Wednesday, December 17, 2008

ဆောင်းဦးဖက်ရှင်

အနောက်ဖက်မှာ Spring လို့ခေါ်တဲ့ မိုးရာသီ၊ Summer လို့ ခေါ်တဲ့ နွေရာသီ၊ Autumn လို့ခေါ်တဲ့ ဆောင်းဦးဝင်ရာသီနဲ့ Winter လို့ခေါ်တဲ့ ဆောင်းနှောင်းရာသီ ဆိုပြီး ဥတု(၄)လီ ရှိပါတယ်။ ဆောင်းဦး ရာသီဟာ သူတို့ဆီမှာ သိပ်ပြီး အအေးဓာတ် မခံရသေးဘူးလို့ သိရပါတယ်။ ခန္ဓာကိုယ် ချွေးမထွက် ရုံလောက်နဲ့ စိမ့်စိမ့်လေးအေးတဲ့ အနေတော် ရာသီဥတု မျိုးပဲ ဖြစ်ပါတယ်။ ဆောင်းနှောင်းရာသီ ရောက်ပါမှ ဖြူဖွေးနေတဲ့ နှင်းတွေလည်းကျ၊ အအေးဓာတ် ကလည်း မခံမရပ်နိုင်အောင် ပြင်းထန်တဲ့အပြင် တစ်ခါတလေ နှင်းမုန်တိုင်းတောင် တိုက်ခတ်တဲ့ အထိ ဖြစ်တတ်တာကို နိုင်ငံတကာ သတင်းတွေမှာ တွေ့ရတတ် ပါတယ်။

မိန်းကလေး တွေဟာ အလှအပကို နှစ်သက်ကြတာ သဘာဝပါ။ ဒါကိုသိတဲ့ ဖက်ရှင် ဒီဇိုင်းနာတွေကရာသီအလိုက် လိုက်ဖက်တဲ့ အ၀တ်အထည်တွေကို တီထွင်ချုပ်လုပ်ကြ ပါတယ်။ ကိုယ်တီထွင်ထားတဲ့ဒီဇိုင်းတွေကို ပဲရစ် နဲ့ မီလန်လို မြို့ကြီးတွေမှာ ငွေကြေးအကုန် အကျခံပြီး တင်ဆက်ပြသ တာတွေကို mrtv-4 ရဲ့ဖက်ရှင်လိုင်း ကနေ စဉ်ဆက်မပြတ် ကြည့်ဖြစ်တဲ့၊ တွေ့နေကျ ဖက်ရှင်လိုင်း ဖြစ်ပါတယ်။

ငွေကြေး တတ်နိုင်သူများကို ရည်စူးပြီး တီထွင်ချုပ်လုပ် သလို ဆင်းရဲသူများ အတွက်လည်း ဖက်ရှင်တွေ တီထွင်ပြီး ပေါ၊ ချောင်၊ ကောင်း ရောင်းချပေးပါတယ်။ ချမ်းသာသူတွေဟာ ရာသီတစ်ခုအတွက် ၃ စုံ၊ ၄ စုံ လောက်သာဝယ်ပြီး ရာသီကုန်တာနဲ့ မ၀တ်ကြတော့ဘဲ စွန့်ပစ်လိုက်ပြီး နောက်နှစ်ရာသီ အတွက် ထပ်ဝယ်၊ နောက်တစ်ခါ ထပ်စွန့်ပစ် ဆိုတဲ့ ပုံစံပါ။ အဲဒီ ဓလေ့ကြောင့် သူတို့ရဲ့ အ၀တ်အစားတွေဟာ မရှိဆင်းရဲ့တဲ့ နိုင်ငံတွေက မတတ်နိုင်သူတွေဆီကို အကောင်း ပကတိအတိုင်း ရောက်သွားကြပါတယ်။
Missioni, Mac, Etro, Gucci ဖက်ရှင် ကုမ္ပဏီကြီး တွေက ဆောင်းဦးရာသီ အတွက် တီထွင်ထားတဲ့ အ၀တ်အစား တွေကို model တွေနဲ့ လိုက်ဖက်အောင် ၀တ်ဆင်စေပြီး ရှိုးပြခဲ့တာတွေပါ။ ဆောင်းတွင်းဆိုပြီး နွေးရင်ပြီးရော၊ ပုံမကျ ပန်းမကျ ၀တ်ထားတဲ့ ထူထူထဲထဲ ၀တ်စုံတွေကို ၀တ်မယ့်အစား မိန်းကလေးတွေကို ရာသီမရွေး လှပစေချင်တဲ့ ဆန္ဒနဲ့ တီထွင်သူ Designer များရဲ့ စေတနာကို နားလည်ပေးကြပါ။

5 comments:

Heart Breaker said...

ဖတ်သွားတယ်၊ ရှိုးသွားတယ်။

khin oo may said...

ဘလော့တန်းပလိတ်ပြောင်းသွားတယ်။ ပိုလှသွားသလိုဘဲ။ ဒါပမဲ့ ဂေါ်ဇီလာနဲ့မမြင်ရဘူး။ အိုင်အီးနဲ့သွားဖတ်ရတယ်။ စာတွေဖတ်သွားပါတယ်။

ညီအကိုများ said...

အခု ဘလော့ကကြည့်ကောင်းတယ်..

ဖက်ရှင်ရှိုး ကြည့်သွားကြောင်း..

မိုးကြယ်

Anonymous said...

တစ်နေကုန်ကြည့်ဖြစ်တော့လည်း ရိုးအီသွားတယ် နောက်ပြီး သူတို့ဆီက အ၀တ် အစားတွေက ဒီကနဲ့ သိပ်သဟဇာတ မဖြစ်ဘူး။ ကြည့်လို့တော့ ကောင်းပါတယ်။

သူကြီးမင်း (တုံးဖလား) said...

မနာလိုမှုကင်းစွာနဲ့ ဖက်ရှင်တွေကို ဖတ်ရှုသွားခဲ့ပါတယ်။