Saturday, December 20, 2008

be Generous Person

သဘောထားကြီးမြတ်သူ ဖြစ်ပါစေ
အမှန်တရားကို မသိနိုင် မမြင်နိုင်သူဟာ တစ်ကိုယ်ကောင်းဆန်ပါတယ်။
တစ်ကိုယ်ကောင်းဆန်သူဟာ အလိုလောဘကြီးတယ်။
တစ်ကိုယ်ကောင်းဆန်သူဟာ တစ်ကိုယ်ရေစည်းကမ်းမရှိဘူး။
တစ်ကိုယ်ကောင်းဆန်သူဟာ စကားကို ပေါ့ပေါ့တန်တန် ပြောတယ်။
ဒီလိုလူမျိုးကို ကိုယ်ကျင့်တရားမရှိဘူးလို့ ခေါ်တယ်။
ဒီလိုလူမျိုးကို အသိဥာဏ်ပညာ ကင်းမဲ့တယ်လို့လည်း ခေါ်တယ်။

ပေါင်းသင်း ဆက်ဆံရေးဟာ လူနဲ့ လူ့ပတ်ဝန်းကျင်မှာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိပါတယ်။ ကိုယ့်ကိုယ်ကိုသာ အားကိုးရာလို့ ပြောဆိုနေကြပေမယ့် လူဆိုတာ တစ်ဦး တစ်ယောက်တည်း၊ တစ်ကိုယ်တည်း မရပ်တည်နိုင်ပါဘူး။ ကိုယ့်ကိုယ်တိုင် အားကိုး အားထားရာ ဖြစ်ပေမယ့် ပတ်ဝန်းကျင်ကိုတော့ မေ့လျော့ထားလို့ မရပါဘူး။ ဒီလိုပေါင်းသင်း ဆက်ဆံရာမှာ ကိုယ်ပေါင်းတဲ့သူဟာ ကိုယ့်အပေါ် စိတ်ထားမှန်ကန်ပါမှ အဆင်ပြေပြေ ဆက်ဆံနိုင်မှာပါ။ လိမ်လည်လှည့်ဖြား ခံရရင် ခင်မင်မှုတွေဟာ သဲထဲရေသွန်သလို ဖြစ်သွားမှာပါ။ ကိုယ့်သူငယ်ချင်းကို ခင်မင်စိတ်နဲ့ ကိုယ့်အတွင်းရေးကို ပြောပြမိတာတွေ ရှိတတ်ပါတယ်။ ကိုယ့် မိတ်ဆွေသူငယ်ချင်းက ကိုယ့်ကို သစ္စာမရှိ ကျောခိုင်းသွားရင် ကိုယ့်နောက်ကျောကို ဓားနဲ့ အမွှမ်းခံရသလို ခံစားရပါမယ်။

လူတစ်ယောက်ဟာ ရုပ်ရည် ဘယ်လောက်ပဲ လှနေပါစေ၊ အတတ်ပညာတွေ ခေါင်မိုးထိအောင် တတ်နေပါစေ စိတ်ထားမမှန်ရင် စိတ်ထားမရိုးဖြောင့်ရင် သူ့ကို ပေါင်းသင်းတဲ့ မိတ်ဆွေ သူငယ်ချင်းတွေရဲ့ ဖယ်ကြဉ်ခြင်းကို ခံရမှာ မလွဲမသွေပါပဲ။ နောက်ဆုံးတော့ တစ်ကိုယ်တည်း အဖော်မဲ့ပြီး စိတ္တဇသမား တစ်ယောက်လို ယောင်တောင်တောင် ဖြစ်နေမှာပါ။ စကားပြောဖော် မဲ့သွားတာမို့ ဆွံ့အ နားမကြားတဲ့ ရောဂါသည်လို လွင်လွင်လေးနဲ့ ရူးနေမှာ အသေအချာပါပဲ။

