်းမှာ စမ်းတ၀ါးဝါး လမ်းလျှောက်နေတာနဲ့ အတူတူ ဖြစ်ပါတယ်။ ပိုမိုကောင်းမွန်တဲ့ နားခိုရာဆီ ရောက်ရင်တော့ ကောင်းပါရဲ့။ မနာလို ၀န်တိုစိတ်ကြီးပြီး ကိုယ့်ကိုယ်ကို သေကြောင်းကြံ ခဲ့ရင်တော့ တစ်သက်လုံး ပြင်မရတဲ့ အမှားတစ်ခုကို ဖန်တီးလိုက်သလို ဖြစ်နေပါမယ်။

မျှော်လင့်ချက် ကင်းမဲ့တဲ့ အနေအထားကနေ လမ်းမှန်တဲ့ ယဉ်ကျေးသော လူ့ဘောင်သည် ထိုသူရဲ့ စိတ်ကိုပိုမို အသိတရား ရစေနိုင်သလို သူရဲ့ အသည်းနှလုံးကိုလည်း ကျယ်ပြန့်စေဖို့ အားထုတ်ရပါမယ်။ အဲဒီ အတ္တစိတ်ကနေ လွတ်မြောက်ဖို့ အတွက်လည်း သူကိုယ်တိုင်လေ့လာ သင်ယူရပါမယ်။ ဒါမှသာ ပျော်ရွှင်တဲ့ ချမ်းသာသုခကို ရရှိခံစား လာနိုင်မှာပါ။ ဖတ်ပေးလို့ ကျေးဇူးပါ။



9 comments:

WWKM said...

ဖတ်လို့ကောင်းပြီး မှတ်သားသတိထားနိုင်စရာ ပို့စ်
ကောင်းလေးတစ်ခုပါ။
မနာလိုကင်း ၀န်တိုခြင်း ကင်းရှင်းကြပါစေ။
ပျော်ရွှင်ချမ်းမြေ့ပါစေ.

Anonymous said...

မနာလိုတာတွေများလေ ၀န်တိုမှုတွေ များလေ အများနဲ့အဝေးရောက်သွားမယ်လို့ ခံစားမိနေတယ် ဒါကြောင့် စိတ်ကိုရှင်း၂ထားတယ်း) ယုံလားတော့မသိ အစ်ကိုရေ့ မနာလို ၀န်တိုစိတ်ကြီးပြီး ကိုယ့်ကိုယ်ကို သေကြောင်းကြံ ခဲ့ရင်တော့ တစ်သက်လုံး ပြင်မရတဲ့ အမှားတစ်ခုကို ဖန်တီးလိုက်သလို ဖြစ်နေပါမယ်။ သတိပေးတာ ကျေးဇူးပါ အဲ့လိုမလုပ်ဘူးး ဘယ်တော့မှ .............။

Anonymous said...

လုပ်တိုင်းမဖြစ်၊ လိုတာမရ စိတ်တိုင်းမကျတဲ့
စိတ်တွေ များနေရင် ရုပ်ကျပါတယ်။ အသက်လည်း တိုနိုင်ပါတယ်။ လူမှု့ ပတ်ဝန်းကျင် နဲ့လည်း ကင်းကွာသွားသလို ခံစား ရပါမယ်။ အရူးတစ်ယောက်လို ဖြစ်နေ ပါမယ်။ တွေ့တဲ့ လူတိုင်းကို အပြစ်မြင်နေပါ မယ်။ စိတ်ထဲမှန်းကြည့်ရင် ခေါင်းစုတ်ဖွားနဲ့ ဖြစ်နေမလားတော့ မသိဘူး။

ဦးကုလားဟုခေါ်ပါသည်။ said...

အားမနာတမ်းဝေဖန်ရမယ်ဆိုရင် ပက်ပက်စက်စက်ဝေဖန်ခဲ့မယ် နောက်နောင် စာရေးရင်ဆင်ချင်မိအောင်လို့ ဝေဖန်လိုက်ပြီဟေ့ ကောင်းတယ်ဆက်ရေး

ကဗျာမလေး said...

ပြောမိမှားပေါ့ ... ဟိုတစ်နေ့ကပဲ မနာလိုဖြစ်ရတယ် လို့ပြောလိုက်မိတယ် ... ခု ခံလိုက်ရပြီ ...
ဟာ ဟ ...

Anonymous said...

အဲဒီလို စိတ်မျိုးက မရှိသင့်ဘူးထင်တယ် ..အခုလိုသတိပေးထားတဲ့အတွက် ကောင်းပါတယ် ဗျာ ..အဆင်ပြေပါစေ

ကိုတိုး said...

ဟုတ်တယ်ကိုဝင်းဇော် အဲ့လိုစိတ်မျိုးမထားသင့်ဘူးထင်တယ်နော် အခုလိုအသိပေးတဲ့အတွက်ကောင်းတယ်ဗျာ။ အဆင်ပြေပါစေဗျ အကိုဝင်းဇော်

Saing Khan Tun said...

တစ်မျိုးပဲ ........
မနာလိုဝန်တိုစိတ်အတွက်လား ...
သူ့ကုသိုလ်နဲ့သူ၊ သူအားထုတ်မှုနဲ့သူဖြစ်တာလို့ သဘောပေါက်လိုက် ....

စိုင်းနောင့် said...

လူတိုင်းမှာ အနည်းနဲ့ အများတော့ ရှိတတ်ပါတယ်။ မရှိတာတော့ အကောင်းဆုံးပေါ့
စိတ်ကျတယ်၊ ရုပ်ကျတယ်။