Sunday, August 10, 2008

ကွာကွာမားမား Web ကမ္ဘာ (၅၈)


www.codeguru.com

Coding တွေနဲ့ မကင်းကွာ နိုင်သူတွေအတွက် codeguru နဲ့ မိတ်ဆက်ပေး ချင်ပါတယ်။ မိမိအနေနဲ့ IT သမားလား၊ ကွန်ယက်ပိုင်း network သမားလား၊ ရှေ့တန်းရောက်နေတဲ့ webmaster သမားလား၊ Hardware နဲ့ System ပိုင်းကို စိတ်ဝင်စားတဲ့သူလား၊ software ကိုပဲထိုင်ရေးနေတဲ့ Programme သမားလား ဘယ်သူပဲ ဖြစ်ဖြစ် ဒီဝက်ဘ်ဆိုက်က ဗဟုသုတတွေ ဖြစ်စရာတွေ ပါဝင်တာမို့ အသုံးဝင်ပါမယ်။ Coding ပိုင်းနဲ့ ပတ်သက်ပြီး အသားပေး ဖော်ပြထားပါတယ်။ ပရိုဂရမ်မာ များအတွက် Language Coding များ စုံစုံလင်လင် ဖော်ပြထားတာ ကိုလည်း တွေ့ရှိရပါတယ်။ ကျွန်တော်အနေနဲ့ ဥာဏ်မမီလို့ မသုံးတတ်ပေမယ့် အသုံးတည့်မယ့် သူတွေအတွက် မျှဝေလိုက်ပါတယ်။ အားလုံးကို လေးစားလျက်ပါ။

2 comments:

RePublic said...

အင်း ...register လုပ်ပီး ၀င်ဖတ်ကြည့်အုံးမယ်၊၊ နားလည်လို့တော့ မဟုတ်ပါဘူး ၊၊ကျေးဇူးဗျာ ၊၊

little moon said...

စိတ်ဝင်စားစရာ site လေးပဲ။ အခုတော့ မအားသေးဘူး။ မှတ်ထားလိုက်မယ်