Friday, December 5, 2008

ဒီလိုလေး နှုတ်ဆက်ချင်ပါတယ်


သူငယ်ချင်းတွေရဲ့ အိမ်ကို ရောက်ခဲ့ရင် " မင်္ဂလာပါ " ဆိုပြီး အလျင် နှုတ်ဆက်မိတာ ကိုယ်ပိုင်ဟန်ပန် လိုဖြစ်နေပါပြီ။ နောက် "ချမ်းမြေ့ပါစေ"၊ "ရွှင်လန်းပါစေ"၊ "ပျော်ရွှင်နိုင်ပါစေ" စသဖြင့် အပိတ် နှုက်ခွန်းဆက်ပြီးမှ ပြန်လာတတ်ပါတယ်။ မမြင်နိုင်တဲ့၊ မတွေ့ဖူးတဲ့ အွန်လိုင်းပေါ် က သူငယ်ချင်းတွေကို ညီအစ်ကို မောင်နှမလို၊ မိတ်တွေစစ်တွေလိုပဲ ခင်မင် ရင်းနှီးစွာနဲ့ နှုတ်ဆက် ဖြစ်ပါတယ်။ ခင်မင်စိတ်နဲ့ အာလုတ်ပြုတဲ့ စကားလေးပါ။ ပြင်ပလောကမှာ ကျတော့ "လှလို့ ၀လို့ ပါလား" ဆိုပြီး ဥပကာရ ပြောဖြစ်ပါတယ်။ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး အစစ အရာရာ အဆင်ပြေနေပါမှ စိတ်ချမ်းသာပြီး လှပ နေနိုင်တာပေါ့နော်။ ဒီလို လှပနေမှ ပြည့်ပြည့်၀၀ စိုစိုပြည်ပြည် ဖြစ်မယ်လေ။ စေတနာအရင်းခံနဲ့ လူတွေ အဆင်ပြေကြပြီး စိုပြည်လှပနေဖို့၊ ရယ်ရယ်မောမော ပျော်ပျော်ရွှင်ရွှင်နဲ့ ဘ၀ကို ကျော်လွှား နိုင်ကြဖို့အတွက် လှလို့ ၀လို့ ပါလားလို့ နှုတ်ဆက်လိုက်ရင် တော်တော်များများက အကျေနပ်ကြီး ကျေနပ်ပြီး ရယ်မောနိုင်တာကို တွေ့ရပါတယ်။

စိတ်လက်ပေါ့ပါးစွာနဲ့ ရယ်မောနိုင်တာဟာ ကျန်းမာရေးကို တစ်ဖက်တစ်လမ်းကနေ အထောက်အကူ ပြုနိုင်ပါတယ်။ ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ နှစ်ခုလုံးအတွက် မဖြစ်မနေ လိုအပ်တဲ့ အရာကိစ္စလေးပါ။ ရယ်မောလိုက်ခြင်းဖြင့် မျက်နှာပြင်မှရှိတဲ့ အကြောအချင်တွေ ဘယ်မျှ ဘယ်၍ ဘယ်လို လှုပ်ရှားစေပြီး ဘယ်အတိုင်း အတာအထိ ကျန်းမာရေးကို အထောက်အကူ ဖြစ်စေတာကိုတော့ ဆေးပညာရှင်တွေက ပိုသိ၊ ပိုနားလည်မှာပါ။ ဘယ်လိုပဲ ဖြစ်ဖြစ်ပါ ရယ်မော ပျော်ရွှင်နေတာက စိတ်ညစ် ငိုယိုနေရ တာထက်တော့ ပိုကောင်းတယ် ဆိုတာတော့ အသေအချာပါပဲ မဟုတ်လား။

ဒါကြောင့် ရယ်မောနိုင်ကြပါစေ၊ ကျန်းမာပျော်ရွှင်နိုင်ပါစေ၊ ဒီကနေတစ်ဆင့် ၀၀လှလှ လေးတွေ ဖြစ်ပါစေလို့ ဆုတောင်း မေတ္တာပို့ကြတာ ဖြစ်ပါလိမ့်မယ်။ မနှစ်သက် သူတွေအတွက် အဓိပ္ပာယ်ကောက်လွဲတာ၊ အမြင်လွဲတာတွေ ဖြစ်နိုင်ပေမယ့် မလွဲနိုင်တာကတော့ လူတစ်ဦးအပေါ်မှာ ထားရှိတဲ့ စေတနာတရားပါပဲ။ ကိုယ့်သူငယ်ချင်း မိတ်ဆွေ ရယ်မောပျော်ရွှင်နိုင်ဖို့ ဘ၀မှာ စိုစိုပြည်ပြည် လှလှပပ ဖြစ်ဖို့ထားတဲ့ စေတနာကတော့ ဘယ်လိုမှ မလွဲမမှားနိုင်တာကို တပ်အပ် ပြောနိုင်ပါတယ်။ ဘုရားဟော ရှိပါတယ်။ " အာရောဂျံ ပရမံ လာဘံ " ဖြစ်ပါတယ်။ အာရောဂျံ - အနာရောဂါ ကင်းရှင်း ကျန်းမာခြင်းသည်၊ ပရမံ - မြတ်သော၊ လာဘံ - လာဘ်တစ်ပါး ဖြစ်သည် လို့ ဆိုထားပါတယ်။ ကျန်းမာမှ အလုပ်လုပ်နိုင်မယ်။ အလုပ်လုပ်နိုင်ပါမှ မိမိဘဝရဲ့ တိုးတက်မှုနဲ့ ပျော်ရွှင် ချမ်းမြေ့မှုကို ရရှိနိုင်ပါမယ်။ ဒါမှလည်း စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ စိုပြည်လှပ နေမှာပါ။