လူ့လောကကြီးမှာ လူတွေဟာ အမှီရှိမှ တိုးတက်ပါမယ်။ ကိုယ်အမှီသဟဲ ပြုတဲ့ မိတ်ဆွေ သူငယ်ချင်းတွေ ကလည်း ကိုယ့်အပေါ် ကောင်းပါမှ အရာရာ တိုးတက်အဆင်ပြေ ပါမယ်။ ကိုယ်နဲ့ ရေရှည် လက်တွဲမယ့် လူတစ်ယောက်ဟာ ကိုယ့်အပေါ် စိတ်ထားမှန်ကန်ဖို့၊ စိတ်လှသူ ဖြစ်ဖို့ အထူးလိုအပ်ကြောင်း ပြောကြား ချင်ပါတယ်။ စိတ်နှလုံး နူးညံ့ သိမ်မွေ့သူတွေနဲ့ ကြုံဆုံ နိုင်ပါစေ၊ စိတ်သဘောထားကြီး မြတ်သူတွေ ဖြစ်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

13 comments:

Saing Khan Tun said...

ကိုဝင်းဇော်ရေ ..... ကိုယ်ကောင်းလို့ ကိုယ်အပေါ်ပြန်ကောင်းရမယ်လို့ မျှော်လင့်ခြင်း၊
ကိုယ်မလိမ်လို့ ကိုယ်အပေါ်လိမ်မှာမဟုတ်လို့ယုံကြည်နေခြင်း၊
အဲလို... အဲလိုတွေပေါ့လေ ..... အဲတာတွေ ဘေးဖယ်ပြီး .... ကိုယ်လမ်းကြောင်းကိုယ် ကောင်းကောင်းမှန်မှန်လျှောက်ရင်း ..... ဥပက္ခာတရားကိုလည်း လိုအပ်သလို သုံးစွဲရင်း .... နေရမလားမသိဘူးနော် ....

Saing Khan Tun said...

ကိုဝင်းဇော်ရေ ..... ကိုယ်ကောင်းလို့ ကိုယ်အပေါ်ပြန်ကောင်းရမယ်လို့ မျှော်လင့်ခြင်း၊
ကိုယ်မလိမ်လို့ ကိုယ်အပေါ်လိမ်မှာမဟုတ်လို့ယုံကြည်နေခြင်း၊
အဲလို... အဲလိုတွေပေါ့လေ ..... အဲတာတွေ ဘေးဖယ်ပြီး .... ကိုယ်လမ်းကြောင်းကိုယ် ကောင်းကောင်းမှန်မှန်လျှောက်ရင်း ..... ဥပက္ခာတရားကိုလည်း လိုအပ်သလို သုံးစွဲရင်း .... နေရမလားမသိဘူးနော် ....

WWKM said...

အစ်မကတော့ အတတ်နိုင်ဆုံးလူတွေနဲ့ တည့်အောင်
ပေါင်းမိပါတယ်။ကံဆိုးစွာနဲ့ မထင်မှတ်ပဲ သဘောထား
ကွဲလွဲသွားသူတွေလဲ ရှိခဲ့ပါတယ်။
ကိုယ်နဲ့ စိတ်မတူတဲ့သူ ၊ Type မတူပဲ ပေါင်းရသင်းရခက်
တဲ့သူဆိုရင်တော့ ဥပေက္ခာပြုထားလိုက်ပါတယ်။
အဆင်ပြေပါစေ။

ခေါင်ခေါင် said...

အရမ်းကောင်းတဲ့ ပိုစ့်လေးပါပဲ..
အပေါ်ဆုံးက စာကြောင်းလေး ၆ ကြောင်းကို ကူးရေးထားလိုက်တယ်..

ညီအကိုများ said...

ိပိုစ့်ကောင်းတစ်ပုဒ်ပါ..

ခံစားမှတ်သားသွားပါတယ်..

မိုးကြယ်

အလင်းစေတမန် said...

အစ်ကိုလည်း စိတ်နှလုံး နူးညံ့ သိမ်မွေ့သူတွေနဲ့ ကြုံဆုံ နိုင်ပါစေ၊

may16 said...

ကိုဝင်းဇော် အရမ်းကောင်းတဲ့ပို့စ်လေးပါ.
လူတိုင်းဒီလိုစိတ်ထားနိုင်ပါစေလို့ဆုတောင်းရင်း

တောင်ပေါ်သား said...