လူတိုင်းကိုယ်စီ ရယ်မောပျော်ရွှင် နိုင်တဲ့ဘဝ၊ ပူပင်ကြောင့်ကျမှု ကင်းတဲ့ဘဝ၊ ကျန်းမာရေး ဒေါင်ဒေါင်မြည် နေတဲ့ဘဝ၊ စိတ်ချမ်းချမ်းသာသာ ပြည့်ပြည့်စုံစုံနဲ့ နေရတဲ့ဘဝ တွေကို မက်မောကြတာ ဓမ္မတာပါ။ ငွေရှိပေမယ့် စိတ်မချမ်းသာတဲ့ သူတွေ၊ ရာထူးဂုဏ်သိန် တွေရှိပေမယ့် ကိုယ် မကျန်းမာတဲ့ သူတွေ ကျွန်တော်တို့ ခင်ဗျားတို့ ဘေးနားမှာ ရှိနေကြတာ၊ ရှိနေတာကို တွေ့မြင်နေရပါလိမ့်မယ်။ တစ်ဖက်က ပြည့်စုံပြီး တကယ့်လိုအပ်ချက်က ချို့တဲ့နေတဲ့ ချိန်ခွင်လျှာ မညီမှုမျိုး တွေကိုလည်း တွေ့ဖူးကြမှာပါ။ ဒါကြောင့် လူတိုင်း အနေမခက်၊ မသေမခက်ဘဲ ဘဝကို ခင်တွယ် မက်မောစရာ၊ ပျော်မွေ့စရာ အဖြစ် ခံယူရှင်သန် နိုင်အောင် အားလုံးပဲ ရယ်မောနိုင်ကြပါစေ၊ ပျော်ရွှင်နိုင်ကြပါစေလို့ ပြောရတာဖြစ် ပါတယ်။ စိတ်ဖိစီးမှုတွေနဲ့ သက်ပြင်းတွေချ၊ ငိုကြွေးပြီး စိတ်သောက ရောက်နေရတာထက် ရယ်မော ပျော်ရွှင်နေတာက ပိုမကောင်းဘူးလား။ တပိန်ပိန် တလိန်လိန်နဲ့ အရိုးပေါ် အရေတင်ပြီး ကမ္မဋ္ဌာန်း ရုပ်ပေါက်နေတာထက် စာရင်တော့ စိုပြည်လှပပြီး ၀နေကြက ပိုမကောင်းပေဘူးလား။ ဒါကြောင့် လူတိုင်းကိုပဲ "လှလို့ ၀လို့ပါလား" လို့ပဲ နှုတ်ဆက်ချင်ပါတယ်။ ဖတ်ပေးတဲ့အတွက် ကျေးဇူးပါ။

13 comments:

:P said...

"လှလို့ ၀လို့ပါလား" ကိုဝင်းဇော်...

Unknown said...

လှလို့ ၀လို့ပါလား ကိုဝင်းဇော်ရ........ :D

Dream said...

အမယ်.. ဦးဝန်းချော်... ဂျီး အားလူးပြုတ် ဂျဂါး.. အဲ .. မွှားယို့..
အာလုတ် ဂျဂါးနဲ့ နှုတ်ချက်ယိုက်မယ်...

လှလို့ ၀လို့ပါလား ဦးဝင်းဇော်..
တသွေးတမွေးနဲ့ ... ဟိဟိ... :P :P

Dream said...

အမယ်..အမယ်... ဦးဦးဝန်းချော်.. လှလို့ ၀လို့ ပါလား...
တသွေးတမွေးနဲ့ လှနေတယ် ကြည့်ပါဦး.... :P :P


ဟိဟိ.. အာလူးပြုတ်စကား အဲ မှားလို့ အာလုတ်စကား နဲ့ နှုတ်ဆက်
တာနော်.. ဟိဟိ..

okn said...

good to read. but it is hard to say for murmese in other country if you say " you look nice and put on weight". i'm sure they'll look down on your greeting.

Anonymous said...

အကို ရေ ကျန်းမာပျော်ရွှင်ပါစေနော် အမြဲအားပေးလျက်ပါ :)

ကိုတိုး said...

လှလို့ဝလို့ပါ လား အကိုဝင်းဇော်ရေ.............

Anonymous said...

ဟာ ကိုဝင်းဇော် လှလို့ ၀လို့ ပါလားဗျ ... အခုပိုစ့်လေး ရည်ရွယ်ချက် သိပ်ကောင်းတယ် ... အဲလိုပိုစ့်လေး များများရေးပေးနော် ...
အားပေးနေတယ် ... ။

ခင်မင်လေးစားစွာဖြင့်

တက်လူငယ် said...

လှလို့ဝလို့ပါလား..ကောင်း၏။

Anonymous said...

ချမ်းမြေ့ ပျော်ရွှင် နိုင်ပါစေ အကို ဝင်းဇော် ခင်ဗျာ..

ကဗျာမလေး said...

ကိုဝင်းဇော်
စိတ်ချမ်းသာ ပျော်ရွှင်နိုင်ပါစေ နော် ...။

စိုင်းနောင့် said...

စာသားတွေကောင်းတယ်၊ စေတနာလေးတွေပေါ့။

mirror said...

ခုပဲ တင်းပလိတ်ကို ပြောင်းနေတာလား။ပြန်လာတော့ ပြောင်းနေသလားလို့...ဟုတ်လားဟင်