အကိုရေ လူလောကကြီးမှာ နေသရွှေ့တော့ ဒီလို လူတွေနဲ့ လမ်းတကွေ့မဟုတ် တကွေ့မှာ တွေ့နေကြရမှာပါလေ အဓိက ကိုယ့်ဘက်က အမှန်ကန်ဆုံး ဖြစ်နေရင် လောကကြီးက ကျေနပ်စရာပါ အကိုရယ်

လေးစားလျက်

Anonymous said...

ကိုဝင်းဇော်ရေ တကယ့်တန်ဘိုးရှိတဲ့ ပို့စ်ကောင်းလေးတခုပါဘဲဗျာ၊ လောကမှာ မိတ်ဆွေကြောင့်တိုးတက်ကြီးပွားနိုင်သလို၊ မိတ်ဆွေကြောင့်ဘဲ ဆုပ်ယုတ်ပျက်စီးခဲ့ကြတဲ့ သာဓကတွေအများကြီး ပါဘဲ၊ လောကကြီးမှာ မိတ်ဆွေစစ်ဆိုတာ ရှားတယ်၊ တချို့က ကိုယ့်အတွက် မိတ်ဆွေကောင်းရပေမယ့်လည်း တန်ဘိုးမထားတတ်ဘူးလေ၊

Anonymous said...

မောင်လေးဝင်းဇော်ရေ
မိတ်ဆွေတွေ အကြောင်း ပြောရရင်တော့ အများကြီးပါပဲ၊ ဘာပဲဖြစ်ဖြစ် ပို့စ်လေးကို ဖတ်သွားတယ်။ ဒီလို အသိပေးပို့စ်တွေ အတွက် အတိုင်းမသိ ကျေးဇူးတင်တယ်လို့ ပြောချင် ပါတယ်။ မောင်လေးလည်း တန်ဖိုးရှိတဲ့ သူငယ်ချင်း မိတ်ဆွေကောင်းနဲ့ ပေါင်းဖော် နိုင်ပါစေနော်

Heart Breaker said...

ညီလေးရေ
တစ်ဦးတစ်ယောက်ထဲ ရပ်မနေနိုင်တာကတော့ အမှန်ပါပဲ။ တစ်ချို့ကျတော့လည်း မာန်မာန တစ်ခွဲသားနဲ့ ပေါင်းသင်းရခက်ခဲသလို၊ တစ်ချို့ မိတ်ဟောင်းတွေလဲ မိတ်သစ်တွေ့လို့ ကိုယ့်ထက် သာသွားရင် ပြန်လှည့်မကြည့်ကြ တော့ဘူး။ သူငယ်ချင်းဖြစ်တုန်းက ဆိုးတူ ကောင်းဘက်၊ သောက်တူ သောက်ဖက်တွေ တစ်ကယ်တမ်း အခက်အခဲကြုံတော့ ကူညီချင် သူတွေ ခပ်ရှားရှားပါ။ ဒါပေမယ့် နားလည် ပေးနိုင် ပါတယ်။ သူ့ကုသိုလ်နဲ့ သူသွားပါမယ်။ အခက်အခဲတွေ့မှ ကူညီတဲ့ သူငယ်ချင်းကမှ တစ်ကယ့်သူငယ်ချင်း ကောင်းပါ။ သစ္စာရှိကြေးနော် လို့ပဲ ပြောချင် ပါတယ်

Anonymous said...

အကိုဝင်းဇော်ရေးထားတဲပိုစ့်လေးက တော်တော်လေး တန်ဖိုးရှိတယ်ဗျာ မိတ်ဆွေတွေကြောင့်စီးပွားတက်နိုင်သလို မိတ်ဆွေတွေကြောင့်ပဲ စီးပွားပျက်နိုင်တယ်လေ။ အပေါ်ဆုံးက ၆ ကြောင်းကို ကူးသွားတယ်အကိုဝင်းဇော်။

တောသားကြီး said...

ဟုတ်တယ်အစ်ကိုရေ တကယ်ကောင်းတဲ့ပို့စ်လေးပါ မှတ်သားသွားပါတယ်